Wednesday, December 24, 2008

ဗ---ဗမာ ၇-မျိုး မှ ဗြဟ္မာမျိုး ၄-ပါး။

ဗမာ ၇-မျိုး။ ။ ၎င်းင်း၏ သရုပ် အဓိပ္ပါယ် (မြန်မာ ၇-မျိုး) သုတေသန၌ ကြည့်ပါ။

ဗလ ၅-တန်၊ လူထုထံ၊ အပ်နှံ အစိုးရ။ ။ နိုင်ငံတော် တိုးတက်ကြီးပွား စည်ကားသာယာရေးအတွက် အရေးကြီးသော အားအင် ငါးပါး။
(၁) ကာယ ဗလ- ကိုယ်လက် သန်မာထွားကြိုင်း ဖွံ့ဖြိုးမှု, ကျန်းမာရေး၊
(၂) ဥာဏ ဗလ- ဗဟုဿစ္စ, ၀ိဇ္ဇာ, သိပ္ပံပညာ ပြည့်စုံစွာရှိမှု၊
(၃) ဘောဂဗလ- ပစ္စည်းဥစ္စာ ရတနာရွှေငွေ အထွေထွေသော ပြည်တွင်းထွက် ကုန်ပေါများမှု၊
(၄) စာရိတ္တဗလ- ယဉ်ကျေးမှု ကိုယ်ကျင့်တရား ကောင်းမွန်မြင့်မြတ်မှု၊
(၅) မိတ္တ ဗလ- မိတ်ဆွေနှင့် မဟာမိတ်နိုင်ငံများ ပေါများမှု။

ဗလ ၉-တန်။ ။ ဆန့်ကျင်ဘက်တို့ကြောင့် မတုန်လှုပ်တတ်ကုန်သော ဗိုလ်ထိုက်သည့် တရား ၉-ပါး။
(၁) သဒ္ဓါ ဗလ၊
(၂) ၀ီရိယ ဗလ၊
(၃) သတိ ဗလ၊
(၄) သမာဓိ ဗလ၊
(၅) ပညာ ဗလ၊
(၆) ဟိရီ ဗလ၊
(၇) သြတ္တပ္ပ ဗလ၊
(၈) အ ဟိရီ ဗလ-အရှက်တရား မရှိသူ၊
(၉) အနောတ္တပ္ပ ဗလ- အကြောက်တရား မရှိသူ။


ဗလိ ၅-ဖြာ၊ ရိုသေစွာ၊ လိုက်နာ ပူဇော်ကြ။ ။ ပဥၥဂုၤတၱရ ။ ပါ။ ၃၉ ။႒။ ၂၂-၌ အကျယ်ရှု။ ချမ်းသာတရား တိုးပွားစည်ပင် အောင်မြင်မှုရရှိရေးအတွက် ပူဇော်ပသမှုမျိုး ၅-ပါး။
(၁) ဥာတိ ဗလိ- မျက်မှောက်ရှိ ကိုယ့်လူမျိုးနှင့် သားချင်းမိတ်ဆွေများအား တတ်နိုင်သမျှကြည့်ရှုမ,စ ပေးကမ်းချီးမြှင့်မှု၊
(၂) အတိထိ ဗလိ- လာရောက်ကြသော ဧည့်သည်များအား ကျွေးမွေးပေးကမ်း လှူဒါန်းစောင့်ရှောက် ပြုစုမှု၊
(၃) ပုဗ္ဗပေတ ဗလိ- ဘ၀တပါး ကွယ်လွန်သွားကြကုန်သော မိဘဆွေမျိုးတို့ကို ရည်စူး၍
ကောင်းမှုကုသိုလ်ပြုလုပ်ကာ အမျှပေးဝေမှု၊
(၄) ရာဇ ဗလိ- ကိုယ့်နိုင်ငံတော် ဘုရင်မင်းမြတ်နှင့် အစိုးရအဖွဲ့က ချမှတ်ပညတ် ပေးထားသော အုပ်ချုပ်မှု နည်းဥပဒေ အရပ်ရပ်တို့ကို ရိုသေလိုက်နာ ကျင့်ကြံမှုနှင့် အခွန်အတုတ်များ ပေးဆက်မှု၊
(၅) ဒေ၀ ဗလိ- လောကပါလ သာသနာတော်စောင့်နတ် စသည်တို့အား ပူဇော်ပသ အမျှပေးဝေမှု။

ဗဟိုရ် ၈-ပါး။ ။
မှတ်ချက်- ဗဟိုရ်မဟုတ် "ပဟိုရ်"ဟုသာမှတ်ရမည်၊ ၎င်းင်းသရုပ် (ပဟိုရ် ၈-ပါး)၌ ရှုပါ။ အမှားကိုမသုံးရန်ဖေါ်ပြသည်။

« ဗာ »

ဗာရာဏသီ၊ မြို့ရွှေပြည်၊ ၅-မည်ဇာတ်လာ ဘဇာနည်း?။ ။ စရိယပိဋက အဋ္ဌကထာ အလိုတော်နှင့် ဖြေကြားသည်။
(၁) ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဒနပြည်ကြီး၊
(၂) စူဠသုတသောမဇာတ်၌ သုဒဿန၊
(၃) သောဏနန္ဒဇာတ်၌ ဗြဟ္မ၀ဍ္ဎုန၊
(၄) ခဏ္ဍဟာလဇာတ်၌ ပုပ္ဖ၀တီ၊
(၅) ယုဒ္ဓဉ္ဇယဇာတ်၌ ရမ္မနဂရ။
မှတ်ချက်။ ။ ဤ အမေးကား 'သုရုန္ဒန၊ စသည်ငါးပါး၊ မည်ပြားရှေးခါ၊ ကျော်စောစွာသား၊ ဗာရာဏသီ' ဟူသော သံဝရပျို့နှင့်တကွ 'သုရုန္ဒန၊ နာမပညတ်၊ သုဒဿန၊ ဗြဟ္မ၀ဍ္ဎုနာ၊ ပုပ္ဖာဝတီ၊ သညီခေါ်ထွေ၊ ရမ္မေ နဂရ၊ တွင်ထငါးဖြာ၊ ပြည်ဗာရာကို'ဟူသော အာဒါသမုခ ပျို့လာ စကားရပ်တို့မှ ထုတ်မေးခြင်း ဖြစ်၏။

ဗာရာဏသီ၊ ရှေးအမည်၊ ၆-လီ အဘယ်နည်း?။ ။ ဤပုစ္ဆာကား စန္ဒကုမာရဇာတ်၌ မင်းပူးဆရာတော် ဦးသြဘာသ စကားချပ် သွင်းထားသည့် အောက်ပါ အမည် ၆-ပါးကို ရည်စူးဟန်တူ၏၊ ဗာရာဏသီပြည်သည်။
(၁) ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဒနမည်၏၊
(၂) စူဠသုတသောမဇာတ်၌ သုဒဿန မည်၏၊
(၃) သောဏဒဏ္ဍဇာတ်၌ ဗြဟ္မ၀ဍ္ဎုန မည်၏၊
(၄) စန္ဒကုမာရဇာတ်၌ ပုပ္ဖ၀တီ မည်၏၊
(၅) ယုဒ္ဓဇာတ်၌ ရမ္မမည်၏၊
(၆) သင်္ခဗြဟ္မဏဇာတ်၌ မောဠိနီပြည် မည်၏။
မှတ်ချက်။ ။၎င်းင်းကိုရည်၍ သံဝရပျို့၌ ' သုရုန္ဒန၊ စသည် ၆-ပါး၊ မည်ပြားရှေးခါ၊ ထင်ရှားစွာသား၊ ဗာရာဏသီ၊ ပုရီဝရ၊ ရွှေပြည်မတွင်' ဟု အရှင်ရဋ္ဌသာရဆရာ စပ်ဆိုတော်မူ၏၊ ဤ၌ အချို့ စာပေတို့ဝယ် 'သုရုန္ဒန၊ စသည် ငါးပါး၊ မည်ပြားရှေးခါ' ဟု ပါရှိသည်လည်း တွေ့ရသေး၏။

ဗာလ လက္ခဏာ၊ အင် ၃-ဖြာ၊ မိန့်မှာ မြတ်ဗုဒ္ဓ။ ။ ၎င်းင်း သရုပ်ကို (လူမိုက်လက္ခဏာ၊ အင် ၃-ဖြာ) ဟူသော သရုပ်၌ ရှုပါလေ။

« ဗီ »

ဗီဇဂါမ်မျိုး ၅-ပါး။ ။ ၀ိနည်း ပါစိတ်။ပါ။ ၅၂ ။ဋ္ဌ။ ၂၇-၌ အကျယ်ရှု။ ၀ိနည်းတော်လာ ရဟန်းတို့ မကပ္ပိဘဲ မဘုဉ်းပေး မခူးယူ မဖျက်ဆီး ရသော မျိုးစေ့ဗီဇ ငါးပါး။
(၁) ဗီဇ ဗီဇ- အောင်မြင်သော သစ်စေ့ဟူသမျှ၊
(၂) ခန္ဓ ဗီဇ- ချိုးဖြတ်၍ စိုက်လျှင် ပေါက်ကောင်းသော ပင်စည် အကိုင်းအခက် ဟူသမျှ၊
(၃) မူလ ဗီဇ-နနွင်း, ချင်း စသော ဥ, မြစ် မျိုးစေ့ဟူသမျှ၊
(၄) ဖဠု ဗီဇ- ကြံစ သော အဆစ်မျိုးစေ့ဟူသမျှ၊
(၅) အဂ္ဂ ဗီဇ- ကွမ်း စသော အညွန့်ကို စိုက်ရသည့် မျိုးစေ့ဟူသမျှ။

« ဗု »

ဗုဒ္ဓအပြား မျိုး ၄-ပါး။ ။ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ ၂၄။ တတ်သိလိမ်မာ သူကြီး ၄-ယောက်ဟူ၏။
(၁) သုတ ဗုဒ္ဓ- အကြားအမြင်များ၍ ကျမ်းဂန်၌ လိမ်မာသောသူ၊
(၂) စတု သစ္စ ဗုဒ္ဓ- သစ္စာ လေးပါးကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၊
(၃) ပစ္စေက ဗုဒ္ဓ- သူများကို မသိစေနိုင်, မိမိတကိုယ်တည်းသာ ဆရာမရှိ သစ္စာလေးပါးကို သိတော်မူသော
သီးခြားသိပုဂ္ဂိုလ် ဘုရားငယ်၊
(၄) သမ္မာသမ္ဗုဒ္ဓ- အလုံးစုံ သိတော်မူပြီးသည့် အတုမရှိသော ဘုရားသခင် မြတ်ရှင်ပင်။

ဗုဒ္ဓကိစ္စတော် ၅-ပါး။ ။ စိတ်ဝင်စား ကြည်ညိုဘွယ် အကျယ်ကို သဂါထာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၂၄-၌ ရှုပါ။ လောကသား ကပ္ပါသားတို့အတွက် အကျိုးရှိ ချမ်းသာရေးကိုသာ ရှေးရှုသော ကိစ္စကြီးတို့ ဟူ၏။
(၁) ပုရေ ဘတ္တ ကိစ္စ- နံနက်ခင်း လုပ်ငန်းစု၊
(၂) ပစ္ဆာ ဘတ္တ ကိစ္စ- ဆွမ်းစားပြီးချိန်မှ ညနေခင်းထိ လုပ်ငန်းစု၊
(၃) ပုရိမ ယာမ ကိစ္စ- ညဥ့်ဦးယံ လုပ်ငန်းစု၊
(၄) မဇ္ဈိမ ယာမ ကိစ္စ- သန်းခေါင်ယံ လုပ်ငန်းစု၊
(၅) ပစ္ဆိမ ယာမ ကိစ္စ- မိုးသောက်ယံ လုပ်ငန်းကိစ္စများ။

ဗုဒ္ဓကိစ္စတော် ၅-ပါး၊ တနည်း။ ။
(၁) နေ့ကိုကား လူ၊
(၂) ညမူ ရှေးယာမ်၊ သမယံတည်း၊
(၃) လယ်ယာမ် ရှေ့ဖျား၊ နတ်အများတို့၊ ပြန်သွားတခါ၊ ဗြဟ္မာလာရောက်၊
(၄) နောက်ယာမ် စက်လျောင်း၊ ညောင်းပန်းဖြေဖျောက်၊
(၅) နောက်ပိုင်းရောက်က၊ မြားမြောက် ဝေနေ၊ ကြည့်ရှုလေသည်၊ ပရမေကိစ္စ ငါးပါးတည်း။

ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး။ ။ ဤ၌ သီရိ ဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်တွေလည်း ရှိသေး၏။
(၁) အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊
(၂) ဗျာမပ္ပဘာ- ပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ၀န်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ်တိုင်အောင် ထက်ဝန်းကျင် ၀ိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊
(၄) ကေတု မာလာ ပဘာ- ရောင်လျှံတော် ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက်သော ရောင်ခြည်တော်၊
(၅) ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊
(၆) ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊
(၇) အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ် ဆင်ခြင်တော်မူသောအခါ, တန်ခိုးပြာဋိဟာတို့ကိုပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။

ဗုဒ္ဓစက္ခုတော် ၅-ပါး။ ။
(၁) ဗုဒ္ဓစက္ဓု၊
(၂) ဓမ္မစက္ဓု၊
(၃) ဥာဏစက္ဓု၊
(၄) သမန္တစက္ဓု၊
(၅) ဒိဗ္ဗစက္ဓု။
အကျယ် အဘိဓမ္မာ ဓမ္မသင်္ဂဏီ အဋ္ဌကထာ ၃၄၄-၌ ရှုပါ။

ဗုဒ္ဓဥာဏ်တော် ၁၄-ပါး၊ တနည်း။ ။ ဘုရားမြတ်၏ ဥာဏ်တော် ၁၄-ပါးကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်။ ၁၂၇-၌။
(၁) ဒုက္ခသစ္စာဥာဏ်၊
(၂) သမုဒယဥာဏ်၊
(၃) နိရောဓဥာဏ်၊
(၄) မဂ္ဂသစ္စာဥာဏ်၊
(၅) အတ္ထပဋိသမ္ဘိဒါဥာဏ်၊
(၆) ဓမ္မပဋိ
(၇) နိရုတ္တိ
(၈) ပဋိဘာန ပဋိသမ္ဘိဒါဥာဏ်၊
(၉) ဣန္ဒြိယပရောပရိယတ္တိဥာဏ်၊
(၁၀) အာသယာနုသယ၊
(၁၁) ယမကပါဋိဟာရိယ၊
(၁၂) မဟာကရုဏာသမာပတ္တိ၊
(၁၃) သဗ္ဗညုတဥာဏ်၊
(၁၄) အနာဝရဏဥာဏ်တော်ဟု လာရှိသည်။
သုတ်ပါထိက ဋီကာ။ ၅၄-၌။
မဂ်ဥာဏ်လေးပါး။ ဖိုလ်ဥာဏ်လေးပါး။ အသာဓာရဏဥာဏ်တော် ခြောက်ပါးအားဖြင့် ၁၄-ပါးဟုဆိုထားသည်။

ဗုဒ္ဓဘာသာ၊ ၀င်သူမှာ၊ ၅-ဖြာ ယုံကြည်ချက်။ ။ ၎င်းင်းယုံကြည်ချက် ငါးပါးနှင့်ပြည့်စုံမှ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ကြောင်းကို ဘာသာရေးစာပေတို့၌ ဆိုကုန်၏။
(၁)ဗုဒ္ဓ သဒ္ဒဟန- ဘုရား၌ ယုံကြည်ခြင်း၊
(၂) ဓမ္မ သဒ္ဒဟန- ဘုရား၏တရားတော်၌ ယုံကြည်ခြင်း၊
(၃) သံဃ သဒ္ဒဟန- ဘုရား၏ တပည့်သား သံဃာတော်၌ ယုံကြည်ခြင်း၊
(၄) ကမ္မ သဒ္ဒဟန- ကောင်းကံ, ဆိုးကံ, ခေါ် ကံတရား၌ ယုံကြည်ခြင်း၊
(၅) ကမ္မ ဖလ သဒ္ဒဟန- ထိုကံ ၂-ပါး၏ ကောင်းကျိုး, ဆိုးကျိုး ရမှုကို ယုံကြည်ခြင်း။

ဗုဒ္ဓဘာသာ၊ ၀င်သူမှာ၊ ၈-ဖြာ အင်္ဂါ အဘယ်နည်း?။ ။ မဂ္ဂင် ၈-ပါး, ကိုပင် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်ကြံရသော အင်္ဂါရှစ်ပါးဟု သိပါလေ။

ဗုဒ္ဓဘုရား၊ အား ဆယ်ပါး၊ ထင်ရှား မိန့်တော်မူ။ ။ ၎င်းင်းသရုပ်ကို (အားတော် ၁၀-ပါး)၌ ရှုပါလေ။

ဗုဒ္ဓဘုရား၊ မျိုး ၃-ပါး၊ ကွာခြား ပါရမီ။ ။ ၎င်းင်း ပုစ္ဆာ၏ သရုပ်ကို (ဘုရားအပြား မျိုး ၃-ပါး)၌ ထင်ရှားပြမည်။

ဗုဒ္ဓဘူမိကြီး ၄-ပါး။ ။ ဘုရားဖြစ်နိုင်ရန် အကြောင်း ၄-ပါးဟူ၏။ အင်္ဂုတ္တရအဋ္ဌကထာ ဒု။
(၁) ဥဿဟ-လွန်ကဲသော လုံ့လ, အားထုတ်မှု၊
(၂) ဥမင်္ဂ- လွန်ကဲသော ပညာ, သမ္ပဇဉ်၊
(၃) အ၀တ္ထာန- အဓိဋ္ဌာန်ချက်, စိတ်ပြဋ္ဌာန်းမှု၊
(၄) ဟိတ စရိယ- မေတ္တာဘာဝနာစသည့် စရိယ ၃-ပါး။

ဗုဒ္ဓမြတ်စွာ၊ ၀ါဆိုရာ၊ ဌာနာ-၁၇ အဘယ်နည်း?။ ။ ၎င်းင်းသရုပ်ကို (၀ါတော်ဆိုရာ၊ မြတ်ဗုဒ္ဓါ) ဟူသော ပုစ္ဆာ၌ရှုပါ။

ဗုဒ္ဓမြတ်မွန်၊ ချီးမွမ်းရန်၊ ၃-တန် ကျမ်းမှာရှိ။ ။ အင်္ဂုတ္တိုရ် သီဟသုတ်လာ။
(၁) စရိယ ၀ဏ္ဏ- လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး လူတကာတို့ ပြုနိုင်ခက်လှစွာသော စွန့်ခြင်းကြီးငါးပါး ပါရမီသုံးဆယ်တို့ဖြင့် ဒုက္ကရစရိယာမှု ပြုခဲ့ပုံတွေကို ချီးကျူး ကြည်ညိုလို့ မကုန်နိုင်ရာတဲ့။
(၂) သရီရ ၀ဏ္ဏ- သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် လှပတင့်တယ် သပ္ပါယ်တော်မူပုံတို့ကိုလည်း ချီးကျူးလို့ မကုန်နိုင်ရာတဲ့။
(၃) ဂုဏ ၀ဏ္ဏ- အတိုင်းမသိသော ဘုန်းတော် ကံတော် ဥာဏ်တော် တန်ခိုးတော် ကျေးဇူးတော်တို့၏ ဂုဏ်ကိုလည်း ချီးကျူး၍ မကုန်နိုင်ရာတဲ့၊ ကြည်ညိုစရာတွေ သို့ကလောက်များပြားတော်မူပါပေ၏။

ဗုဒ္ဓ၀စနမျိုး ၃-ပါး။ ။ ဘုရားသခင် ဟောပြောတော်မူခြင်း စကားအစဉ် ၃-ပါး ဟူ၏။
(၁) ပဌမ ဗုဒ္ဓ၀စန- ဘုရားရှင် ရှေ့ဦးစွာ ဆင်ခြင်တော်မူသော 'အနေက ဇာတိ သံသာရံ' စသည့် ဥဒါန်း စကားတော်၊
(၂) ပစ္ဆိမ ဗုဒ္ဓ၀စန- ဘုရားသခင်၏ နောက်ဆုံး ဟောကြားတော်မူခဲ့သည့် 'ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ၀ယ ဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ'ဟူသော စကားတော်၊
(၃) မဇ္ဈိမ ဗုဒ္ဓ၀စန- ၎င်းင်း စကားတော်နှစ်ပါးမှ တပါးသော ၄၅-၀ါ ကာလပတ်လုံး ဟောကြားတော်မူသော ဒေသနာတော်အစုစု။

ဗုဒ္ဓုပ္ပါဒ၊ န၀မ၊ ခဏ ၉-ချက်မြောက်။ ။ ဘုရားသာသနာလျှင် ၉-ခုမြောက်သော ခဏ။ ဗုဒ္ဓုပ္ပါဒ န၀မ ခဏလည်း ခေါ်၏။ လိုရင်းအဓိပ္ပါယ်ကား ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်ရာ ဘုရားသာသနာလျှင် ၉-ခုမြောက် ဟူ၏။

« ဗေ »

ဗေဒင် ၄-ပုံ။ ။ ကာလသုံးပါး၌ဖြစ်ပျက်မှု သဘောတရားများ ဟောကြားသောကျမ်းစာစု။
(၁) သာမ-နေ, လတို့၏သွားရာလမ်းကို ၁၂-ရာသီခွင်ဉပ၍ မည်သည့် ရာသီခွင်၌ မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် အင်္သာ လိတ္တာ, တြင်း, န၀င်း စသည်တို့ဖြင့် ဝေဘန်လျက် ကောင်း, မကောင်းကို ဟောသောဗေဒင်ကျမ်း၊
(၂) ယဇု-မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ့ဖြစ်သော ဘေးရန်အပေါင်းတို့မှ လွတ်ကင်း ပပျောက်ရန် ဂြိုဟ်နက္ခတ်စသည်တို့အား ပူဇော်ပသသောနည်း ယတြာပြုသောနည်းတို့ကိုပြသော ဗေဒင်ကျမ်း၊
(၃) ဣသျှု- နေ, လ ကြတ်ခြင်း၊ နက္ခတ်, တာရာတို့ အသွားမမှန်ခြင်းကြောင့်
ဘေးဥပဒ်ဖြစ်တတ် ပျက်တတ်ခြင်းကိုပြသော ဗေဒင်ကျမ်း၊
(၄) အတပ္ပန- သတ္တ၀ါတို့အား သေကြေ ပျက်စီး ပူပန်အောင်, မီးလောင်, လေတိုက်, မိုးခေါင်, ရေကြီးအောင်နှင့် ဆင်းရဲမှုအမျိုးမျိုး ပြုလုပ်စီရင်နည်းတို့ကိုပြသော ဗေဒင်ကျမ်း။
မှတ်ချက်။ ။၎င်းင်း နံပါတ် ၄-ကို အာထဗ္ဗဏ ရသေ့ စုဆောင်း စီရင်သောကြောင့် 'အာထဗ္ဗဏ' ခေါ်ကြောင်းနှင့် သက္ကဋကျမ်းဟောင်းတို့၌ ဆိုကြ၏။

« ဗော »

ဗောဇ္ဈင် ၇-ပါး။ ။ မဟာဝဂ္ဂ သံယုတ် ။ပါ။ ၆၀။ ဋ္ဌ။ ၁၇၈-၌ အကျယ်ရှု။ ဗောဓိဿ+အင်္ဂါ=ဗောဇ္ဈင်္ဂါ 'ဗောဓိဿ-သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်ç ဖိုလ် ဥာဏ်၏၊ အင်္ဂါ- အကြောင်းတို့တည်း၊ ၀ါ, အစိတ်အပိုင်းတို့တည်း၊ ဗောဇ္ဈင်္ဂါ- သစ္စာလေးပါး သိကြောင်း မဂ်ဥာဏ် ဖိုလ်ဥာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းင်းတို့ကို ပွားစီးစေရသည် ဟူ၏။'
(၁) သတိ သမ္ဗောဇ္ဈင်- အောက်မေ့ခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် 'သတိ စေတသိက်' ၊
(၂) ဓမ္မ ၀ိစယ သမ္ဗောဇ္ဈင်- တရား စီစစ်ခြင်း မဂ်, ဖိုလ် ဥာဏ်အစိတ် 'ပညာ စေတသိက်'၊
(၃) ၀ီရိယ သမ္ဗောဇ္ဈင်- လုံ့လစိုက်ခြင်း မဂ် ဖိုလ်ဥာဏ်အစိတ် '၀ီရိယ စေတသိက်'၊
(၄) ပီတိ သမ္ဗောဇ္ဈင်- နှစ်သက်ခြင်း မဂ် ဖိုလ် ဥာဏ်အစိတ် 'ပီတိ စေတသိက်'၊
(၅) ပဿဒ္ဓိ သမ္ဗောဇ္ဈင်- အေးမြခြင်း မဂ်ဖိုလ်ဥာဏ်အစိတ် ' ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်'၊
(၆) သမာဓိ သမ္ဗောဇ္ဈင်- စိတ်၏တည်ကြည်ခြင်း မဂ်, ဖိုလ် ဥာဏ်အစိတ် 'ဧကဂ္ဂတာ စေတသိက်'၊
(၇) ဥပေက္ခာ သမ္ဗောဇ္ဈင်- လျစ်လျူရှုခြင်း မဂ်, ဖိုလ် ဥာဏ်အစိတ် 'တတြမဇ္ဈတ္တတာ စေတသိက်'။

ဗောဓိပက္ခိယတရား ၃၇-ပါး။ ။ ၀ိသုဒ္ဓိမဂ်၊ ဒု-အုပ်၊ ၃၁၈-၌ အကျယ်ရှု။ ဗောဓိ-သစ္စာလေးပါးကို ကောင်းစွာ သိတတ်သော အရိယာမဂ်၏၊ ပက္ခိယ- အသင်းအပင်း အဖော်သဟဲဖြစ်သော တရားစုများ၊ မဂ်ဥာဏ်၏ ဘက်တော်သား, မဂ်ဥာဏ်၏ အကျိုးကို ရွက်ဆောင်ပေးသောတရား ၃၇-ပါးဟူလို။
(က) သတိပဋ္ဌာန် ၄-ပါး၊
(ခ) သမ္မပ္ပဓာန် ၄-ပါး၊
(ဂ) ဣဒ္ဓိပါဒ် ၄-ပါး၊
(ဃ) ဣနြေ္ဒ ၅-ပါး၊
(င) ဗိုလ် ၅-ပါး၊
(စ) ဗောဇ္ဈင် ၇-ပါး၊
(ဆ) မဂ္ဂင် ၈-ပါး၊
ပေါင်း ၃၇-ပါး။

ဗောဓိမျိုး ၃-ပါး။ ။ သမ္ဘောဓိလည်း ဟူ၏၊ ထေရဂါထာ ။ဋ္ဌ။ ဂ။ သစ္စာတရားစုကို သိခြင်းနည်း ၃-ပါး။
(၁) သမ္မာ သမ္ဗောဓိ- ဆရာမရှိ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိ၍ သူတပါးတို့အားလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား၊
(၂) ပစ္စေက ဗောဓိ- ဘုရားမှ အသီးအခြားဖြစ်သော ဘုရားငယ်တမျိုး၊
(၃) သာဝက ဗောဓိ- ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သားများ။

ဗောဓိမျိုး ၃-ပါး၊ တနည်း။ ။ ဘုရားသခင်၏ ၀ါတော်ဖြင့် ပိုင်းခြားမှုဝေါဟာရ၊ မူလပဏ္ဏာသ အဋ္ဌကထာ။
(၁) ပဌမဗောဓိ- ၀ါတော် ၂၀-ထိ၊
(၂) ဒုတိယဗောဓိ- ၂၁-၀ါ မှ ၃၅-၀ါထိ၊
(၃) တတိယဗောဓိ- ၃၆-၀ါ မှ ၄၅-၀ါထိ။

ဗောဓိမျိုး ၃-ပါး၊ တနည်း။ ။ သာရတ္ထ ဒီပနီဆရာ့အလို၊ ဗောဓိ ၃-ပါးလုံး ၁၅-၀ါစီ အညီအမျှယူ၍ သုံးပါးပေါင်းသော် ၄၅-၀ါ၊ သက်တော်ရှစ်ဆယ်စေ့လျှင် မိမိကိစ္စကို တခုမကျန် ကုန်စင်ပြီးစေလျက် မဟာသက္ကရာဇ် ၁၄၈- ခုနှစ်ဝယ် ငါတို့တတွေကို စွန့်ပယ်၍ နိဗ္ဗာန်လမ်းသို့ စံမြန်းတော်မူခြင်းကိုပင် ဗောဓိ ၃-ပါး ငြိမ်းခြင်းဟူ၏။

ဗောဓိမျိုး ၅-ပါး။ ။ တရားထူး တရားမြတ်ကို ထိုးထွင်း၍ သိနိုင်သူ ငါးပါး။
(၁) သမ္မာ သမ္ဗောဓိ ၃-မျိုး၊
(က) ပညာဓိက သမ္မာ သမ္ဗောဓိ- လေးသင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(ခ) သဒ္ဓါဓိက သမ္မာ သမ္ဗောဓိ- ရှစ်သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(ဂ) ၀ီရိယာဓိက သမ္မာ သမ္ဗောဓိ- တဆယ့်ခြောက်သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(၂) ပစ္စေက ဗောဓိ- နှစ်သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(၃) အဂ္ဂ သာဝက ဗောဓိ- ၁-သင်္ချေနှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ ရှင်သာရိပုတ္တရာç ရှင်မောဂ္ဂလာန် တို့လို အစား၊
(၄) မဟာ သာဝက ဗောဓိ- ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ ညီတော်အာနန္ဒာ, သားတော်ရာဟုလာ, ရှင်မဟာကဿကြီးတို့လို၊ (၅) ပကတိ သာဝက ဗောဓိ- ကပ္ပါအပိုင်းအခြားမရှိ ပါရမီဖြည့်ရသော သာမည ရဟန္တာ အစားမျိုး။

« ဗိုလ် »

ဗိုလ် ၅-ပါး။ ။ မဟာဝဂ္ဂသံယုတ် ။ ပါ။ ၂၁၈ ။ဋ္ဌ။ ၂၈၁။ ပိဋကတ်တော်၌ ဗလ-ခေါ် ဗိုလ်နှင့်စပ်၍ နည်းပေါင်းများစွာ လာရှိသည်၊ အဘိဓမ္မာ၌ ဗိုလ်တပ်သော သဘောတရားများ၊ ကောင်းမှုကုသိုလ် ပြုသောအခါ ထိုငါးပါးကို ဗိုလ်တင်ထားရမည် ဟူ၏။
(၁) သဒ္ဓါ ဗိုလ်၊
(၂) ၀ီရိယ ဗိုလ်၊
(၃) သတိ ဗိုလ်၊
(၄) သမာဓိ ဗိုလ်၊
(၅) ပညာ ဗိုလ်။

ဗိုလ် ၉-ပါး၊ တနည်း။ ။ ဗိုလ်ထိုက်, ဗိုလ်ဆွဲသော ကုသိုလ်, အကုသိုလ်တရားစုများ၊
၎င်းင်းသရုပ် အဓိပ္ပါယ် (ဗလ ၉-တန်) နှင့် တူ၏။

« ဗျ »

ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး။ ။ မူလပဏ္ဏာသ။ဋ္ဌ။ ဒု-အုပ်၊ ၁၀၈။ ၀ိနယသင်္ဂဟ ။ဋ္ဌ။ ၃၉၇။ ကဗျာလင်္ကာ, သီချင်း ဂီတများနှင့် ကမ္မ၀ါ, ဉတ်, သရဏဂုံ ရွတ်ဖတ်ရာ၌ အက္ခရာတို့၏ သံတို, သံရှည်, သံပြင်း, သံလျော့ စသော အပြား ဆယ်ပါးကို သိရှိထားမှု ဥပဒေရပ်များ။
(၁) သိထိလ- လျော့လျော့ညှင်းညှင်း ရွတ်ရသောအက္ခရာ၊
(၂) ဓနိတ- တင်းတင်း ရွတ်ရသောအက္ခရာ၊
(၃) ဒီဃ-သံရှည် ရွတ်ရသောအက္ခရာ၊
(၄) ရဿ- သံတို ရွတ်ရသောအက္ခရာ၊
(၅) ဂရုက- သံလေး ရွတ်ရသောအက္ခရာ၊
(၆) လဟုက- သံပေါ့ ရွတ်ရသောအက္ခရာ၊
(၇) နိဂ္ဂဟိတ- ကရိုင်းကို နှိပ်၍ ရွတ်ရသောအက္ခရာ၊
(၈) သမ္ဗန္ဓ- ပုဒ်ကိုစပ်၍ ချောမောပြေပြစ်စွာ ရွတ်ရခြင်း၊
(၉) ၀ ၀တ္ထိတ-ပုဒ်ကိုဖြတ်၍ ပြတ်ပြတ်သားသား ရွတ်ရခြင်း၊
(၁၀) ၀ိမုတ္တ- ကရိုဏ်းကို လွှတ်၍ ဖွင့်၍ ရွတ်ရခြင်း။

ဗျည်း ၃၃-လုံး။ ။ အနက်ကို မှတ်ကြောင်းဖြစ်သော ပါဠိမြန်မာ သင်္ကေတ မူရင်း ၃၃-လုံး။
" က, ခ, ဂ, ဃ, င၊
စ, ဆ, ဇ, စ်, ည၊
ဋ, ဌ, ဍ, ဎ, ဏ၊
တ, ထ, ဒ, ဓ, န၊
ပ, ဖ, ဗ, ဘ, မ၊
ယ, ရ, လ, ၀၊
သ, ဟ, ဠ, အံ" ဗျည်းဟူ၏။

ဗျည်း ၃၅-လုံး။ ။ ဤ၌ ဗျည်း ၃၅-ဟု မြန်မာမှုအလို ခေါ်ဆိုပြောကြားနေကြသေးသည်ကား " အဲး, အား" ဗျည်း ၂-လုံးကိုပါ ထည့်သွင်း ရေတွက်ကြကုန်၏။

ဗျဘိ, စာရီဘာဝမျိုး ၃၃-ပါး။ ။ ဇာတ်, ၀တ္ထုတို့၌ ပါရှိ စေရမည့် ဌာယီ ဘာဝ ၉-ပါးမှ ပေါက်ဖွားလာသော ဖြစ်လွယ်ပျက်လွယ် ထူးခြားချက် စာပေအလင်္ကာ သဘောစုများ။
နိဗ္ဗေဒ-ငြီးငွေ့ခြင်း၊ တက္က-ကြံစည်ခြင်း၊ သင်္ကာ-ယုံမှားခြင်း၊ သမ-ပင်ပန်းခြင်း၊ သန္တုဋ္ဌိ- ရောင့်ရဲခြင်း၊
ဇဠတာ-မှိုင်တွေခြင်း, မှိန်းခြင်း၊ ဒီနတာ- တကိုယ်တည်း ဆင်းရဲရခြင်း၊ ဥဂ္ဂ-ကြမ်းကြုတ်ခြင်း၊
အလသ-ပျင်းရိခြင်း၊ သုတ္တ-အိပ်စက်ခြင်း၊ (၁၀)
တာသ-ထိတ်လန့်ခြင်း၊ ဂိလာန- အားမရှိခြင်း၊ ဥဿုက္က-လုံ့လရှိခြင်း၊ ဟရိသ- ကြည်ညိုခြင်း၊
သတိ-အောက်မေ့ခြင်း၊ ဣဿာ-ငြူစူခြင်း၊ ၀ိသဒ- မလှုပ်ခြင်း , နွမ်းနယ်ခြင်း၊
အဗဟိတ္တ- ဣနြေ္ဒဟန် ကိုယ်လက် စောင့်စည်းခြင်း၊ ဓိတိ- တည်ကြည်ခြင်း သမာဓိ၊ ဂဗ္ဗ-မာန်မူခြင်း၊ (၂၀)
အပ မာရ- တက်ခြင်း , ၀က်ရူးပြန်ခြင်း၊ မရိသ- သည်းမခံခြင်း ဒေါသ၊ မဒ- စည်းစိမ်ယစ်ခြင်း၊
မတိ- အသိ အမြင် ဥာဏ်ပညာ၊ ဥမ္မာဒ-ရူးသွပ်ခြင်း၊ မောဟ- မိုက်မဲတွေဝေခြင်း၊
ဝိဗောဓ- မအိပ်စက်နိုင်ခြင်း၊ နိဒ္ဒါ-အိပ်ပျော်ခြင်း, အိပ်ငိုက်ခြင်း၊ အာဝေဂ- မျက်စိတွေဝေခြင်း, စိတ်ထင် မှားခြင်း၊
သဗိဠ-ရှက်ခြင်း၊ (၃၀) မရဏ- သေခြင်း၊ သစပလျ- လျှပ်ပေါ်လော်လည်ခြင်း၊ ဗျာဓိ-ဖျားနာခြင်း, အနာရောဂါ (၃၃)။

ဗျသနတရား ၅-ပါး။ ။ နိဒါန၀ဂ္ဂသံယုတ် ။ပါ။ ၃၈၈။ဋ္ဌ။ ၁၄၆။ ပျက်စီးခြင်း တရား ၅-ပါး၊ ထို ၅-ပါးတို့တွင် အမှတ် ၁, ၂, ၃ တို့ကြောင့် သတ္တ၀ါတို့အား အပါယ်လေးပါးသို့ မလားရောက်စေကုန်၊ သီလ ဗျသန, ဒိဋ္ဌိ ဗျသန, နှစ်ပါးကြောင့်ကား သတ္တ၀ါတို့ အပါယ်လေးပါးသို့ လားရောက်ကြကုန်၏။
(၁) ဥာတိ ဗျသန- ဆွေမျိုးပျက်စီးခြင်း၊
(၂) ဘောဂ ဗျသန- စီးပွားဥစ္စာ ပျက်စီးခြင်း၊
(၃) ရောဂ ဗျသန- အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း၊
(၄) သီလ ဗျသန- ကောင်းသော အကျင့် အလေ့ သီလပျက်စီးခြင်း၊
(၅) ဒိဋ္ဌိ ဗျသန- ကောင်းမှန်သော ဘာသာအယူ ပျက်စီးခြင်း။

ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ရာသော အရပ် ၁၈-ပါး။ ။ နိယတဗျာဒိတ် ခံယူပြီးသော ဘုရားအလောင်းတို့ မဖြစ်ကောင်းတော့သော အကြောင်းဌာနများ (၁၈)ပါး ဟူ၏၊ အကျယ်ကို ဗုဒ္ဓ၀ံသအဋ္ဌကထာ ၃၁၆။ သုတ္တနိပါတ်။ဋ္ဌ။ ပ-အုပ်။၄၅။အဋ္ဌသာလိနီ။ ၇၁-တို့၌ ရှုပါကုန်။
(၁) န ဇစ္စန္ဓ- ပဋိသန္ဓေမှ မကန်းခြင်း၊
(၂) န ဇစ္စ ဗဓိရ- ပဋိသန္ဓေမှ နားမပင်းခြင်း၊
(၃) န ဥမ္မတ္တက- မရူး မပေါ မသွပ်ခြင်း၊
(၄) န ဧလမူဂ- အရိယိုခြင်းမရှိ၊
(၅) န ပိဓ သိပ္ပိ-မဆွန့် မအခြင်း၊
(၆) န မိလက္ခုဇာတိ-မိလက္ခုမျိုး၌ မဖြစ်ခြင်း၊
(၇) န ဒါသိ- ကျွန်မ၀မ်း၌ မ၀င်၊
(၈) န နိယတ မိစ္ဆာဒိဋ္ဌိ-၎င်းင်းအယူဝါဒ မရှိ၊
(၉) န လိင်္ဂ ပရိဝတ္တန- လိင်အသွင်မပြန်ခြင်း၊
(၁၀) န ပဉ္စာနန္တရိယ ကမ္မ-၎င်းင်းကံများ မပြုခြင်း၊
(၁၁) န ကုဋ္ဌိက- နူနာဖြစ်တော်မမူခြင်း၊
(၁၂) န တိရစ္ဆာန ယောနိယံ ၀ဋ္ဋကတော- တိရစ္ဆာန်မျိုး၌ ငုံးအောက် အငယ် ဆင်ထက် အကြီး ဖြစ်တော်မမူခြင်း၊
(၁၃) န ခုပ္ပိပါသိက, နိဇ္ဈာမတဏှိက ပေတ, ကာလကဉ္စိက သူရေသု- ခုပ္ပိပါသိကပြိတ္တာ, နိဇ္ဈာမတဏှိကပြိတ္တာ,
ကာလကဉ္စိက အသူရာမျိုးတို့၌ မဖြစ်ခြင်း၊
(၁၄) န အ၀ီစိနိရယ လောကန္တရေသု- အ၀ီစိနိငရဲ လောကန္တရိက် ငရဲတို့၌ မဖြစ်ခြင်း၊
(၁၅) ကာမာဝစရေ န မာရော- ကာမာဝစရနတ်တို့တွင် မာရ်နတ် မဖြစ်ခြင်း၊
(၁၆) န အသညီတသုဒ္ဓါဝါသ ဘဝေသု- ရူပဘုံတွင် အသညသတ် သုဒ္ဓါဝါသ ဘုံတို့၌ မဖြစ်ခြင်း၊
(၁၇) န အရူပ ဘဝေသု- အရူပဘ၀တို့၌ မဖြစ်ခြင်း၊
(၁၈) န အည စက္က၀ါဠ- ဤစကြ၀ဠာမှ တခြားသော စကြ၀ဠာတို့၌ ပြောင်း၍ ဖြစ်တော်မမူခြင်း။

ဗျာဒိတ်ရကြောင်း အင်္ဂါ ၈-ပါး။ ။ ဥပရိပဏ္ဏာသ ။ဋ္ဌ။၈၆။ ပါရာဇိကဏ် အဋ္ဌကထာ ၁၂၇။ ဗုဒ္ဓလောင်းလျာတို့ နိယတ ဗျာဒိတ် ရခြင်း၏ အကြောင်းအင်္ဂါ ၈-ပါး။
(၁) မနုဿဇာတိ- လူ့ဘုံ လူ့ရပ် လူတို့ဇာတ်မှ လူကဖွားလစ် လူသားစစ်စစ် ဖြစ်ရခြင်း၊
(၂) လိင်္ဂ သမ္ပတ္တိ- ပဏ္ဍုက်မျိုး ၅-ပါးတွင် မ၀င်မပါ သမ္ဘာထူးလစ် ယောက်ျားအစစ် ဖြစ်ရခြင်း၊
(၃) ဟေတု- ထိုဘ၀နှင့်အားထုတ်သွားလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကိုရနိုင်လောက်သော စွမ်းအားအကြောင်းရှိခြင်း၊
(၄) သတ္ထာရ ဒဿန- မြတ်စွာဘုရားသခင်တို့ကို ကိုယ်တိုင်မျက်မှောက် ဖူးတွေ့ရခြင်း၊
(၅) ပဗ္ဗဇ္ဇာ- အိမ်မှထွက်လှမ်း တောစခန်း၌ ရသေ့ရဟန်း အဖြစ်ဖြင့် နေခြင်း၊
(၆) ဂုဏသမ္ပတ္တိ- ဈာန် အဘိညာဉ် တန်ခိုးဂုဏ်နှင့် ပြည့်စုံရခြင်း၊
(၇) အဓိကာရ- ကိုယ်နှင့် အသက် မငဲ့ကွက်ဘဲ စွန့်ပစ်ပယ်ခွါ၍ ဘုရားဆုကိုသာ လိုလားပန်ဆင်ခြင်း၊
(၈) ဆန္ဒတာ- ဘုရားဖြစ်လိုက ငရဲ၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ခံရမည်ဆိုလျှင် ရဲဝံ့စွာခံ၍ ရယူလိုလားသော မဟာဆန္ဒရှိခြင်း။

ဗျာဒိတ်ရပြီး ပုဂ္ဂိုလ်ကြီး ၁၀-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ်ကို (ရင့်မှာတကျိပ်) ၌ ပြမည်။

ဗျာပါဒ အင်္ဂါ ၂-ပါး။ ။ ၎င်းင်း (ဒေါသစိတ်) မနောကံမြောက်မှု အင်္ဂါ ၂-ပါး။
(၁) ပရသတ္တ-မိမိမှ တပါးသော သတ္တ၀ါဖြစ်ရခြင်း၊
(၂) တဗ္ဗိနာသန စိန္တနံ-ထို သတ္တ၀ါကို ပျက်စီးမှု ကြံစည်ခြင်း။

« ဗျူ »

ဗျူဟာမျိုး ၃-ပါး။ ။ စစ်တိုက် စစ်ဆင်နည်း ပရိယာယ် ၃-ပါး။
(၁) စက္က ဗျူဟာ- စက်ဝန်း, ပစောက်, လခြမ်း, ပုံစံ လှည့်၍ ထိမိအောင်စစ်ဆင်ခြင်း၊
(၂) သကဋ ဗျူဟာ- လှည်းဦးကဲ့သို့ အလည်ရှူး၍ တောင်ပံနှစ်ဖက်ဖြန့်ကာ တရှူးထိုး စစ်ဆင်ခြင်း၊
(၃) ပဒုမ ဗျူဟာ- ပဒုမ္မာ ကြာချပ်ကဲ့သို့ အထပ်ထပ် ချ၍ ထွက်ပေါက် မရအောင်စစ်ဆင်ခြင်း။

ဗျူဟာမျိုး ၂၉-ပါး။ ။ ၎င်းင်း အကျယ် အဓိပ္ပါယ်ကို (စစ်ဆင်စစ်ထိုး ၂၉-မျိုး) ၌ ရှုပါလေ။

« ဗျော »

ဗျောသာမျိုး ၃-ပါး။ ။ တြိကဋုက် ၃-ပါးကို ဆေးကျမ်းတို့၌ "ဗျောသာ ၃-ပါး"ဟုစီကုံးရေးသားကြ၏။

« ဗြ »

ဗြဟ္မစရိယ ကောမာရ သီလမျိုး ၅-ပါး။ ။ ဗြဟ္မစရိယ ပဉ္စမက သီလလည်းဟူ၏။ လူပျို, အပျိုတို့ စောင့်သုံးကြသည်။
(၁) ပါဏာတိပါတာ ဝေရမဏိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(၃) မုသာဝါဒါ ဝေရမဏိ၊
(၄) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(၅) အဗြဟ္မစရိယာ ဝေရမဏိ။

ဗြဟ္မစရိယတရား ၄-ပါး။ ။ ဗြဟ္မစိုရ်တရား လေးပါး၊ မြတ်သောအကျင့် ၄-မျိုးဟု အဓိပ္ပါယ်ရသည်။
(၁) မေတ္တာ- မိမိကိုယ်နှင့်အမျှ ချစ်ခြင်း၊
(၂) ကရုဏာ- ဆင်းရဲသူကို သနားခြင်း၊
(၃) မုဒိတာ- ချမ်းသာသူအတွက် ၀မ်းမြောက်ခြင်း၊
(၄) ဥပေက္ခာ- ဆင်းရဲချမ်းသာ ထိုနှစ်ဖြာတို့၏ အကြား၌ စိတ်ဓာတ်ကို ထားခြင်း၊ သောကကင်းဝေး နေနိုင်ရေးတရား။

ဗြဟ္မစရိယတရား ၁၀-ပါး။ ။ ၎င်းင်း၏ သရုပ်အဓိပ္ပါယ် (သုစရိုက် တရား ၁၀-ပါး) နှင့် အတူတူပင်ဖြစ်၏။

ဗြဟ္မစရိယ ပဉ္စမက သီလ။ ။ ဗြဟ္မစရိယ ကောမာရသီလကိုပင် အချို့နေရာ၌ ' ဗြဟ္မစရိယ ပဉ္စမက သီလ' ဟူသော အမည်ဖြင့် လာရှိ၏၊ အဓိပ္ပါယ်အတူတူပင်။

ဗြဟ္မစရိယာ၊ မေထုနာ၊ ၄-ဖြာ ကိစ္စသိ။ ။ မေထုန်မှုမှ ကြဉ်ရှောင်ခြင်းကိစ္စ ၄-မျိုး ဟူ၏။
(၁) မေထုန ၀ိရတိ ဗြဟ္မစရိယ- လူပုဂ္ဂိုလ်တို့ အဗြဟ္မစာရီ သိက္ခာပုဒ် ဆောက်တည်ခြင်း၊
(၂) သမဏ ဓမ္မ ဗြဟ္မစရိယ- ရဟန်းတော်တို့ ၀ိနည်းတရားလာ ပဌမ ပါရာဇိက၊
(၃) သာသန ဗြဟ္မစရိယ- ဗုဒ္ဓ အဆုံးအမ ခံယူသူအားလုံးတို့ မေထုန်မှ လိုက်နာ ကြဉ်ရှောင်မှု၊
(၄) မဂ္ဂ ဗြဟ္မစရိယ- အရိယာမဂ်ဖြင့် မေထုန်မှုအကျင့်ယုတ်တို့ကို လုံးဝပယ်ဖြတ်မှု။

ဗြဟ္မစရိယာ၊ ယင်းသဒ္ဒါ၊ ၁၀-ဖြာ အနက်ဟော။ ။ အဘိဓာန် ကျမ်းလာ ဗြဟ္မစရိယ သဒ္ဒါ၏ အနက် ဆယ်ချက်ကိုဆိုသည်။
(၁) ဒါနသ္မိံ- အလှူဒါန၌ ၎င်းင်း၊
(၂) အပ္ပမညာသု- အပ္ပမညာ တရား ၄-ပါးတို့၌ ၎င်းင်း၊
(၃) သာသနေ- ဘုရားရှင်၏ အဆုံးအမတော်၌ ၎င်းင်း၊
(၄) မေထုနာရတိယံ- မေထုန်မှ ကြဉ်ခြင်း၌ ၎င်းင်း၊
(၅) ဝေယျာဝစ္စေ- ဝေယျာဝစ္စကုသိုလ်၌ ၎င်းင်း၊
(၆) သ ဒါရတုဋ္ဌိယံ-မိမိမယားဖြင့်သာ တင်းတိမ်မှု၌ ၎င်းင်း၊
(၇) ပဉ္စသီလေ- ငါးပါးသီလ၌ ၎င်းင်း၊
(၈) အရိယမဂ္ဂေ- အရိယာမဂ်၌ ၎င်းင်း၊
(၉) ဥပေါသထင်္ဂေ-ဥပုသ်သီလ အင်္ဂါ၌ ၎င်းင်း၊
(၁၀) ဓိတိယံ- လုံ့လ ဥဿာဟ၌ ၎င်းင်း ဖြစ်၏။

ဗြဟ္မဏခေါ်၊ အင် ၃-ဘော်၊ မိန့်တော်မူ ဘုရား။ ။ ၎င်းင်းသရုပ်ကို တတိယ နံမော်ဆရာတော်ဘုရား၏ 'တပေါ, သုတိ, ယောနိ, ဟူသည်၊ သုံးအင်တည်မှ၊ အမည်ဗြဟ္မဏ၊ ဟူစရသို့၊ ဗုဒ္ဓသည်းချာ၊ တော်တို့မှာလည်း၊ အင်္ဂါသုံးတန်၊ ဂုဏ်တန်ခွန်ကို၊ စိုက်ဝှန်စွင့်စွင့်၊ လွှားစတင့်မှ၊ သမဏတည့်' ဟူသောဆုံးမစာဖြင့်သိ။ တပေါ, သုတိ, ယောနိ, တို့၏ အဓိပ္ပါယ် အဖွင့်ကား၊
တပေါ- မြတ်သော အကျင့်တရားရှိခြင်း၊
သုတိ- ဗေဒင်ကျမ်းအတတ်, အကြားအမြင် များခြင်း၊
ယောနိ- ဗြဟ္မဏမျိုးဇာတ် စစ်ခြင်း။

ဗြဟ္မဏအစစ်ဖြစ်ကြောင်း အင်္ဂါ ၇-ပါး။ ။ အဇပါလ-သတ္တာဟ ဟုံဟုင်္ကပုဏ္ဏားမေးလျှောက်ခန်း၌ ရှုပါ။
(၁) ဗာဟိတ ပါပဓမ္မော-မကောင်းမှုကို အပပြုပြီး ဖြစ်ခြင်း၊
(၂) နိ ဟုံဟုင်္ကော-တဟုန်းဟုန်း မာန်မူမှုမှ ကင်းစင်ခြင်း၊
(၃) နိက္ကသာဝေါ-ကိလေသာ အစွန်းအငြိမှ ကင်းစင်ခြင်း၊
(၄) ယတတ္တော-သီလစောင့်ထိန်း၍ သမထ ၀ိပဿနာ နှစ်ဖြာသောအကျင့်ရှိခြင်း၊
(၅) ဝေဒန္တဂူ- အရဟတ္တဖိုလ် (နိဗ္ဗာန်)သို့ ရရောက်ပြီးခြင်း၊
(၆) ၀ုသိတ ဗြဟ္မစရိယ-မှန်ကန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊
(၇) ဥဿဒါ နတ္ထိ- ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိဟူသော ဥဿဒတရား ငါးပါးမရှိခြင်း၊ ဤတရားခုနစ်ပါးနှင့် ပြည့်စုံသူကို ဗြဟ္မဏဟု ခေါ်သည် ဟူ၏။

ဗြဟ္မ ၀ိဟာရတရား ၄-ပါး။ ။ ဗြဟ္မာမင်းတို့၏ နေခြင်း ကျင့်ခြင်း တရား လေးပါး။ သရုပ် ဗြဟ္မစိုရ် နှင့်တူ၏။

ဗြဟ္မာ ၂၀။ ။ ဗြဟ္မာဘုံ နှစ်ဆယ် ဟူ၏။
(က) ရူပဗြဟ္မာ ၁၆-ဘုံ၊
(ခ) အရူပဗြဟ္မာ ၄-ဘုံ၊
ပေါင်း ၂၀-ကို ခေါ်သည်။

ဗြဟ္မာစွဲ ၀ါဒကြီး ၄-ပါး။ ။ ထာဝရဘုရား ခေါ် ဗကဗြဟ္မာကြီး၏ မိစ္ဆာဝါဒကြီး လေးပါး၊ ဗြဟ္မဇာလသုတ် အဋ္ဌကထာမှ။
(၁) ထာဝရမြဲနေ၏ဟု ယူခြင်း၊
(၂) မဟာဗြဟ္မာဘုံ၊ သို့မဟုတ် ကောင်းကင်ဘုံမှ တပါး ကျွတ်လွတ်ရန် မရှိဟု ယူခြင်း၊
(၃) လောကကို ဗြဟ္မာခေါ် ထာဝရဘုရား ဖန်ဆင်းသည်ဟု ယူခြင်း၊
(၄) မဟာဗြဟ္မာကြီးပင် ထာဝရဘုရားရှင်ဟု ယူခြင်း။

ဗြဟ္မာမင်း ဦးခေါင်းပိုက် နတ်သ္မီး ၇-ပါး။ ။ လောကီဗေဒင် သက္ကရာဇ်, သင်္ကြန်, အတ္ထုပ္ပတ်တို့၌လာသည့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို တနှစ်တကြိမ် အလှည့်ကျ ပိုက်ထားရသော နတ်သမီးများဟူ၏၊ ၎င်းင်းကိုပင် သက္ကရာဇ်ဦးခေါင်းလည်း ခေါ်သေး၏။
(၁) နန္ဒာ နတ်သ္မီး၊
(၂) ကညာ နတ်သ္မီး၊
(၃) ဓံသီ နတ်သ္မီး၊
(၄) ဂေါရဿာ နတ်သ္မီး၊
(၅) မဟောရကာ နတ်သ္မီး၊
(၆) ပြောက်ကာ နတ်သ္မီး၊
(၇) ရဿကာ နတ်သ္မီး။

ဗြဟ္မာမျိုး ၄-ပါး။ ။ ရုပ်, နာမ်နှင့် အကျင့်တရားလိုက်၍ အမျိုး ၄-ပါးဖြစ်သည်။
(၁) ရူပဗြဟ္မာ-ရုပ်, နာမ် ၂-ပါးရှိသည်၊
(၂) အရူပဗြဟ္မာ- နာမ်သက်သက်သာ ရှိသည်၊
(၃) အသညသတ် ဗြဟ္မာ- ရုပ်သက်သက်သာ ရှိသည်၊
(၄) သုဒ္ဓါဝါသ ဗြဟ္မာ- အရိယာ သက်သက်သာရှိသည်။

No comments:

Post a Comment