Wednesday, December 24, 2008

ဘ---ဘကြီးတော်ခေါ်၊ မှ ဘွဲ့ထူးဂုဏ်ရည် ၁၁-မျိုး။

ဘကြီးတော်ခေါ်၊ မင်းမြတ်ကျော်၊ မည်တော် ၆-ပါးလာ။ ။ ကုန်းဘောင်မင်း ၁၁-ဆက်တွင် ၇-ဆက်မြောက် မင်းတရားကြီးဖြစ်၍ ရာဇ၀င်တို့၌ အောက်ပါ အမည်တော် ၆-ပါးတို့နှင့် ထင်ရှားခဲ့လေသည်။
(၁) ဘကြီးတော်ဘုရား-ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ဘကြီးတော် ဖြစ်သောကြာင့်တည်း၊
(၂) စစ်ကိုင်းမင်း-မင်းသားငယ်ဘ၀က စစ်ကိုင်းမြို့ကို စားရသောကြောင့်တည်း၊
(၃) နောင်တော်ကြီး-သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း လည်းခေါ်သည့် ရွှေဘိုမင်းတြား၏နောင်တော်ဖြစ်သောကြောင့်တည်း၊
(၄) ဖလ်နန်းရှင်, မှန်နန်းရှင်- နန်းတော်ကြီး၌ ဖလ်, မှန်တွေ အလွန်များသောကြောင့်တည်း၊
(၅) ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတြားကြီး၊
(၆) ဆင်ဖြူ့ရှင်- နန်းစံ ၁၈-နှစ်တိုင်တိုင် ဘုန်းတန်ခိုးကြီးလျက် ဆင် ရတနာများစွာ ဆက်သခံရသောကြောင့်တည်း။

ဘယ်သံခေါ်လှစ်၊ မျိုး ၁၈၊ ၀ါ, ဂီ, နစ်, မှာသုံး။ ။ ကဗျာလင်္ကာရွတ်ဖတ်ရာ၌ သာသာအေးအေး အားထုတ်မှုများများ မပေးရဘဲ ရွရွကလေး ရွတ်ဆိုရသော အသံမျိုးကို "ဘယ်သံ, သက်သံ, ချသံ, အောက်သံ, သံမ, အောက်မြင့်သံ" စသည် ခေါ်ကြ၏၊ အကျယ် ကဗျာဖွဲ့နည်း နိသျည်းကျမ်း၌ ရှုလေ၊ "အ, ဣ, ဥ, ဧ, သြော့, အိံ့, အဥ့်, အည့်, အန့်, အမ့်, အိန့်, အိမ့်, အုန့်, အုမ့်, အယ့်, အောင့်, အိုင့်, အိုဝ့်" တို့ဖြစ်ကြ၏။

ဘ၀ ၂-ပါး။ ။ အဘိဓမ္မာ ဝေါဟာရ။
(၁) ကမ္မ ဘ၀-ပြုလုပ်သမျှ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စေတနာများ၊
(၂) ဥပပတ္တိ ဘ၀-ထိုကုသိုလ် အကုသိုလ်ကံတို့ကြောင့် နောက်ဘ၀၌ ဖြစ်သော ပဋိသန္ဓေ၀ိညာဉ် ကမ္မဇရုပ်များ။

ဘ၀ ၃-ပါး။ ။ တိကင်္ဂုတ္တရ ။ပါ။ ၂၂၄ ။ဋ္ဌ။ ၂၀၄။ ဘ၀သုံးစုံ ဘုံသုံးဘုံ, ဘ၀သုံးရပ် ဘုံသုံးထပ်, လည်း ဟူ၏။
(၁) ကာမ ဘ၀- ကာမ ပဋိသန္ဓေ ၁၀-ဟူသော ၀ိပါက်, ခန္ဓာ, ကဋတ္တာရုပ်များ၊
(၂) ရူပ ဘ၀-ရူပ ပဋိသန္ဓေ ၆-ခုဟူသော ၀ိပါက်, ခန္ဓာ , ကဋတ္တာရုပ်များ၊
(၃) အရူပ ဘ၀- အရူပပဋိသန္ဓေ ၄-ခု ဟူသော ၀ိပါက်ခန္ဓာ။

ဘ၀ ၃-ပါး။ တနည်း။ ။ အမြတ်ဖြစ်သော လူ့ဘ၀, နတ်ဘ၀, ဗြဟ္မာ့ဘ၀, ကိုလည်းအချို့နေရာ၌ ယူနိုင်၏။

ဘ၀ကြီး ၉-ပါး။ ။ အဘိဓမ္မာဝိဘင်း ပါဠိတော် ၁၄၃။ဋ္ဌ။ ၁၇၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုး ဖြစ်သော ဘ၀အပြားကို ခေါ်ဆိုသည့် အဘိဓမ္မာနည်း။
(၁) ကာမ ဘ၀- ကာမ၀ိပါက် စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်များ၊
(၂) ရူပ ဘ၀- ရူပ ၀ိပါက် ၅-ခု၊ စက္ခု, သောတ, သမ္ပဋိစ္ဆိုန်းဒွေး, သန္တီရဏ ၃-ခု၊
ဝိရတီ ကြဉ်သော စေတသိက် ၃၅-ပါး၊ ဘာဝရုပ်၊ ဃာန, ဇိဝှါ, ကာယ ကြဉ်သော ကမ္မဇရုပ်များ၊
(၃) အရူပ ဘ၀- အရူပ ၀ိပါက် စိတ္တုပ္ပါဒ်စု၊
(၄) သညာ ဘ၀- နေ၀သညာ နာသညာ ယတနစိတ် ကြဉ်သော လောကီ ၀ိပါက် စိတ္တုပ္ပါဒ်နှင့်တကွ ကမ္မဇရုပ်များ၊
(၅) အသညာ ဘ၀-ဇီဝိတ န၀က ရုပ်ကလာပ်၊
(၆) နေ၀သညာ နာသညာ ဘ၀-နေ၀သညာ နာသညာ ယာတန စိတ္တုပ္ပါဒ်၊
(၇) ဧကဝေါကာရ ဘ၀- ဇီဝိတန၀က ရုပ်ကလာပ် 'ခန္ဓာတပါးဘ၀'၊
(၈) စတုဝေါကာရ ဘ၀- အရူပ၀ိပါက် စိတ္တုပ္ပါဒ် 'ခန္ဓာ ၄-ပါးဘ၀'၊
(၉) ပဉ္စ ဝေါကာရ ဘ၀- ကာမ၀ိပါက် ရူပ ၀ိပါက် , စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်စု 'ခန္ဓာ ၅-ပါး ဘ၀'။

ဘ၀ဂ် ၃-ပါး။ ။ အနုဋီကာလာ
ဝေဟပ္ဖိုလ်ဘုံ, အကနိဋ္ဌဘုံ, နေ၀သညာ နာသညာယတန ဘုံတို့၏ အမည် ၃-မျိုး၊ ဘ၀၏ အမြင့်ဆုံး ဘုံဌာနများဟူ၏။
(၁) ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'ပုထုဇ္ဇနဘ၀ဂ'၊
(၂) အကနိဋ္ဌဘုံကို အရိယာတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'အရိယာဘ၀ဂ်'၊
(၃) နေ၀သညာ နာသညာယတနဘုံကို ပုထုဇဉ်အရိယာ နှစ်ဖြာသောသူတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'သဗ္ဗဘ၀ဂ်' ဟုမှတ်၊ ၎င်းင်းကိုပင် 'ဘူမိဘ၀ဂ်' ဟုလည်း ခေါ်၍ ဘ၀ဂ်မျိုး ၄-ပါး မှတ်ရာ၏။

ဘ၀ဂ် ၃-ပါး၊ တနည်း။ ။
ဝေဟပ္ဖိုလ်ဘုံ၊
အကနိဋ္ဌဘုံ၊
နေ၀သညာ နာသညာယတနဘုံ၊
၎င်းင်းဘုံသုံးပါးသို့ရောက်သော အနာဂါမ် ပုဂ္ဂိုလ်များသည် တခြားဘုံဘ၀သို့ မသွားတော့ပဲ ထို ၃-ဘုံ၌ပင် ပရိနိဗ္ဗာန်စံသောကြောင့် ဘ၀၏အထွတ်အထိပ် အဆုံး ဘ၀ဂ်ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ဆို၏။

ဘ၀င်လေမျိုး ၁၂-ပါး။ ။ ရင်ကို အများဆုံး ဒုက္ခပေးတတ်သောလေများ၊ ၎င်းင်းသရုပ် (လေမျိုး ၈၀) «ဂ» ပိုဒ်၌ရှုပါလေ။

ဘ၀င်မြင့်ကြောင်း တရား ၉-ပါး။ ။ ဇိန်ယစ် မာန်တက်ခြင်း တရားများဟူ၏၊ အကျယ် ဣတိဝုတ္တက ။ပါ။၂၇၀။ဋ္ဌ။၃၂၅ နှင့် ပဉ္စင်္ဂုတ္တရ ။ပါ။ ၆၃ ။ဋ္ဌ။ ၂၈-စသည်တို့၌ ရှုပါ။
(၁) ဇာတိ မဒ-ဇာတ်ကိုစွဲ၍ မာန်တက်၊
(၂) ဂေါတ္တ မဒ- မျိုးနွယ်ကိုစွဲ၍
(၃) သိပ္ပ မဒ- အတတ်ပညာကိုစွဲ၍
(၄) အာရောဂျ မဒ- အနာရောဂါကင်းမှုကိုစွဲ၍
(၅) ယောဗ္ဗ မဒ-အရွယ်ပျိုနုခြင်းကိုစွဲ၍
(၆) ဇီဝိတ မဒ-အသက် ရှည်ခြင်းကိုစွဲ၍
(၇) ၀ဏ္ဏ(ရူပ) မဒ-အဆင်းလှခြင်းကိုစွဲ၍
(၈) သောဘဂ္ဂ မဒ-ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍၊
(၉) ပရိဝါရ မဒ-ကျော်စောသတင်းခြံရံများခြင်းကိုစွဲ၍ ဘ၀င်မြင့် မာန်တက်ခြင်း၊ ၎င်းင်းမာန်တက်ခြင်း ဘ၀င်မြင့်ခြင်းတို့ကို ရှောင်ရှားရမည်ဟု ဘုရားရှင် ဟောကြား ဆုံးမတော်မူသည်။

« ဘာ »

ဘာဝ ၃-ပါး၊ ကွေကွင်းငြား၊ လူသား စည်းစိမ်ပါ။ ။
နာနာဘာဝ, ၀ိနာဘာဝ, အညထာဘာဝ, တို့၏ ကွေကွင်းကွဲကွာရပုံ အဓိပ္ပါယ်စုံနှင့် သရုပ်တို့ကို
( ကွေကွင်းကွဲကွာရခြင်း ဘာဝတရားမျိုး ၃-ပါး) ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။

ဘာဝနာ ၂-ပါး။ ။ ကုသိုလ်စိတ်ကို တိုးတက်ပွားများစွာ ဖြစ်စေတတ်သော တရားသဘော ၂-ပါး။
(၁) သမထ ဘာဝနာ-ဈာန်ရမှုလုပ်ငန်းစု တရားနည်းများ၊
(၂) ၀ိပဿနာ ဘာဝနာ- နိဗ္ဗာန်ရမှု လုပ်ငန်းစု ဆိုင်ရာလက္ခဏာများ။

ဘာဝနာ ၃-ပါး။ ။ သတ္တ၀ါတို့သန္တာန်၌ ပွားများစေရမည့် တရားသုံးပါး။
(၁) ပရိကမ္မ ဘာဝနာ- တစုံတခုသော ကမ္မဋ္ဌာန်းကို အာရုံပြု၍ အထက်အထက် ဘာဝနာသို့တက်ရန် ရှေးဦးစွာ စတည်စီးဖြန်းမှု, ပွားများစေမှု အခြေဉပအုဌ်မြစ်ဖြစ်သော ဘာဝနာ၊
(၂) ဥပစာရ ဘာဝနာ-အိမ်၏အနီးအပါး ဖြစ်သော အရှေ့အရပ်ကို အိမ်ရှေ့ဥပစာ ခေါ်သကဲ့သို့ အပ္ပနာဘာဝနာ၏ အနီးအပါး ဖြစ်သော ဈာန်၏ 'ရှေ့နားက' ဘာဝနာ၊
(၃) အပ္ပနာဘာဝနာ- ဥပစာရ ဘာဝနာထက် ခိုင်မြဲ၍ လွန်ကဲ ထူးမောက်စွာ အာရုံ၌ တည်နေသော ဈာန်တရားများ။

ဘာဝနာ ၄၀ ။ ။ ပဋိသမ္ဘိဒါမဂ်။ပါ။၄၁၁။ဋ္ဌ။ဒု-အုပ် ၃၁၆-၌ အကျယ်ရှု။ မိမိတို့ ခန္ဓာကိုယ်၌ အဖန်တလဲလဲ ပွားများသုံးသပ် ဆင်ခြင်ဘွယ်လေးဆယ်။
အနိစ္စတော- မမြဲတတ်သောကြောင့်၎င်းင်း၊
ဒုက္ခတော- ဆင်းရဲတတ်သောကြောင့်၎င်းင်း၊
ရောဂတော- အနာများတတ်သောကြောင့်၎င်းင်း၊
ဂန္ဓတော- ပုပ်စပ်နံစော်တတ်သောကြောင့်၎င်းင်း၊
သလ္လတော- ကိလေသာ၌ငြိတတ်သောကြောင့်၎င်းင်း၊
အာဗာဓတော- အနာနှိပ်စက်တတ်သောကြောင့်၎င်းင်း၊
ဝယတော- ပျက်တတ်သောကြောင့်၎င်းင်း၊
ဝယ လောကတော- လောကသုံးပါး၌ပျက်တတ်သောကြောင့်၎င်းင်း၊
စုတိတော- ခန္ဓာဝန်ကို စွန့်တတ်သောကြောင့်၎င်းင်း၊
ဥပ္ပဒ္ဒ၀ တော- ဥပ္ပဒ္ဒဝေါ နှိပ်စက်တတ်သောကြောင့်၎င်းင်း၊ (၁၀)
ဘယတော- ဘေးဖြစ်တတ်သောကြောင့်၎င်းင်း၊
အဘိရူပိတော- အလွန်ကြောက်တတ်သောကြောင့်၎င်းင်း၊
ဥပသဂ္ဂတော- ကပ်၍ စီရင်တတ်သောကြောင့်၎င်းင်း၊
စလတော- တုန်လှုပ်တတ်သောကြောင့်၎င်းင်း၊
ပဘင်္ဂုတော- များသောအားဖြင့် ပျောက်ပျက် တတ်သောကြောင့်၎င်းင်း၊
အ ဓုဝတော- မမြဲတတ်သောကြောင့်၎င်းင်း၊
အ တာဏတော- ကိုးကွယ်ရာ မရှိသောကြောင့်၎င်းင်း၊
အ လေနတော- ပုန်းအောင်းရာ မရှိသောကြောင့်၎င်းင်း၊
အ သရဏတော- ဆည်းကပ်ရာမရှိသောကြောင့်၎င်းင်း၊
အာသ၀တော- အာသ၀တရား၏ အာရုံ ဖြစ်တတ်သောကြောင့်၎င်းင်း၊ (၂၀)
တုစ္ဆတော- အချည်းနှီး ဖြစ်တတ်သောကြောင့်၎င်းင်း၊
သုညတော- ဆိတ်သုဉ်း တတ်သောကြောင့်၎င်းင်း၊
အနတ္တတော- ကိုယ်မဟုတ်သောကြောင့်၎င်းင်း၊
အာဒီန၀တော- အပြစ်ဖြစ်တတ်သောကြောင့်၎င်းင်း၊
ဝိပရိဏာမ ဓမ္မတော- အသစ်ဖေါက်ပြန်တတ်သောကြောင့်၎င်းင်း၊
အ သာရတော- အနှစ်မရှိသောကြောင့်၎င်းင်း၊
အလ္လ မူလကတော- ပျက်ခြင်းလျှင် အရင်းရှိသောကြောင့်၎င်းင်း၊
ဝဋ္ဌနတော- သတ်၍ပြတ်တတ်သောကြောင့်၎င်းင်း၊
ဝိဘ၀တော- ဘ၀ အထူးသို့အဖန်ဖန်ပြောင်းတတ်သောကြောင့်၎င်းင်း၊
သံဝဋ္ဋဏတော-သင်းချိုင်း၌ ဖြစ်တတ်သောကြောင့်၎င်းင်း၊ (၃၀)
သံခေတ္တတော- အခိုက်အတန့်မျှ ဖြစ်တတ်သောကြောင့်၎င်းင်း၊
အာမိသတော-အစာကိုမှီတတ်သောကြောင့်၎င်းင်း၊
ဇာတိ ဓမ္မတော- ပဋိသန္ဓေ နေတတ်သောကြောင့်၎င်းင်း၊
ဇရာ ဓမ္မတော- အိုတတ်သောကြောင့်၎င်းင်း၊
မရဏ ဓမ္မတော- သေတတ်သောကြောင့်၎င်းင်း၊
သောကဓမ္မတော- စိုးရိမ်တတ်သောကြောင့်၎င်းင်း၊
ပရိဒေ၀ဓမ္မ တော- ငိုကြွေးတတ်သောကြောင့်၎င်းင်း၊
ဥပါယာသဓမ္မတော- ရှိုက်ငင် တက်ချက် ပင်ပန်း တတ်သောကြောင့်၎င်းင်း၊
သံကိလေသိက ဓမ္မတော- ညစ်ညူး တတ်သောကြောင့်၎င်းင်း၊
နိဿရဏဓမ္မတော- လည်းလျောင်းရာ မရှိသောကြောင့်၎င်းင်း။ (၄၀) မကောင်းတည်း။

ဘာဝရုပ် ၂-ပါး။ ။ အထီး, အမ ဖြစ်ဘို့ရာ အကြောင်းခံဖြစ်သော ရုပ် ၂-ပါး၊ ၎င်းင်းသရုပ်ကို (ရုပ် ၂၈-ပါး)၌ ကြည့်ပါကုန်။

ဘာသာကြီး ၆-ပါး။ ။ ကပ္ပါပေါ်၌ ဘာသာပေါင်းများစွာရှိသော်လည်း ထင်ရှားသော အယူဝါဒ ဘာသာကြီးမျိုး ၆-ပါး။
(၁) ခရစ္စယာန်ဘာသာ၊
(၂) ဂျိုင်းဘာသာ၊
(၃) ဗုဒ္ဓဘာသာ၊
(၄) မဟာမေဒင်ဘာသာ၊
(၅) ဟိန္ဒူဘာသာ၊
(၆) ဟီဗရူဘာသာ။

ဘာသာစကား ၁၀၁-ပါး။ ။ လူမျိုး ၁၀၁-ပါးနှင့်ဆင်ဆင်ရှိသည်၊ ပဋိသမ္ဘိဒါမဂ်။ဋ္ဌ။ ပ-အုပ်။ ၇။ဝိသုဒ္ဓိမဂ် ဒု-အုပ်။ ၇၂-တို့၌ ဘာသာစကားမျိုးပေါင်း ၁၀၁-ပါးရှိကြောင်း စသည်လာ၏၊ ဤ၌ စကားမျိုးပေါင်း ၁၀၁-ပါးရှိလျှင် လူမျိုးလည်း ၁၀၁-ပါး ရှိရပေမည်ဟူ၏။

ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး။ ။ စတုတ္ထအမျိုးကား အမြတ်ဆုံး။
(၁) ဥာတိ-တို့အမျိုးအနွယ်ဖြစ်သော ဘုရား, တရား, သံဃာဟူသော သဘောထားဖြင့် ကိုးကွယ် ဆည်းကပ်ခြင်း၊
(၂) ဘယ- ဘေးရန်တို့ကို ကြောက်သောကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၃) အာစရိယ- ငါ့အား တစုံတခုသော အတတ်ပညာကိုပေးသူဟု ကျေးဇူးတင်အပ်သော ဆရာအမှတ်ဖြင့်ဆည်းကပ်ကိုးကွယ်ခြင်း၊
(၄) ဒက္ခိဏေယျ- လောကသုံးပါး၌ မြတ်သောတရား, အကျင့်သီလများရှိ၍မြတ်သောအလှူကို ခံထိုက်သသူဟု စီစစ်ဝေဘန်ပြီးကိုးကွယ်ခစားခြင်း။

ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး၊ တနည်း။ ။
(၁) ဘယ- ဘေးကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၂) လာဘ- ရအံ့သော လာဘ်သပ္ပကာကို မြှော်ခေါ်၍ ကိုးကွယ်ခြင်း၊
(၃) ကုလ- ဂုဏ်ကျေးဇူးအစစ်ကို မသိမဝေဘန်ဘဲ မျိုးရိုးစဉ်ဆက်က ကိုးကွယ် ဆည်းကပ်လာ၍ ကိုးကွယ်ခြင်းမျိုး၊
(၄) ဒက္ခိဏေယျ- ဒက္ခိဏေယျ ပုဂ္ဂိုလ်အဖြစ် မှန် မမှန် မိမိဥာဏ်ဖြင့် စီစစ်ဝေဘန်ပြီးမှ ကိုးကွယ်ခြင်း၊
၎င်းင်း ၄-နံပါတ်သာ အမြတ်ဆုံးဖြစ်၏။

ဘာသာသဒ္ဒါ၊ ဟောချက်လာ၊ ၄-ဖြာ အနက်မျိုး။ ။ ဘာသာဟူသော သဒ္ဒါ၏ ဟောစွမ်းနိုင်သော အနက်မျိုး လေးပါး။
(၁) စကားဟူသော အနက်၊ ပုံ- မြန်မာဘာသာ, အင်္ဂလိပ်ဘာသာ, ဟိန္ဒီဘာသာဟူသော စကားရပ်၌ပါသော ဘာသာသဒ္ဒါသည် "စကား" ဟူသော အနက်၌ဖြစ်၏၊
(၂) အလေ့အလာ ဟူသောအနက်၊ ပုံ-ကိုယ့်ဘာသာ ကိုယ်နေç သူ့ဘာသာ သူနေ ဟူရာ၌ မှတ်၊
(၃) အားမထုတ်ခြင်း ဟူသောအနက်၊ ပုံ-ဘာသိဘာသာနေသည် ဟူရာ၌ မှတ်၊
(၄) အယူဝါဒ ဟူသောအနက်၊ ပုံ- ခရစ်ယာန်ဘာသာç ဗုဒ္ဓဘာသာç မိုဟာမေဒင်ဘာသာ စသည်တို့၌ ပါသော ဘာသာသဒ္ဒါသည် အယူဝါဒဟူသော အနက်ကို ဟော၏။

« ဘိ »
ဘိက္ခုနီများ၊ ၁၃-ပါး၊ ထားငြား ဧတဒဂ်။ ။ ၎င်းင်းသရုပ်ကို 'ဧတဒဂ်ရ ရဟန်းမိန်းမ ၁၃-ပါး'၌ ဆိုခဲ့ပြီ။

ဘိန်းမျိုး ၅-ပါး။ ။ ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) အခေါက်မှဖြစ်သောဘိန်းသည် ညိုသောအဆင်း ဖန်ခါးသော အရသာ ရှိ၏၊
(၂) အစေးမှဖြစ်သောဘိန်းသည် မည်းနက်သောအဆင်း စပ်သော အရသာ ရှိ၏၊
(၃) အရွက်မှ ဖြစ်သောဘိန်းသည် စိမ်းပြာသောအဆင်း ချဉ်စပ်သော အရသာ ရှိ၏၊
(၄)အပွင့်မှ ဖြစ်သောဘိန်းသည် ရွှေဝါသောအဆင်း ဖန်သော အရသာ ရှိ၏၊
(၅) အသီးမှ ဖြစ်သောဘိန်းသည် နီသောအဆင်း ချိုခါးသော အရသာ ရှိ၏၊
၎င်းင်းဘိန်း ငါးမျိုးလုံးသည် မူးယစ်ထိုင်းမှိုင်း လေးတွဲ့စေသော တန်ခိုးသတ္တိရှိသည်ချည်းဖြစ်၏။

ဘိသိက်ဆရာ၊ လုပ်သူမှာ၊ ၃-ဖြာ အင်္ဂါရှိ။ ။ ၎င်းင်းသရုပ်ကို (ပုရောဟိတ်၏ အင်္ဂါ ၃-ပါး)၌ ကြည့်လေ။

ဘိသိက် မျိုးပြား ၁၄-ပါး။ ။ မြန်မာမင်း အုပ်ချုပ်ပုံ စာတန်းမှ။
(၁) ခတ္တိယဘိသိက်၊
(၂) ရာဇဘိသိက်၊ ၎င်းင်း ၂-မျိုးကား မင်းမြှောက်သော ဘိသိက်၊
(၃) သကလာ ဘိသိက်- တိုင်းပြည် သာယာစေရန် ခံသော ဘိသိက်၊
(၄) ၀ိဇယာ ဘိသိက်၊
(၅) ဇေယျာ ဘိသိက်- ၎င်းင်း ၂-မျိုးကား စစ်အောင်ရန်ခံသော ဘိသိက်၊
(၆) သီရိပဝေသန ဘိသိက်- ကျက်သရေတိုးစေရန် ခံသော ဘိသိက်၊
(၇) မဟာ ဘိသိက်-စီးပွားချမ်းသာ တိုးစေရန် ခံသော ဘိသိက်၊
(၈) မင်္ဂလာ ဘိသိက်- ဆင်ရတနာသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၉) ၀ိဝါဟ ဘိသိက်- ထိမ်းမြားမင်္ဂလာ လက်ထပ်သောအခါ ခံသော ဘိသိက်၊
(၁၀) ဒွါရာ ဘိသိက်- နန်းသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၁၁) အာယုဒီဃာ ဘိသိက်- အသက်ရှည်စေရန် ခံသော ဘိသိက်၊
(၁၂) ဥပရာဇာ ဘိသိက်- အိမ်ရှေ့မင်းဖြစ်သည့်အခါ ခံသော ဘိသိက်၊
(၁၃) မဟေသီ ဘိသိက်- မိဖုယား မြှောက်သည့်အခါ ခံသော ဘိသိက်။
မှတ်ချက်။ ။ အချို့ "မုဒ္ဓါဘိသိက်" ပါ ထည့်၍ ၁၄-ပါးပြကြ၏။

« ဘီ »

ဘီလူးနက္ခတ် ၁၀-လုံး။ ။ ဗေဒင်ကျမ်းမှ။
(၁) ကျတ္တိကာ၊
(၂) ၀ိသာခါ၊
(၃) ပြုပ္ပါသံ၊
(၄) စိတြ၊
(၅) မူလ၊
(၆) မာဃ၊
(၇) ဇေဋ္ဌ၊
(၈) အဿလိဿ၊
(၉) သတ္တဘိသျှ၊
(၁၀) ဓနသိဒ္ဓ။

ဘီလူး စစ်မှန်ကြောင်း အင်္ဂါ ၄-ပါး။ ။ စရိယာပိဋက ။ဋ္ဌ။ ၁၆၈-၌ အကျယ်ရှု။
(၁) မျက်တောင် မခတ်၊
(၂) နီရဲသော မျက်စိ၊
(၃) ကြောက်လန့်ခြင်း မရှိ၊
(၄) အရိပ် မထင်။

« ဘု »

ဘုရားတကာ၊ မစွန့်ရာ၊ ၄-ဖြာ ရပ်ဌာန။ ။ ၎င်းင်းသရုပ်ကို (အ ၀ိဇဟိတ ဌာနကြီး ၄-ပါး)၌ ဆိုခဲ့ပြီ။

ဘုရားပွင့်မှသာ လူရှိသော ဘုံ ၅-ပါး။ ။ သုဒ္ဓါဝါသ ဗြဟ္မာ ငါးဘုံကို ဆိုသည်၊ ထိုဘုံတို့၌ အခါခပ်သိမ်း ပုဂ္ဂိုလ်ရှိမနေ၊ ကမ္ဘာ တသောင်းခြာက်ထောင်အတွင်း၌ ဘုရားပွင့်မှသာ ထိုဘုံ၌ ဗြဟ္မာရှိသည် ဟူ၏၊ အနာဂါမ်များသာ ရောက်ကောင်းသောကြောင့်တည်း။

ဘုရားဖြစ်ရန်၊ ကြောင်း ၄-တန်၊ လမ်းမှန် အဘယ်နည်း?။ ။ ၎င်းင်းသရုပ် (ဗုဒ္ဓဘူမိ ၄-ပါး)နှင့် တူ၏။

ဘုရားမတင်၊ နတ်မတင်၊ လူတွင် ပန်း ၁၀-ပွင့်။ ။ ၎င်းင်းသရုပ်ကို (ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်) ဟူသော သရုပ်၌ ဆိုခဲ့ပြီ။

ဘုရားမျက်စိ၊ ၅-ပါးရှိ၊ လင်းဘိ ဂုဏ်ရောင်ရှိန်။ ။ ၎င်းင်းသရုပ်ကား(စက္ခု ၅-ပါး)နှင့် တူ၏။

ဘုရားရုပ်ရည်၊ လှမျိုးကြည်၊ ၂-လီ အခါထူး။ ။ မြတ်စွာဘုရား၏ ကိုယ်တော်ရုပ်ရည် အလွန်အမင်း လှပသန့်ရှင်း ကြည်လင်ထွန်းပသော အခါသမယ နှစ်ပါးကို ဆိုသည်၊ မဟာပရိနိဗ္ဗာန သုတ်မှ။
(၁) အတုမရှိ အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဥာဏ်ကို ရတော်မူသော ညဥ့်အခါနှင့်၊
(၂) အနုပါဒိသေသဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူသော ညဥ့်အခါတို့ဖြစ်၏။

ဘုရားရှင်တို့၏ ဓမ္မတာ ၃၀။ ။ ဘုရားရှင်တိုင်းပြုရိုးဖြစ်စဉ်သဘောတရား ၃၀-ဟူ၏၊ ပါဠိလိုမူ မဟာပဒါနသုတ်နှင့် ဗုဒ္ဓ၀င်အဋ္ဌကထာ၌ ယူပါ၊
ပစ္ဆိမဘ၀ိက သားဖြစ်သော အလောင်းတော်များသည် မယ်တော်ဝမ်းတွင်သာ ပဋိသန္ဓေနေရခြင်း၊
မယ်တော်ဝမ်း၌ တင်ပလ္လင်ခွေလျက် ရှေ့သို့မျက်နှာပြု နေတော်မူခြင်း၊
မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက်ဖွားမြင်ရခြင်း၊
တောအရပ်၌သာ ဖွားမြင်ရခြင်း၊
ဖွားသစ်စအခါ ဒသ ဒိသာကိုကြည့်လျက် မြောက်ဖက်သို့ ခုနစ်ဖ၀ါး လှမ်းပြီး သီဟနာဒသံဖြင့် ကြုံးဝါးတော်မူခြင်း၊
သူအို, နာ, သေ, ရဟန်း, လေးခန်းသောနိမိတ်ကိုမြင်ပြီး သားကြီးသြရသ တယောက်ရမှ တောထွက်တော်မူခြင်း၊
အရဟတ္တဓဇ ခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရ စရိယာကို အနည်းဆုံး ၇-ရက် ကျင့်ရခြင်း၊
ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော် မူရခြင်း၊
မြက်အခင်း ပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း၊
ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း ပရိကံ ပြုတော်မူခြင်း၊ (၁၀)
မာရ်စစ်သည်ကို အောင်တော်မူခြင်း၊
ဗောဓိပလ္လင်ထက်၌သာ ၀ိဇ္ဇာသုံးပါး အစထား၍ ဆအသာဓာရဏ စသည်ကျေးဇူး ဂုဏ်အထူးတို့ကို ရတော်မူခြင်း၊
ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ၄၉-ရက် နေတော်မူခြင်း၊
တရားဟောတော်မူရန် ဗြဟ္မာမင်းက တောင်းပန်ရခြင်း၊
ဣသိပတန မိဂဒါဝုန်၌သာ ဓမ္မစကြာ ဟောတော်မူခြင်း၊
တပို့တွဲလပြည့်၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက် ပြတော်မူခြင်း၊
ဇေတ၀န်ကျောင်းတော်၌သာ နိဗဒ္ဓ၀ါသ် ပြုတော်မူခြင်း၊
သာဝတ္ထိပြည် မြို့တံခါး၌ တန်ခိုး ပြာဋိဟာ ပြတော်မူခြင်း၊
တာဝတိံသာ၌သာ အဘိဓမ္မာ ဟောတော်မူခြင်း၊
သင်္ကဿနဂိုရ်ပြည် မြို့တံခါးသို့သာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်း၊ (၂၀)
ဖလသမာပတ်ကို မပြတ် ၀င်စားတော်မူခြင်း၊
နံနက်အခါ ညဥ့်အခါတို့၌ ဝေနေယျသတ္တ၀ါတို့ကို ကြည့်တော်မူခြင်း၊
အကြောင်းဝတ္ထုပေါ်လျှင် ၀ိနည်းဥပဒေကို ပညတ်တော်မူခြင်း၊
အတ္ထုပ္ပတ်ဖြစ်လတ်သော် ဇာတ်တရားတော်ကို ဟောကြားတော်မူခြင်း၊
ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ဗုဒ္ဓ၀င်တရားတော်ကို ဟောကြားခြင်း၊
အာဂန္တုရဟန်းတို့နှင့် ပဋိသန္ဓာရ ပြုတော်မူခြင်း၊
ဒါယကာတို့ ပင့်၍ ၀ါဆိုတော်မူသောအခါ ၀ါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှ ကြွသွားတော်မူခြင်း၊
အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း၊
ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း၊
ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်တို့ကို ၀င်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ဉပတော်မူခြင်း(၃၀)။

ဘုရားအပြား မျိုး ၃-ပါး။ ။ စရိယာပိဋက အဋ္ဌကထာ။ ၃၂၀။ သဗ္ဗညူ ခေါ် တရားအားလုံးကို ဆရာမရှိ ကုန်အောင်စုံ သိတော်မူသော ဘုရားကြီးမျိုး ၃-ပါး။
(၁) သဒ္ဓါဓိကဘုရား- သဒ္ဓါရှေ့ရှု၍ ဘုရားဉပလမ်းးစဉ်ကို ကျင့်သုံးလေ့လာတော်မူသည်၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၂) ပညာဓိကဘုရား- ပညာရှေ့ထား၍ ဘုရားဖြစ်ကြောင်း တရားတော်များကို ဖြည့်ကျင့်ဆည်းပူးသည်၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၃) ၀ီရိယာဓိကဘုရား- ၀ီရိယ လုံ့လကို ရှေ့ထား၍ ပါရမီတော်များကို ကြိုးစားအားထုတ်တော်မူသည်၊ ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏။

ဘုရား ၅-ဆူ။ ။ ဤကမ္ဘာ၌ ပွင့်တော်မူကြသော ဘုရားများဖြစ်သည်၊
၎င်းင်းကိုပင် အင်း အိုင် တို့၌ "သံ, ဂုံ, ပ, မ, အ" ဟုရေးသုံးကြကုန်၏။
(၁) ကကုသန်မြတ်စွာဘုရား၊
(၂) ကောဏာဂုံမြတ်စွာဘုရား၊
(၃) ကဿပမြတ်စွာဘုရား၊
(၄) ဂေါတမမြတ်စွာဘုရား၊
(၅) အရိမေတ္တေယျမြတ်စွာဘုရား။

ဘုရား ၇-ဆူ။ ။ ယခုလက်ရှိ နတ်ဗြဟ္မာတို့ မှီလိုက်သော ဘုရားရှင်များဖြစ်၍ ဘုရား ၇-ဆူဟု ခေါ်သည်။
"၀ိပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ။"

ဘုရား ၉-ဆူပူဇော်ပွဲ။ ။ ၎င်းင်း ပူဇော်ပွဲကား ဓမ္မပဒ အဋ္ဌကထာ ပ-အုပ် ၄၂၃။
အာယုဝဍ္ဎုန ကုမာရ ၀တ္ထုမှ စ,တင်ဖြစ်ပေါ်လာဟန်ရှိကြောင်း ပညာရှိများ ယူဆကြ၏၊ ယခုလူတို့ကား ဘုရားရှင်အမှူးထား၍ ရဟန္တာရှစ်ပါးနှင့်တကွ ဂြိုလ်ကြီး ၉-လုံးတို့ကို ပူဇော်ပသမှု လောကီရေးဘက်၌ ဉပကြသည်။
(၁) ဘုရားသခင်, အလယ်အရပ်၌ ဗောဓိပင်ကို ရည်စူး၍ထားသည်၊
(၂) ရှင်သာရိပုတ္တရာ, ဗုဒ္ဓဟူးသား၊ တောင်အရပ် လက်ျာဘက်က နေသည်၊
(၃) ရှင်မောဂ္ဂလာန်, သောကြာသား၊ မြောက်အရပ် လက်ဝဲဘက်က နေသည်၊
(၄) ရှင်ဥပါလိ, စနေသား၊ အနောက်တောင်အရပ်က နေသည်၊
(၅) ရှင်ရာဟုလာ, တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်က နေသည်၊
(၆) ရှင်အာနန္ဒာ, ကြာသပတေးသား၊ အနောက်မျက်နှာအရပ်က နေသည်၊
(၇) ရှင်ကောဏ္ဍည, တနင်းလာသား၊ အရှေ့အရပ်က နေသည်၊
(၈) ရှင်ရေ၀တ, အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်က နေသည်၊
(၉) ရှင်ဂ၀မ္ပတိ, ရာဟုသား၊ အနောက်မြောက်ထောင့်အရပ်က နေသည်။

ဘုရားဂုဏ်တော် ၉-ပါး။ ။ ဗုဒ္ဓနှင့်စပ်၍ ဂုဏ်တော်အနန္တရှိသော်လည်း ပိဋကတ်တော်၌ ထင်ရှား၍ လူအများ အသိအမှတ်ပြု ရှိခိုးကြသော ဂုဏ်တော် ၉-ပါး ဟူ၏။
(၁) အရဟံ ဂုဏ်တော်- လူ, နတ်, ဗြဟ္မာ, သတ္တ၀ါဟူသမျှတို့၏ ပူဇော်အထူးကို ခံထိုက်သော ဂုဏ်၊
(၂) သမ္မာ သမ္ဗုဒ္ဓ ဂုဏ်တော်-တရားအပေါင်းကို ကောင်းမှန်စွာသိတော်မူသောဂုဏ်၊
(၃) ၀ိဇ္ဇာ စရဏ သမ္ပန္န ဂုဏ်တော်-နိဗ္ဗာန်ရောက်ကြောင်း ၀ိဇ္ဇာစရဏ တရားအပေါင်းနှင့်ပြည့်စုံတော်မူသော ဂုဏ်၊
(၄) သုဂတ ဂုဏ်တော်-ကမ္ဘာသားတို့ ချမ်းသာရေးအတွက် ကောင်းစွာ ကြွလာခြင်း နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားတော်မူခြင်း ဂုဏ်၊
(၅) လောက၀ိဒူ ဂုဏ်တော်- လောကဓာတ် အနန္တ၌ ဖြစ်ရှိသမျှတို့ကို ကုန်အောင် စုံအောင် သိတော်မူသော ဂုဏ်၊
(၆) အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်- မယဉ်ကျေးသော လူကြမ်း, နတ်ဆိုး, တိရစ္ဆာန်အမျိုးမျိုးတို့ကို ယဉ်ကျေးလိမ်မာစေရာ၌ အတုမဲ့ဖြစ်သော ဂုဏ်၊
(၇) သတ္ထာ ဒေ၀ မနုဿာနံ ဂုဏ်တော်-လူ, နတ်, ဗြဟ္မာ, သတ္တ၀ါဟူသမျှတို့၏ဆရာဖြစ်တော်မူသော ဂုဏ်၊
(၈) ဗုဒ္ဓဂုဏ်တော်-သစ္စာလေးပါး အမှန်တရားတို့ကို သူတပါးတို့အား ကွဲပြားစွာ သိစေတော်မူတတ်သော ဂုဏ်၊
(၉) ဘဂ၀ါဂုဏ်တော်-သူမတူအောင် ဘုန်းတော်ရှင် ဖြစ်သော ဂုဏ်။

ဘုရားဂုဏ်တော် ၁၀-ပါး၊ တနည်း။ ။ ဂုဏ်တော် ဆယ်ပါးကို ယူရာ၌ အထက်ပါ ဂုဏ်တော်ကိုးပါးတွင် ၆-နံပါတ် ဂုဏ်တော်ကို
(၁) အနုတ္တရော အတုမရှိသော ဂုဏ်တော်၊
(၂) ပုရိသ ဒမ္မသာရထိ- ဆုံးမထိုက်သူကို ဆုံးမတတ်သော ဂုဏ်တော်ဟု နှစ်ခုခွဲလိုက်ခြင်းဖြင့် ဂုဏ်တော် ဆယ်ပါးဖြစ်၏၊ နည်းမျှသာ မှတ်ရာ၏၊ ဂုဏ်တော်ကိုးပါးဟုသာ ရှင်လူအများတို့ အသိအမှတ် ပြုကြသည်။

ဘုရားပွင့်ရာ၊ ၅-ကမ္ဘာ၊ ကျမ်းလာ မည်သို့ရှိ?။ ။ ၎င်းင်းသရုပ် (ကမ္ဘာအပြားမျိုး ၆-ပါး)၌ ရှုပါ။

ဘုရားရှင်ကိုယ်တော်တိုင် ခရီးဦးကြိုပြု၍ ချီးမြှောက်ခံရသူ ပုဂ္ဂိုလ်ထူးကြီး ၇-ယောက်။ ။ မူလပဏ္ဏာသ ။ဋ္ဌ။ ဒု-အုပ်။ ၄၂။
(၁) အရှင်မဟာကဿပထေရ်၊
(၂) မဟာကပ္ပိနထေရ်
(၃) အနုရုဒ္ဓါထေရ်၊
(၄) ကောဋိကဏ္ဏသောဏထေရ်၊
(၅) ၀န၀ါသိ တိဿ သာမဏေ၊
(၆) ရေ၀တ သာမဏေ၊
(၇) ပက္ကုသာတိမင်းကြီး။

ဘုရားလောင်းစစ် ဖြစ်ထိုက်သူ၏ အင်္ဂါ ၈-ပါး။ ။ ၎င်းင်း သရုပ်အကျယ်ကို (ဗျာဒိတ်ရ
ကြောင်း အင်္ဂါ ၈-ပါး)၌ ကြည့်ပါ။

ဘုရားသခင်အား အန္တရာယ် မပြုနိုင်ခြင်း ၄-ပါး။ ။ ၀ိနည်း ပါရာဇိကဏ်။ဋ္ဌ။ ပ-အုပ်။ ၁၄၇-၌၊ အကျယ်ရှု။
(၁) မြတ်စွာဘုရားတို့အား ရည်မှတ်၍ ဆောင်ယူလာသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၂) ဘုရားရှင်တို့၏ အသက်တော်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၃) ဘုရားရှင်တို့၏ လက္ခဏာတော် ကြီး-ငယ်တို့ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၄) မြတ်စွာဘုရားသခင်တို့၏ သဗ္ဗညုတဥာဏ်တော်ကို မည်သူမျှ အန္တရာယ်မဉပနိုင်ချေ။
မှတ်ချက်။ ။ ဗုဒ္ဓ၀င် အဋ္ဌကထာ၌ အထက်ပါ ၁။ ၂။ ၃။ တို့နှင့် အရတူ ကောက်ယူလျက်၊ ၄-အချက်၌
မြတ်စွာဘုရားသခင်တို့၏ ရောင်ခြည်တော်တို့ကို မည်သူမျှ လွှမ်းမိုး မှေးမှိန်အောင် အန္တရာယ်
မပြုနိုင်ချေ ဟု ပါရှိသည်။

ဘုရားသခင်၏ ခြေတော်ရာ ၃-ဆူ။ ။ ၎င်းင်း သရုပ်ကို (စေတီပါဒ ၃-ဌာန)၌ ရှုပါ။

ဘုန်းတော် ၆-ပါး၊ မြတ်ဘုရား၊ ထင်ရှား ဘ၀ဂ်တုန်။ ။ ဗုဒ္ဓဘုရားရှင်၏အတွက် သက်သက်ဖြစ်သော ဘုန်းတော်များ။
(၁) ဣဿရိယ ဘုန်းတော်- ကိုယ်တော်ကို အဏုမြူပမာဏ, သို့မဟုတ် စကြ၀ဠာပြည့်အောင် စသည်ဖန်ဆင်းတော်မူနိုင်ခြင်း၊
(၂) ဓမ္မ ဘုန်းတော်- ပညာ ဥာဏ် ကြီးခြင်း၊
(၃) ယသ ဘုန်းတော်- အခြံအရံ များခြင်း, ကျော်စောခြင်း၊
(၄) သီရိ ဘုန်းတော်- ကျက်သရေ မင်္ဂလာ အဖြာဖြာတို့ဖြင့် တင့်တယ်တော်မူခြင်း၊
(၅) ကာမ ဘုန်းတော်- ကိုယ်တော်မြတ်၏ အလိုတော် ခပ်သိမ်းကို ပြီးငြိမ်းစေနိုင်၊
(၆) ပယတ္တ ဘုန်းတော်- အား, လုံ့လတော်နှင့်ပြီး ပြည့်စုံတော်မူခြင်း။

ဘုံ ၃-ပါး။ ။ သတ္တ၀ါတို့၏ ကျင်လည်ရာဖြစ်သော ဘုံ ၃၁-၏ အကျဉ်း ၃-ပါး၊
ကာမဘုံ, ရူပဘုံ, အရူပဘုံကို ခေါ်သည်။
တနည်း၊ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ ဟူ၏။

ဘုံ ၄-ပါး။ ။ ချမ်းသာ, ဆင်းရဲ, လုပ်ငန်းစဉ် ဥာဏ်အမြင်ကို စွဲ၍ ၄-မျိုးကွဲသည်။
(၁) သုခ ဘုံ- နတ်ဘုံ, ဗြဟ္မာဘုံ, နိဗ္ဗာန်တို့သည် ချမ်းသာတို့ဖြင့် ထုံမွမ်းအပ်လေသောကြောင့် သုခဘုံမည်၏၊
(၂) ပဋိဝေဓ ဥာဏဘုံ- ဗုဒ္ဓဘုံ, သာဝကဘုံတို့သည် တရားထူး တရားမြတ်တို့ကို ထိုးထွင်း၍ သိရာဖြစ်သောကြောင့် ပဋိဝေဓဥာဏဘုံ မည်၏၊
(၃) ကမ္မ ဘုံ- လူ့ဘုံသည် ဥာဏ်နှင့် ၀ီရိယ, ယှဉ်တွဲကာ ကောင်းမှု, မကောင်းမှုခေါ် ကိစ္စလုပ်ငန်း အ၀၀တို့ဖြင့် ရှုပ်ထွေးပွေလီ၍ နေသောကြောင့် ကမ္မဘုံ မည်၏၊
(၄) ဒုက္ခ ဘုံ- ဒုဂ္ဂတိသား အပါယ်သားတို့ကား ဆင်းရဲခြင်းများနှင့်သာ အချိန်ကုန်ကြရသောကြောင့် ဒုက္ခဘုံမည်၏။

ဘုံ ၃၁။ ။
ကာမ ၁၁-ဘုံ၊
ရူပ ၁၆-ဘုံ၊
အရူပ ၄-ဘုံ၊
ပေါင်း ၃၁-ဘုံဖြစ်၏။

ဘုံစဉ်စံ ၇-ဦး။ ။ သာသနာတော်ကျမ်းတို့၌ ထင်ရှားသော သံသရာစံသူ ၇-ယောက်ဟူလို။
(၁) အနာထပိဏ် ကျောင်းဒကာ၊
(၂) ၀ိသာခါ ကျောင်း အမ၊
(၃) ဂန္ဓမာ နတ်သား၊
(၄) နာဂဒတ္တ၊
(၅) မဟာဣန္ဒာ၊
(၇) နေက၀ဏ္ဏ။
မှတ်ချက်။ ။ ၁-၂-တို့ကား ထင်ရှား၏၊ ၃-၄-၅-၆-၇-ပုဂ္ဂိုလ်တို့ကား အတွေ့အကြုံ အပြော အဟော နည်းပါးသည်၊ စာပေကို လိုက်စားရှာဖွေ လေ့လာရာသည်၊ ပိဋကတော် အနှံ့ရှာဖွေစေလို၍ ကျမ်းညွှန်းမှု မပြုဟု မှတ်ရာသည်။

ဘုံလျှိုမျိုး ၅-ပါး။ ။ ရဟန်းတော်များခင်းအိပ်ရန် ခွင့်ဉပထားသော ဖုံမျိုး ၅-ပါး။ ၀ိနည်းစူဠ၀ါ ။ပါ။ ၂၉၅။ဋ္ဌ။၆၀။ (၁) ဥဏ္ဏာဘိသိ-သားမွေးဖြင့်ပြုအပ်သော ဘုံလျှို။
(၂) စောဠ ဘိသိ-ပုဆိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၃) ၀ါက ဘိသိ- လျှော်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။
(၄) တိဏ ဘိသိ- မြက်မျိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၅) ပဏ္ဏ ဘိသိ- သစ်ရွက်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။

« ဘူ »

ဘူတရုပ် ၄-ပါး။ ။ ၎င်းင်း၏ သရုပ် အဓိပ္ပါယ်ကို (ရုပ်တရား ၂၈-ပါး)၌ကြည့်ပါ။

ဘူမဋ္ဌ ၇-ဘုံ။ ။ အပါယ် ၄-ဘုံ, လူ့ဘုံ, စတုမဟာရာဇ်ဘုံ, တာဝတိံသာဘုံတို့ကား မြေပြင်၌ တည်နေကြသောကြောင့် ဘူမဋ္ဌဘုံ မည်၏။

« ဘေ »

ဘေဒဥပါယ်၊ နည်း ၃-သွယ်၊ ကျမ်းဝယ် ဘယ်သို့နည်း?။ ။ အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်၌ ဤသို့ဆိုသည်။
(၁) ချစ်ခြင်းကို ကွဲပြားပျက်စီးအောင်ပြုခြင်း၊
(၂) လက်နက်ဗိုလ်ပါ အင်အားပြ၍ လွှမ်းမိုးခြင်း၊
(၃) နှုတ်စကား, စာများဖြင့် ခြိမ်းချောက်ခြင်း။

ဘေးကြီး ၂၅-ပါး။ ။ အဘိဓမ္မာ သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ။ ၄၇၇။ ၄၈၄။၄၈၇။ ပဉ္စပကြိုဏ်။ဋ္ဌ။ ၃၆။မိလိန္ဒပဥှာ။ပါ။၁၉၄-တို့၌ လာရှိသည်၊ ၂၅-ပါးသော ဘေးဘျမ်းမျိုး၊ များသောအားဖြင့် ကျေးဇူးရှင်ဆယ်ပါးကို ပြစ်မှားသူတို့ ခံရတတ်သည်၊
ဆွေမျိုးတို့၏ပျက်စီးသောဘေး၊
ရောဂါ ဝေဒနာ နှိပ်စက်ခြင်းဘေး၊
ဥစ္စာ ပျက်စီးခြင်း ဘေး၊
သီလပျက်စီးခြင်းဘေး၊
အယူပျက်စီးခြင်းဘေး၊
မင်း ဘေး၊
ခိုးသူ ဘေး၊
ရန်သူ ဘေး၊
ငတ်မွတ်သော ဘေး၊
မီး ဘေး၊ (၁၀)
ရေ ဘေး၊
လှိုင်းတံပိုး ဘေး၊
ရေ၀ဲ ဘေး၊
မိကျောင်း ဘေး၊
မကာရ်း ငါးရဲ ဘေး၊
မိမိကိုယ်ကို နောင်တ ပူပန်ခြင်း ဘေး၊
သူတထူး စွပ်စွဲခြင်း ဘေး၊
နှုတ်ဒဏ် လက်ဒဏ် ကြေးဒဏ် သင့်သော ဘေး၊
မကောင်းသော အဖြစ်သို့ လားရာသော ဘေး၊
ပရိသတ်အလယ်၌ ရှက်ရွံ့သော ဘေး၊ (၂၀)
သူတပါးကို အမှီပြု၍ အသက်မွေးရသော ဘေး၊
ပဋိသန္ဓေ နေရခြင်း ဘေး၊
အိုရခြင်း ဘေး၊
နာရခြင်း ဘေး၊
သေရခြင်း ဘေး၊ (၂၅)။

« ဘော »

ဘောဇဉ်၏ ဂုဏ်ကျေးဇူး ၅-ပါး။ ။ ထမင်းစသည်၏ ကျေးဇူးဂုဏ်အကျိုး ၅-ပါး။
(၁) အသက်ရှင်စေခြင်း၊
(၂) အဆင်းလှစေခြင်း၊
(၃) အားတိုးပွားစေခြင်း၊
(၄) ပူပန်ခြင်းကို ငြိမ်းစေခြင်း၊
(၅) ဆာလောင်ခြင်းကို ပယ်ဖျောက်ခြင်း။

ဘောဇဉ်မျိုး ၅-ပါး။ ။ ၀ိနည်းပါစိတ်။ ပါ။ ၁၁၁။ဋ္ဌ။၈၉။ ရဟန်းတော်များအတွက် စားဘွယ်ဟု ပညတ်သော အရာငါးပါး။
(၁) ထမင်း၊
(၂) မုယောမုံ့၊
(၃) မုံ့လုံး၊
(၄) ငါး၊
(၅) အမဲ။

« ဘွား »
ဘွားဘက်တော် ၇-ယောက်။ ။ သိဒ္ဓတ္ထအလောင်းတော်နှင့် အတူမွေးဖွားဖြစ်ပေါ်ဘက်၊
အာနန္ဒာ, ဗောဓိပင်, ကာလုဒါယီအမတ်, ယသောဓရာ, ဆန္န အမတ်, ရွှေအိုးကြီး ၄-လုံး, ကဏ္ဍကမြင်း။

« ဘွဲ့ »

ဘွဲ့ထူးဂုဏ်ရည် ၁၁-မျိုး။ ။ ဘွဲ့ထူးဂုဏ်မည်နှင့် စပ်၍ ပုဂံဝန်ထောက်ဦးတင်ထံ မေးမြန်းရာ (၁၅-၄-၄၁) နေ့စွဲနှင့် အောက်ပါအတိုင်း အဖြေပေးလိုက်သည်၊ ဗဟုသုတအတွက် မူရင်းအတိုင်း ဖေါ်ပြလိုက်၏၊ ဘွဲ့၏ အကြောင်းကို စုံလင်စွာ ပြဆိုအံ့၊ ညီတော် သားတော် ဖြစ်သော အိမ်ရှေ့မင်း, မင်းသားကြီး, မင်းသားလတ်, မြင်းမှူး မင်းသားမှ တပါး အဂ္ဂမဟာသေနာပတိ ၀န့်ရှင်တော်မင်းကြီးကစ၍ မှူးတော် မတ်တော်တို့အား ပေးတော်မူသော ဘွဲ့အနိမ့် အမြင့် အဆင့်ဆင့်ရှိသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အမြင့်ဆုံး သတိုးဘွဲ့-သတိုးသုဓမ္မာ မဟာသက်တော်ရှည် စသည်၊
(၂) ၎င်းင်းအောက် မင်းကြီးဘွဲ့- မင်းကြီးဇေယျဂါမဏိ စသည်၊
(၃) ၎င်းင်းအောက် မဟာဘွဲ့- မဟာ မင်းထင်ရာဇကျော် စသည်၊
(၄) ၎င်းင်းအောက် မင်း ၃-ထပ်ဘွဲ့- မင်းမဟာ မင်းထင် မင်းခေါင် စသည်၊
(၅) ၎င်းင်းအောက် မင်း ၂-ထပ်ဘွဲ့- မင်းထင်မင်းလှသင်္ခယာ စသည်၊
(၆) ၎င်းင်းအောက် မင်း တပ်ဘွဲ့-မင်းထင်ကျော်သူ စသည်၊
(၇) ၎င်းင်းအောက် နေမျိုးမင်းတပ်ဘွဲ့-နေမျိုးမင်းထင်သိင်္ခသူ စသည်၊
(၈) ၎င်းင်းအောက် နေမျိုးဘွဲ့-နေမျိုးသိဒ္ဓိရာဇာ စသည်၊
(၉) ၎င်းင်းအောက် နော်ရထာဘွဲ့-စည်သူနော်ရထာ, လက်ဝဲနော်ရထာ စသည်၊
(၁၀) ၎င်းင်းအောက် ရွှေတောင်ဘွဲ့- နရာရွှေတောင် စသည်၊
(၁၁) အနိမ့်ဆုံး အမည်ပျောက်ဘွဲ့- ပျံချီရာဇာ, ရဲထွဋ်ပျံတင်, ရန်အောင်စက်, စက္ကပျံချီ, လက်ဝဲသုန္ဒရ စသည်။

No comments:

Post a Comment