Monday, December 22, 2008

ပ---ပံ့သုကူအပြား၊ မှ ပဟိုရ် ၈-ပါး၊

ပံ့သုကူအပြား၊ မျိုး ၁၀-ပါး၊ ခွဲခြား ဖြေတော်မူ။ ။ ရဟန်းတော်များ ပံ့သုကူကောက်ယူအပ်သော ပံ့သုကူအ၀တ်မျိုး ဆယ်ပါးကို ၀ိနည်းပရိဝါမှ သုတေသနပြုသည်။
(၁) သောသာနိကံ- သုသာန်၌ စွန့်ပစ်ထားသော အ၀တ်ပုဆိုး၊
(၂) ဥန္ဒူရခါယိတံ- ကြွက်ကိုက်၍ စွန့်ပစ်ထားသော ၎င်းင်း၊
(၃) ဥပစိက ခါယိတံ-ခြစား၍ စွန့်ပစ်ထားသော ၎င်းင်း၊
(၄) အဂ္ဂိ ဒဍ္ဎုံ- မီးလောင်, မီးပေါက်၍ စွန့်ပစ်ထားသော ၎င်းင်း၊
(၅) ဂေါ ခါယိတံ- နွားခဲစား၍ စွန့်ပစ်ထားသော ၎င်းင်း၊
(၆) အဇိကာ ခါယိတံ- ဆိတ် ခဲစား၍ စွန့်ပစ်ထားသော ၎င်းင်း၊
(၇) အဘိသေကိယံ- အဘိသိက်ပွဲ၌ စွန့်ပစ်ထားသော ၎င်းင်း၊
(၈) ထူပ စီဝရံ- စေတီပုထိုး၌ လှူထားသော ၎င်းင်း၊
(၉) ပါပဏိကံ- အိမ်ဈေးအနီး၌ စွန့်ပစ်ထားသော ၎င်းင်း၊
(၁၀) ဘတ ပဋိယာတံ- သုသာန် လိုက်ပို့သူတို့ ပြန်လာသောအခါ အမင်္ဂလာဟုစွန့်ပစ်လိုက်သော အ၀တ်ပုဆိုး။


ပကတိ သံ၊ ၁၈-တန်၊ ဂီတံဆိုရိုး အဘယ်နည်း?။ ။ ၎င်းင်းသရုပ်သည် (တက်သံ ၁၈-ပါး)နှင့် တူ၏။

ပကိဏ်းစေတသိက် ၆-ပါး။ ။ စိတ်တို့၌ ယှဉ်သင့်သလို သဘောတူရာစု၌ ပြိုးပြွမ်းယှဉ်သော စေတသိက်တရားစုများ ဟူ၏။
(၁) ၀ိတက်-ယှဉ်ဘက်တရားစုကို အာရုံသို့ရှေးရှု တင်ပေးခြင်း လက္ခဏာရှိ၏၊
(၂) ၀ိစာရ- အာရုံကို အဖန်ဖန်သုံးသပ်ခြင်း လက္ခဏာရှိ၏၊
(၃) အဓိမောက္ခ-ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏၊
(၄) ၀ီရိယ-ကြိုးစားအားထုတ်ခြင်း လက္ခဏာရှိ၏၊
(၅) ပီတိ-နှစ်သက်ခြင်း လက္ခဏာရှိ၏၊
(၆) ဆန္ဒ-အာရုံဉပလိုသော သဘော လက္ခဏာရှိ၏။

ပင်လယ်ကြီး ၁၃-စင်း။ ။ ကမ္ဘာပေါ်၌ ကြီးကျယ်ပြန့်ပြောသော ပင်လယ်ကြီးများကို ဆိုသည်။
(၁) မြေထဲ ပင်လယ်(Mediterranean Sea) စတုရန်းမိုင် (၁,၁၄၅,၁၀၀) ကျယ်၍၊ (၄,၆၈၈)ပေ ရေနက်သည်။
(၂) ကာရီဘွယံ ပင်လယ်(Caribbean Sea) စတုရန်းမိုင် (၁,၀၄၉,၅၀၀) ကျယ်၍၊ (၈,၆၈၅)ပေ နက်သည်။
(၃) တောင်တရုပ် ပင်လယ်(South China Sea) စတုရန်းမိုင် (၈၉၅,၄၀၀) ကျယ်၍၊ (၅,၄၁၉)ပေ နက်သည်။
(၄) ဘဲရင်း ပင်လယ်(Bering Sea) ၊ စတုရန်းမိုင် (၈၈၄,၉၀၀) ကျယ်၍၊ (၅,၀၇၅)ပေ နက်သည်။
(၅) မက်ဆီကို ပင်လယ်ကွေ့(Gulf of Mexico) ၊ စတုရန်းမိုင် (၆၁၅,၀၀၀) ကျယ်၍၊ (၄,၈၇၄)ပေ နက်သည်။
(၆) အော့ဟောစ်က် ပင်လယ်(Okhotsk Sea) ၊ စတုရန်းမိုင် (၆၁၃,၈၀၀) ကျယ်၍၊ (၂,၇၄၉)ပေ နက်သည်။
(၇) အရှေ့ တရုပ် ပင်လယ်(East China Sea) ၊ စတုရန်းမိုင် (၄၈၂,၃၀၀) ကျယ်၍၊ (၆၁၇)ပေ နက်သည်။
(၈) ဟပ်ဆန် ပင်လယ်အော်(Hudson Bay) ၊ စတုရန်းမိုင် (၄၇၅,၈၀၀) ကျယ်၍၊ (၄၂၀)ပေ နက်သည်။
(၉) ဂျပန် ပင်လယ်(Japan Sea) ၊ စတုရန်းမိုင် (၃၈၉,၁၀၀) ကျယ်၍၊ (၄,၄၂၉)ပေ နက်သည်။
(၁၀) ကပ္ပလီ ပင်လယ်(Andaman Sea) ၊ စတုရန်းမိုင် (၃၀၈,၀၀၀) ကျယ်၍၊ (၂,၈၅၄)ပေ နက်သည်။
(၁၁) မြောက်ဖက် ပင်လယ်၊ (North Sea) ၊ စတုရန်းမိုင် (၂၂၂,၁၀၀) ကျယ်၍၊ (၃၀၈)ပေ နက်သည်။
(၁၂) ပင်လယ်နီ(Red Sea) ၊ စတုရန်းမိုင် (၁၆၉,၁၀၀) ကျယ်၍၊ (၁,၆၁၁)ပေ နက်သည်။
(၁၃) ဘော်လတစ် ပင်လယ်(Baltic Sea) ၊ စတုရန်းမိုင် (၁၆၃,၀၀၀) ကျယ်၍၊ (၁၈၀)ပေ ရေနက်သည်။

ပစ္စည်း ၄-ပါး။ ။ သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သော ပစ္စည်းမျိုး လေးပါး။
(၁) ဆွမ်းပစ္စည်း-ဆွမ်း, ခဲဘွယ်, ဘောဇဉ်, ချိုချဉ်နို့ စသော ၀တ္ထုများ၊
(၂) သင်္ကန်းပစ္စည်း- ၀တ်ရုံ သုံးဆောင်ကောင်းသော သင်္ကန်း ၉-ထည်၊
(၃) ကျောင်းပစ္စည်း-ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး၊
(၄) ဆေးပစ္စည်း-ကျန်းမာရေးဆိုင်ရာ ဆေးအဖျော် အမျိုးမျိုး။

ပစ္စည်းဥစ္စာ၊ မျိုး ၄-ဖြာ၊ စိတ်ဖြာ ဝေဘန်သိ။ ။ ၎င်းင်း သရုပ်ကို (ဥစ္စာမျိုး ၄-ပါး) ဟူသော ဓနဗေ၌ ဆိုခဲ့ပြီ။

ပစ္စည်းဥစ္စာ၊ ကုန်ဆုံးရာ၊ ၃-ဖြာ အကြောင်းသိ။ ။ ၎င်းင်း သုံးပါးတို့တွင် ဒါနမှုဖြင့် ပြုစုကုန်ဆုံးရခြင်းကား ပဌမ အမြတ်ဆုံးဟု ဓမ္မပဒနှင့် ဟိတောပဒေသ၌ ညွှန်းပြ၏။
(၁) ဒါန-သဒ္ဓါကြည်ဖြူ ပေးလှူစွန့်ကြဲ၍ ကုန်ဆုံးခြင်း၊
(၂) ဘောဂ- မိမိကိုယ်တိုင် သုံးဆောင်ခံစား၍ ကုန်ဆုံးခြင်း၊
(၃) နာသ-မစားရက် မလှူရက် ရန်သူမျိုး ငါးပါးဖျက်၍ ကုန်ဆုံးခြင်း။

ပစ္စဝေက္ခဏာ ဥာဏ် ၅-ပါး။ ။ ယောဂီသူမြတ်တို့ သောတာပတ္တိမဂ်ဖိုလ်ရပြီးနောက် ဆင်ခြင်ပုံမျိုး ငါးပါး။
(၁) ရှေးဦးစွာ မိမိရပြီးသည့် သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း၊
(၂) ထို့နောက် ၎င်းင်း၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း၊
(၃) ထို့နောက် ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၊
(၄) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊
(၅) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် မပယ်ရသေးသည့် ကြွင်းကျန်သေးသော ကိလေသာတို့ကို ဆင်ခြင်ပြန်ခြင်း၊
ဤသို့ ဆင်ခြင်ခြင်းငါးမျိုးကို ပစ္စဝေက္ခဏာÓဏ် ငါးပါးဟုခေါ်သည်။

ပစ္စုပ္ပန် အဓွန့်တရားမျိုး ၂-ပါး။ ။ ၎င်းင်းသရုပ်ကို (အဓွန့် ၃-ပါး)၌ ဆိုခဲ့ပြီ။

ပစ္စုပ္ပန် အဓွန့်တရားမျိုး ၆-ပါး၊ တနည်း။ ။ ပဋိစ္စသမုပ္ပါဒ် နည်းအရ "သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘ၀" ၎င်းင်း တရားခြောက်ပါး ဟူ၏။

ပစ္စေကဗုဒ္ဓါ၊ မျိုး ၃-ဖြာ၊ မိန့်မှာ ခွဲပြတော်မူဘုရား။ ။
ပစ္စေကဗုဒ္ဓါ အပြား ၃-ပါးကို မေးသည်။ ပစ္စေကဗုဒ္ဓါလည်း သမ္မာသမ္ဗုဒ္ဓမျိုးကဲ့သို့ပင်။
(၁) ပညာဓိက ပစ္စေကဗုဒ္ဓါ-ပညာရှေ့ထား ပါရမီပွားသည်၊
(၂) သဒ္ဓါဓိက ပစ္စေကဗုဒ္ဓါ-သဒ္ဓါရှေ့ထား ပါရမီပွားသည်၊
(၃) ၀ိရိယာဓိက ပစ္စေကဗုဒ္ဓါ-၀ိရိယာရှေ့ထား ပါရမီပွားသည်။
မှတ်ချက်။ ။ မုံရွေးအမေး, ကျည်းကန် အဖြေ၌လည်း
"ပညာ, သဒ္ဓါ၊ ၀ီရိယာဟု၊ သုံးဝ သုံးဖြာ၊ ပစ္စေကာလည်း၊ ပြားပါသည်ပင်၊ ကျမ်း၌ထင်၏" ဟု ဖြေဆိုထားလေသည်။

ပဉ္စ ၅-ပါး၊ ခေါ်ဆိုငြား၊ ဆေးများ ဖော်စပ်ရာ။ ။ ဘယဆေး ဖေါ်စပ်ရာ၌ ဆေးတပင်လုံးကို ခေါ်ဆိုသည်။
(၁) မူလ-အမြစ်၊
(၂) ခန္ဓ-ပင်စည်၊
(၃) ပဏ္ဏ-အရွက်၊
(၄) ပုပ္ဖ-အပွင့်၊
(၅) ဖလ-အသီး။

ပဉ္စကူမျိုး ၅-ပါး။ ။ ဘယဆေး ဝေါဟာရဖြစ်သည်၊ ပဉ္စ ကဋုက ပါဌ်ပျက်။
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရို၊
(၄) ကန့်ချုပ်နီ၊
(၅) ချင်းခြောက်။
မှတ်ချက်။ ။ရသေ့ ငါးပါးတို့ ချီးမွမ်းသည်ကိုစွဲ၍ "ပဉ္စဂုဏ-ပဉ္စဂူ" ဟုလည်းခေါ်သည်၊
လေ, သလိပ်, သည်းခြေကို နိုင်၏၊ အစာကျေသည်။

ပဉ္စင်းအင်္ဂါ၊ မျိုး ၅-ဖြာ၊ ခံရှာ ရဟန်းမြတ်။ ။ ပဉ္စင်းမြောက်ရန် ဦးပဉ္စင်းဖြစ်နိုင်ရန်အတွက် အောက်ပါ အင်္ဂါ ၅-တန်နှင့် ပြည့်စုံရမည် ဟူ၏။
(၁) ၀တ္ထု သမ္ပတ္တိ-ပဉ္စင်းလောင်း၏ အင်္ဂါပြည့်စုံမှု၊
(၂) ဉတ္တိ သမ္ပတ္တိ-ဉတ်၏ပြည့်စုံ ပီသမှု၊
(၃) ကမ္မ၀ါစာ သမ္ပတ္တိ-ကမ္မ၀ါ၏ပြည့်စုံ ပီသမှု၊
(၄) သီမာ သမ္ပတ္တိ- သိမ်၏ ၀ိပတ္တိကင်းစင် သမ္ပတ္တိဝင်မှု၊
(၅) ပရိသာ သမ္ပတ္တိ- ရဟန်းဉပပေးသော သံဃာ့ပရိသတ်၏ပြည့်စုံလုံလောက် စင်ကြယ်မှု။

ပဉ္စတား ဂြိုလ် ၅-ပါး။ ။ ဗေဒင်ကျမ်းလာ ဝေါဟာရ၊ အင်္ဂါအစç စနေçအဆုံးရှိသော ဂြိုလ်ငါးလုံးကိုဆိုသည်။

ပဉ္စမက္ခရာ ၅-လုံး။ ။ ၀ဂ်ငါးပါးတို့တွင် ၅-လုံးမြောက်စီ ဖြစ်သော
"င, ည, ဏ, န, မ" အက္ခရာငါးလုံးကို ခေါ်ဆိုသည်။

ပဉ္စမူကြီး ၅-ပါး။ ။ ဘယဆေး ဝေါဟာရ၊ သာရကောမုဒိကျမ်း၌
"ဥသျှစ်, ကြောင်လျှာ, ရမနေ, သံသတ်, တပဆေး" ဤအမြစ် ငါးပါးကို ပဉ္စမူကြီးဟု ခေါ်ဝေါ် ပညတ်လေသည်၊ ဒဗ္ဗဂုဏကျမ်း၌ကား သံသတ်အရာတွင် သခွတ်ကို ထည့်ယူနိုင်သည်ဟုလည်း မှာကြားထားသေးသည်။

ပဉ္စမူကြီး ၅-ပါး၊ တနည်း။ ။ "ပိတ်ချင်းမြစ်, ဆင်ခရမ်းမြစ်, သာလပြရဏီမြစ်, ပြဿပြရဏီမြစ်, ကနခိုမြစ်" ၎င်းင်း ၅-ပါးကိုလည်း တနည်းယူကြသည်။

ပဉ္စမူငယ် ၅-ပါး။ ။ ဘယဆေး ဝေါဟာရ။
(၁) ကြံနက်မြစ်၊
(၂) မြေဇာမြစ်၊
(၃) မြားမြစ်၊
(၄) ကိုင်းမြစ်၊
(၅) သမန်းမြစ်၊
ထိုပဉ္စမူငယ် ငါးပါးတို့သည်ကား သည်းခြေနှင့်ယှဉ်၍ ဆီးချုပ်သောအနာကိုနိုင်၏။

ပဉ္စရူပါ၊ သတ္တ၀ါ၊ ၅-ဖြာရုပ်ပုံမျိုး။ ။ ရွှေဘုံနိဒါန်း၌ ပဉ္စရူပဖေါင်တော်ကိုပြရာဝယ် အောက်ပါအတိုင်းတွေ့ဘူး၏။ (၁) ဆင်နှာမောင်း, အစွယ်နှစ်ချောင်း၊
(၂) နွားလဘို့၊
(၃) ငါးကြင်းအမြီး၊
(၄) တိုးချိုနှစ်ဖက်, လက်တဖက်, တိုးအမြီး, ခြေတဖက်၊
(၅) မြင်းနားနှစ်ဖက်, လက်တဖက်, ခြေတဖက်တို့ဖြစ်၏၊
ထို့အပြင် သတ္တရူပါရုပ်, န၀ရူပါရုပ် စသည်ရှိသေး၏။

ပဉ္စ၀ဂ္ဂီ ၅-ပါး။ ။ ငါးယောက်အစုဟု အဓိပ္ပါယ်ရသည်၊ ၎င်းင်းတို့သည် ဓမ္မစကြာတရားကို ဦးစွာ ကြားနာကြရသူများဖြစ်၍ ထိုငါးယောက်တစုကို "ပဉ္စ၀ဂ္ဂီ" ဟူ၍၎င်းင်း၊ "၀ဂ္ဂီ" ဟူ၍၎င်းင်း၊ ထိုထိုကျမ်းဂန်တို့၌ လာကုန်၏။
(၁) ကောဏ္ဍည၊
(၂) ၀ပ္ပ၊
(၃) ဘဒ္ဒိယ၊
(၄) မဟာနာမ်၊
(၅) အဿဇိ။

ပဉ္စာတပ အကျင့်မျိုး ၅-ပါး။ ။ ပဉ္စ-၅-ပါး၊
အာတပ-အပူ, အားထုတ်ခြင်း၊ ကိလေသာ အစိုပျောက်အောင် နေပူကျဲကျဲ၌ လေးမျက်နှာက မီးကြီး ၄-ပုံဖိုပြီး ထိုအလယ်၌ လူဝင်နေ၍ နေပူနှင့်တကွ အပူငါးမျိုးဖြင့်ကျင့်စဉ်ကို ခေါ်သည်။

ပဉ္စာနန္တရိယ ကံမျိုး ၅-ပါး။ ။ ၎င်းင်း သရုပ်အဓိပ္ပါယ်ကို (အနန္တရိယကံ ၅-ပါး)၌ဆိုခဲ့ပြီ။

ပဉ္စာဝုဓမျိုး ၅-ပါး။ ။ ၎င်းင်း သရုပ်အဓိပ္ပါယ်ကို (လက်နက်ကြီး ၅-ပါး)၌ ရှုပါလေ။

ပဥှာ ဗျာကရဏိယ တရား ၉-ပါး။ ။ အမေး, အဖြေ စည်းကမ်း ဥပဒေကိုးချက်ကို ခေါ်သည်၊ ၎င်းင်းသရုပ်ကို (အမေး ၅-ထွေနှင့် အဖြေ ၄-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ပညတ်မျိုး ၆-ပါး။ ။ မူလပဏ္ဏာသ ။ပါ။ ၄၈ ။ဋ္ဌ။ ပ-အုပ်၊ ၁၈၅။ ဥပရိပဏ္ဏာသ ။ဋ္ဌ။ ၂၀၇။ အနက်ကို သိစေတတ်သော သဒ္ဒပညတ် အပြား ၆-ပါးဟူ၏၊ အမည်နာမကို ဆိုသည်။
(၁) ၀ိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်, ဝေဒနာ, သညာ စသော အမည်ပညတ်မျိုး၊
(၂) အ၀ိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ, တောင်, လူ, နတ်, ရဟန်း စသော အမည်ပညတ်မျိုး၊
(၃) ၀ိဇ္ဇမာနေန အ၀ိဇ္ဇမာန ပညတ်- ထင်ရှားရှိ၍ ထင်ရှားမရှိသော 'ဆဠာ ဘိည, ရဟန်း' စသော အမည်ပညတ်မျိုး၊
(၄) အ၀ိဇ္ဇမာနေန ၀ိဇ္ဇမာန ပညတ်- ထင်ရှားမရှိ၍ ထင်ရှားရှိသော ဣတ္ထိ, သဒ္ဒေါ စသော အမည်ပညတ်မျိုး၊
(၅) ၀ိဇ္ဇမာနေန ၀ိဇ္ဇမာန ပညတ်- ထင်ရှားရှိသည်ဖြစ်၍ ထင်ရှားရှိသော စက္ခု, ၀ိညာဏ စသော အမည်ပညတ်မျိုး၊
(၆) အ၀ိဇ္ဇမာနေန အ၀ိဇ္ဇမာန ပညတ်- ထင်ရှားမရှိသည်ဖြစ်၍ ထင်ရှားမရှိသော ရာဇ, ပုတ္တော စသော အမည်ပညတ်မျိုး။

ပညာအပြား၊ ထို ၂-ပါး၊ မိန့်ကြား ဘိဓမ္မာ။ ။ အပြားအားဖြင့် သိမှုမျိုး ၂-ပါး၊ ထို့ပြင်လည်း အမျိုးမျိုးပြားသေး၏။ (၁) ယထာဘူတ ပညာ- အဟုတ်သိ အမှန်သိ ကုသိုလ်စိတ် ကြိယာစိတ်တို့နှင့် ယှဉ်သော ပညာဝိဇ္ဇာဥာဏ်၊
(၂) ၀ဉ္စနာ ပညာ-သူတပါးအား လှည့်စားဥာဏ်၊ တဏှာလောဘ ပြဋ္ဌာန်းသော စိတ္တုပ္ပါဒ် အကုသလ၀ိတက် သဘော။

ပညာအပြား၊ မျိုး ၃-ပါး။ ။ နေတ္တိ။ပါ။ဂ။ဋ္ဌ။၅၃-၅၄-တို့၌ အကျယ်ရှုပါ။
(၁) စိန္တာမယ ပညာ-ကြံစည်သဖြင့်သိအပ်သောအရာမျိုး၊
(၂) သုတမယ ပညာ- သူ့တပါးထံမှ ကြား၍ သိသောအရာမျိုး၊
(၃) ဘာဝနာမယ ပညာ- ပွားများသဖြင့် သိသော အရာမျိုး။

ပညာအပြား၊ မျိုး ၆-ပါး၊ တနည်း။ ။ ဥပရိပဏ္ဏာသ။ ပါ။၇၅။၁၀၇။ဋ္ဌ။၅၆။ သုတ်ပါထေယျ။ပါ။၁၂၉။ဋ္ဌ။၁၁၃-တို့၌ အကျယ်ရှု။
(၁) မဟာပညာ၊
(၂) ပုထုပညာ၊
(၃) ဟာသပညာ၊
(၄) ဇ၀နပညာ၊
(၅) တိက္ခပညာ၊
(၆) နိဗ္ဗေဓိကပညာ။

ပညာဥာဏ် အားနည်းခြင်း၏ အကြောင်း ၅-ပါး။ ။ ၎င်းင်းသရုပ်(ဥာဏ်ပညာ အားနည်းခြင်း အကြောင်း ၅-ပါး)နှင့်တူ၏။

ပညာမျက်စိ၊ ၅-ပါးရှိ၊ သတိဉပ၍ လင်း။ ။ ၎င်းင်းသရုပ်ကို(စက္ခု ၅-ပါး)၌ ဆိုခဲ့ပြီ။

ပညာရခြင်း၏ အကြောင်း ၈-ပါး။ ။ ပညာတိုးပွားရခြင်း၏ အကြောင်းတရား ရှစ်ပါး။
(၁) ၀ယ ပရိဏာမ-အရွယ်ကိုငဲ့သဖြင့်ရ၏၊
(၂) ယသ ပရိဏာမ-အခြံအရံကိုငဲ့သဖြင့်ရ၏၊
(၃) ပရိပုစ္ဆ-မေးမြန်းခြင်းဖြင့်ရ၏၊
(၄) တိတ္ထ၀ါသ-ကြာမြင့်စွာ နေရခြင်းဖြင့်ရ၏၊
(၅) ယောနိသော မနသိကာရ- ဝေဘန်ကြံဆခြင်းဖြင့်ရ၏၊
(၆) သာကစ္ဆ-ဆွေးနွေးတိုင်ပင်ခြင်းဖြင့်ရ၏၊
(၇) သိနေဟူပသေ၀န- ချစ်သူကို ပေါင်းသင်းခြင်းဖြင့်ရ၏၊
(၈) ပတိရူပ ဒေသာဝါသ- လျောက်ပတ်သော အရပ်၌ နေရခြင်းဖြင့်ရ၏။

ပညာရှိတို့ နစ်မြုပ်ကြောင်းမျိုး ၃-ပါး။ ။
(၁) မိုက်သောတပည့်ကို ပညာသင်ကြား လက်သုံးထားခြင်း၊
(၂) အကျင့်ယုတ်သော မိန်းမနှင့် အိမ်ထောင်ပြုခြင်း။
(၃) မသူတော်နှင့်ပေါင်းသင်းဆက်ဆံခြင်း။

ပညာရှိ လက္ခဏာ ၃-ပါး။ ။ ပဋိသမ္ဘိဒါမဂ်။ပါ။၃၆၁။ဋ္ဌ။ဒု-အုပ်။၂၄၃။နေတ္တိ။ ပါ။ ၁၄၈။ ဋ္ဌ။ ၂၅၆-တို့၌ အကျယ်ရှု။ (၁) သုစိန္တိတ စိန္တီ- ကောင်းသောအကြံကိုသာ ကြံစည်ခြင်း၊
(၂) သုဘာသိတ ဘာသီ-ကောင်းသော စကားကိုသာ ပြောဆိုခြင်း၊
(၃) သုကတ ကမ္မ,ကာရီ- အပြစ်မရှိကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး၊ အခြင်းရာ ၂၀၊ အလွှာ ၄-ပါး၊ အစပ် ၃-ပါး၊ ၀ဋ် ၃-ပါး၊ မူလ ၂-ပါး၊ ကာလ ၃-ပါး၊ သစ္စာ ၂-ပါး။ ။ ၎င်းင်းအကျယ်အသွယ်သွယ်တို့ကို နိဒါန၀ဂ္ဂသံယုတ် ပါဠိတော် ၂၄၃-မှ ၃၅၁-အထိ၊ အဋ္ဌကထာ ၁-မှ ၁၁၈-အထိ ကြည့်ရှုကြပါကုန်။

ပဋိပဒါမျိုး ၄-ပါး။ ။ မဂ်, ဖိုလ်, နိဗ္ဗာန်ရခြင်း၏ ကျင့်ရပုံ အတန်းအစားများ ခြားနားခြင်း ၄-ပါး။
(၁) သုခပဋိပဒါ ခိပ္ပါဘိညာ- ချမ်းသာစွာကျင့် လျင်မြန်စွာရ၊
(၂) သုခပဋိပဒါ ဒန္ဓာဘိညာ- ချမ်းသာစွာကျင့် ကြာမြင့်မှရ၊
(၃) ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် လျင်မြန်စွာရ၊
(၄) ဒုက္ခ ပဋိပဒါ ဒန္ဓာဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် ကြာမြင့်စွာသော နှစ်ကာလတို့မှ ရ၊ ပဋိသမ္ဘိဒါမဂ်။ပါ။၈၂။ဋ္ဌ။ပ-အုပ်။၂၇၁။ဝိသုဒ္ဓိမဂ်။ ပ-အုပ်။၈၃။ ဒု-အုပ်။ ၃၀၆-၃၀၇-တို့၌ အကျယ်ရှုပါ။

ပဋိဘာန်မျိုး ၃-ပါး။ ။ ပဋိဘာနပုဂ္ဂိုလ် ၃-ပါး ဟုလည်း ကျမ်းဂန်တို့၌လာရှိသည်။
(၁) ပရိယတ္တိ ပဋိဘာန- ပရိယတ်ကျွမ်းကျင် ပိဋကဥာဏ်မြင်ထိုးဖေါက်နိုင်ခြင်းမျိုး၊
(၂) ပရိပုစ္ဆာ ပဋိဘာန- သဘော သဘာဝတ္ထကို တိကျမှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်ခြင်းမျိုး၊
(၃) အာဂမ ပဋိဘာန- မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိ,မြင် သွားနိုင်သောဥာဏ်မျိုး။

ပဋိသန္ဓာရမျိုး ၂-ပါး။ ။ ရှင်,ရှင်ချင်း၊ လူ, လူချင်း၊ မင်း, မင်းချင်း၊ တဦးနှင့်တဦး, တနိုင်ငံနှင့် တနိုင်ငံ, မေတ္တာမပျက် အဆက်ဆက် ချစ်ခင်ချောမော ပြေပြစ်ညီညွတ်၍သွားရန် အဆက်အစပ် ပြုခြင်းများ၊ လက္ခဏမိဂ ဇာတ် အဋ္ဌကထာ။
(၁) ပစ္စယ ပဋိသန္ဓာရ- ပစ္စည်း ဥစ္စာဖြင့် စေ့စပ် ချောမော ပြေပြစ်အောင် လက်ဆောင်ပဏ္ဏာ ပြုလုပ်မှု၊
(၂) ဓမ္မ ပဋိသန္ဓာရ-တရားသော စကားဖြင့် အပြေအပြစ် ပြောဆိုမှု, သွန်သင်ဆုံးမ နည်းလမ်းပြမှု, အကြံဥာဏ်ပေးမှု ပြုလုပ်ခြင်း။

ပဋိသန္ဓေမျိုး ၄-ပါး။ ။ ထိုထိုဘ၀၏အစတည်နေရမှု ဖြစ်စဉ်မျိုး အပြားလေးပါး။
(၁) ဥပပတ် ပဋိသန္ဓေ-ကိုယ်ထင်ရှား ဘွားကနဲ ဖြစ်ပေါ်လာသော နတ်, ဗြဟ္မာ, ပြိတ္တာ ပဋိသန္ဓေမျိုး၊
(၂) သံသေဒဇ ပဋိသန္ဓေ- အညှိကိုစွဲ၍ အလွန်သေးငယ်စွာမှ တဖြည်းဖြည်း ကြီးပွားရသည့် ပိုးလောက်စသော ပဋိသန္ဓေမျိုး၊
(၃) အဏ္ဍဇ ပဋိသန္ဓေ- ဥခွံတွင်း၌ နေရသည့် ကြက်, ငှက် စသော ပဋိသန္ဓေမျိုး၊
(၄) ဇလာဗုဇ ပဋိသန္ဓေ- မိခင်၏ သားအိမ်၌ နေရသော လူ, ခွေး စသည့် ပဋိသန္ဓေမျိုး။
မှတ်ချက်။ ။ အဏ္ဍဇနှင့် ဇလာဗုဇကို ပေါင်း၍ ဂဗ္ဘသေယျက ပဋိသန္ဓေ ဟုခေါ်သည်မှတ်။

ပဋိသန္ဓေ တည်ခြင်း အင်္ဂါ ၃-ပါး၊ ၇-ပါး၊ ၈-ပါး၊ ၃-နည်း။ ။ ဂဗ္ဘသေယျက ပဋိသန္ဓေတည်နိုင်ပုံ အကြောင်းများ၊ ၎င်းင်းအကျယ်ကို (ကိုယ်ဝန်တည်နိုင်ခြင်း အင်္ဂါ ၃-ပါး၊ ၇-ပါး၊ ၈-ပါး) ၌ရှုပါ။

ပဋိသမ္ဘိဒါ ဥာဏ် ရ ကြောင်း အင်္ဂါ ၈-ပါး။ ။ ၎င်းင်း တရားတို့ကို ဆည်းပူး ပွားစီးရာ၏။
(၁) ပုဗ္ဗယောဂ- ရှေးဘ၀၌ ၎င်းင်းဥာဏ်မျိုးစေ့ထူထောင် ဆုတောင်း စိုက်ပျိုးခဲ့ခြင်း၊
(၂) ဗာဟုသစ္စ- အကြားအမြင်များခြင်း၊
(၃) ဒေသိယ ဘာသာ ဆေက- ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကားအမျိုးမျိုးတို့ကို တတ်သိလိမ်မာခြင်း၊
(၄) အာဂမ- မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း၊
(၅) ပရိပုစ္ဆာ- ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း၊
(၆) အဓိဂမ-ဈာန်, မဂ်,ဖိုလ်တရားကိုရခြင်း၊
(၇) ဂုရု သန္နိဿယ- ဗဟုသုတပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ်ခစားခြင်း၊
(၈) မိတ္တ သမ္ပတ္တိ- ပညာရှိမိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း။

ပဋိသမ္ဘိဒါမျိုး ၄-ပါး။ ။ စတုကဂုၤတၱရ။ပါ။ ၄၇၉ ။ ႒။ ၃၅၀-၌ အကျယ်ရှုပါ။ ဗုဒ္ဓဘုရားနှင့် ဆုပါရမီဖြည့်ပြီးသော သာဝကကြီးတို့၏ ခွဲခြားစိတ်ဖြာ ဥာဏ်လေးပါး။
(၁) အတ္ထ ပဋိသမ္ဘိဒါ-အကြောင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးတရားစု, နိဗ္ဗာန်, ပါဠိတော်၏အနက်သဘော, ၀ိပါက်စိတ်, ကြိယာစိတ်, ၎င်းင်း ငါးပါးတရားစု။
(၂) ဓမ္မ ပဋိသမ္ဘိဒါ-အကျိုးကိုဖြစ်စေတတ်သော အကြောင်းဟူသမျှ, အရိယာမဂ်လေးပါး, ပါဠိတော်အစဉ်, ကုသိုလ်, အကုသိုလ်, ၎င်းင်း ငါးပါးတရားစု။
(၃) နိရုတ္တိ ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီးသော အတ္ထငါးမျိုးç ဓမ္မငါးမျိုးတို့နှင့် ဆိုင်ရာ သဒ္ဒါ, ပုဒ်, ပါဌ်ဆယ်ပါးတို့ကို ကျွမ်းကျင်နားလည်မှု။
(၄) ပဋိဘာန ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီး ပဋိသမ္ဘိဒါ ၃-ပါးလုံးကို ထူးထွေကွဲပြား ပိုင်းခြားဝေဘန်၍ သိသောဥာဏ်၊ ၎င်းင်းကို "သဗ္ဗတ္ထက ပဋိသမ္ဘိဒါဥာဏ်" ဟုလည်းခေါ်သည်။

ပဌမက္ခရာ ၅-လုံး။ ။ ၀ဂ်ငါးပါးတို့တွင် ပဌမဖြစ်သော
'က, စ, ဋ, တ, ပ' ၎င်းင်း အက္ခရာ ၅-လုံးကို သဒ္ဒါစည်းမျဉ်းအရ ခေါ်ဆိုသည်။

ပဏ္ဍုက်မျိုး ၅-ပါး။ ။ ၀ိနည်းမဟာဝါ ။ပါ။ ၁၁၉ ။ဋ္ဌ။ ၂၉၇။ ယောက်ျားကောင်း ယောက်ျားမြတ်၏ အရာမ၀င် အသွင်ချို့တဲ့သူ ငါးမျိုး၊ ၎င်းင်း ၅-ယောက်ကို ရဟန်းပြုမပေးရဟု ၀ိနည်းတော်၌ ပညတ်၏။
(၁) အာသိတ္ထ ပဏ္ဍုက်-သူတပါး၏သုက်သွေးကို ပါးစပ်ဖြင့် စုပ်ယူသွင်းမျိုရမှ မေထုန်ကို ပြုနိုင်သော ယခုကာလ ပန်းစုတ်ကုလားများကဲ့သို့ လူမျိုး။
(၂) ဥဿူယ ပဏ္ဍုက်-သူတပါးတို့ သွားလာမှီဝဲ ပေါင်းဘော်နေသော မေထုန်မှုကို ချောင်းမြောင်းကြည့်ရှုရလျှင် မိမိ၏ ကိလေသာအပူ ငြူစူမှုငြိမ်းသော ပဏ္ဍုက်တမျိုး။
(၃) သြပက္ကမိက ပဏ္ဍုက်- သင်းကွပ် ထုတ်ပစ်ထား၍ ဝှေးစေ့မရှိသူကို ခေါ်ဆိုသည်၊ နန်းတော်သူများနှင့်ဖေါက်ပြား ပေါင်းဖေါ်လိုတဲ့စိတ် မရှိရအောင် မိန်းမဆောင်ကိုင် အမတ်များ၏ ဝှေးစေ့ကို နွားများကဲ့သို့ သင်းကွပ်ထားသည်နှင့်တူသောသူမျိုး။
(၄) ပက္ခ ပဏ္ဍုက်- လဆန်းပက္ခ၌ဖြစ်စေ လဆုတ်ပက္ခ၌ဖြစ်စေ တပက္ခ တပက္ခ၌ ကာမအရာကို မအောင့်အီး သည်းမခံနိုင်ဘဲ အထူးပိုကဲ ထကြွသောင်းကျန်းလျက် သံဝါသဉပရမှပင် ကျေနပ်နေနိုင်သောသူမျိုး။
(၅) နပုံသက ပဏ္ဍုက်- မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးလုံးပင် အထင်အရှား လူတန်းစေ့ မရှိသူမျိုး။

ပဏာမပြား၊ မျိုး ၃-ပါး၊ သိထား ပညာရှင်။ ။ ရှိခိုးခြင်း သုံးမျိုး ဟူ၏၊ တက်လူနိုင်ငံရေးသမားတစုကား ၎င်းင်း (ပဏာမ) စကားကို "ပဏာမ အစည်းအဝေး စသည်ဖြင့်" အလွဲသုံးစာ ပြုနေကြ၏၊
(၁) ကာယ ပဏာမ- ကိုယ်လက် အင်္ဂါတို့ဖြင့် ကိုင်းညွတ် ရိုကျိုး ရှိခိုးခြင်းတမျိုး၊
(၂) ၀စီ ပဏာမ- နမာမိ, ၀န္ဒာမိ ရှိခိုးပါ၏ဟု တစုံတခုသော ဘာသာစကားဖြင့် ရွတ်ဆို ရှိခိုးခြင်း၊
(၃) မနော ပဏာမ- ကိုယ်နှုတ်မပါ စိတ်ဖြင့်သာ ရှိခိုးခြင်း။

ပဏီတ ဘောဇဉ်မျိုး ၉-ပါး။ ။ ၀ိနည်းပါဠိတော်နှင့် အဋ္ဌကထာ၊ အောက်ပါ ပဏီတ၀တ္ထုမျိုး တပါးပါးနှင့်ရောစပ်ထားသော ဆွမ်းမျိုးကို ပဏီတဘောဇဉ်ဟု ခေါ်သည်။
(၁) သပ္ပိ-ထောပတ်ဆွမ်း၊
(၂) န၀နီတ-ဆီဥဆွမ်း၊
(၃) တေလ ဆီဆွမ်း၊
(၄) မဓု- ပျားရည်ဆမ်းဆွမ်း၊
(၅) ဖာနိတ- တင်လဲဆွမ်း၊
(၆) မစ္ဆ-ငါးသား ဒန်ပေါက်ဆွမ်း၊
(၇) မံသောဒန-ဆိတ်,ကြက်,အမဲသားဒန်ပေါက်ဆွမ်း၊
(၈) ခီရ- နို့ဃနာဆွမ်း၊
(၉) ဒဓိ-ဒိန်ခဲ နို့ဓမ်း ဆွမ်းမျိုး။

ပတ္တမြား၏ ဂုဏ် ၃-ပါး။ ။ ပတ္တမြားရတနာ ၀တ်ဆင်သူ၌ ရနိုင်သောအကျိုးဂုဏ် ၃-ပါး။
(၁) ဣစ္ဆိတံ ဒေတိ- မိမိအလိုကိုပေးတတ်၏၊
(၂) အ သောကံ ဒေတိ- ရွှင်ပျ ကြည်လင်တတ်၏၊
(၃) တေဇေတိ- အာဏာတန်ခိုး ထွန်းပခြင်းကို ပြုတတ်၏။

ပတ္တမြားမျိုး ၄-ပါး၊ ၂-နည်း။ ။ အချို့ကျမ်းတို့၌ "ကြောင်ကျောက်" မျိုးကို ပတ္တမြားရတနာထည်းသို့ သွင်း၍ ရေတွက်ကြကုန်၏၊ ဤ၌ သရုပ်ကို (ကြောင်ကျောက်နှင့် ကြောင်မျက်ရွဲ) တို့၌ ပြန်ရှုပါကုန်။

ပတ္တမြားမျိုး ၆-ပါး။ ။ စွယ်စုံကျော်ထင်ကျမ်းမှ။
(၁) ၀ဇီရက္ခန်-ရဲရဲခြင်းခြင်းနီသော ရောင်ခြည်ရှိသည်၊
(၂) ဂေါမူလာ-ခရမ်းပွင့်ဝတ်ဆံကဲ့သို့ အဆင်းရောင်ရှိသည်၊
(၃) ကွမ်းပြင်ရေ-ကွမ်းသွေးကဲ့သို့ အဆင်းရောင်ရှိသည်၊
(၄) မင်းသခ- သားစိမ်းတစ်နှင့် တူသော အဆင်းရောင်ရှိသည်၊
(၅) တေလိ-နီလည်း မနီလွန်း ခပ်ညိုညိုရှိသည်၊
(၆) ရှိန်းခို- ယုန်သွေးပေါက်ကဲ့သို့ ခြင်းခြင်းပျောက်ပျောက် ထိန်ထိန်တောက်လျက် ဆူးပန်းပွင့် ခေါင်ရမ်းပွင့်နှင့်လည်း တူသည်။

ပတ္တမြား မျိုးပြား ၂၄-ပါး။ ။ မိလိန္ဒပဥှာ ။ပါ။ ၁၂၂-၁၂၃-၌ အကျယ်ယူပါ။
ဝဇီရော- ၀ဇီရစိန်, ၀ရဇိန်, စိန် ရတနာ၊
မဟာ နီလော- မြညိုကြီး, ကြောင်မျက်နက်ပြာ၊
ဣန္ဒနီလော- ကျောက်စိမ်း, သိကြားသက်တန့်ရောင်ကျောက်၊
မဟာရင်္ဂေါ- မဟူရာကျောက်, မဟာရင်္ဂ ပတ္တမြား၊
ဝေဠုရိယော- ၀င်သ၀ဏ်, ကြောင်မျက်ရွဲ၊
ပဒုမ ရာဂေါ- ပဒုမ္မာ အဆင်းရှိသော ပတ္တမြား၊
ဖုဿ ရာဂေါ- ဥဿဖယား, သခွါး ငဆစ်ရောင် ပတ္တမြား၊
ကရတ္တ၀ါနော- ကရတ္တ၀န်ခေါ် ပတ္တမြား, ကြတ္တ၀န်၊
ပုလောကော- ပုလောက ပတ္တမြား၊
ဝိမလော- ညစ်ကြေးစင်သော ပတ္တမြား၊ (၁၀)
လောဟိတင်္ဂေါ- ပတ္တမြားနီ, ကျောက်နီ၊
ဖလိကော- ဖလ်မှန်ကျောက်မျက်၊
ပ၀ါဠော- သန္တာကျောက်မျက်၊
ဇောတိရသော- ကျောက်စုန်း, ဇောတရသ်ကျောက်၊
ဂေါမုတ္တကော- ဂေါမုတ်, ဂေါ်မုတ်ကျောက်၊
ဂေါမေဒကော- ဂေါမြိတ်, ဂေါ်မိတ်ကျောက်၊
သောဂန္ဓိကော- ကြာသိမ်သွေးရောင် ပတ္တမြား၊
မုတ္တာ- ပုလဲမျိုးရှစ်ပါး၊
သင်္ခေါ- ခရုသင်းကြီး, အရောင်တောက်ပသော သင်္ခကျောက်၊
အဉ္ဖန မူလော- ကျောက်မျက်စဉ်း, မျက်စဉ်းကျောက်၊ (၂၀)
ရာဇ၀ဋ္ဋော- အရောင်လည်သော မင်းသုံးပတ္တမြား၊
အမတံသုတော- အမြိုက်ကျောက်, အမရခေါ် မြတမျိုး၊
ပံယတော- ပယင်းကျောက်မျက်၊
ဗြဟမဏိ- ကြီးသော ပတ္တမြား, ဗြဟ္မဏိကျောက်၊ (၂၄)
ဣတိ ဣမေ စတုဝီသတိ- ဤ ၂၄-ပါးတို့သည်၊ မဏီနာမ- ပတ္တမြားတို့မည်ကုန်၏။

ပတ်လုံး ၂၂-လုံး။ ။ ဆိုင်းဝိုင်းကြီး အတွင်း၌ သုံးသော ပတ်လုံးမျိုး ၂၂-လုံးဟူ၏၊ ဗယ်မှ ညာသို့ အစဉ်အတိုင်းယူလေ၊
ဒုန်းခဲကြီး, လက်သဲ, တဆစ်လုံး, ဘယ်တျော, ဘယ်တေး, ဒူးလုံး, တေးလက်, တျာလက်, ပတ်စာတပ်, ငါးပေါက်လုံး၊ (၁၀) လေးပေါက်လုံး, သုံးပေါက်လုံး, နှစ်ပေါက်လုံး, သံကုန်ဖျား, တျောဖျား, ခြောက်ပေါက်ဖျား, ငါးပေါက်ဖျား, လေးပေါက်ဖျား, သုံးပေါက်ဖျား, နှစ်ပေါက်ဖျား၊ (၂၀)
သံကုန်ညွန့်, ကြူသံ ဆူသံ၊ ပေါင်း ၂၂-လုံးဖြစ်၏။

ပတ္ထနာမျိုး ၂-ပါး။ ။ ဆုတောင်းခြင်း, တောင့်တခြင်း ၂-ပါး။
(၁) တဏှာ ပတ္ထနာ- လောကီချမ်းသာ ဘ၀၏ကောင်းစားရေးကို တောင့်တခြင်း၊
(၂) ဆန္ဒ ပတ္ထနာ- ဘ၀၏လွတ်ရာ နိစ္စသုခ ဖြစ်သော နိဗ္ဗာနဓာတ်ကို တောင့်တခြင်း။
မူလပဏ္ဏာသ။ ပါ။ ၅။ဋ္ဌ။ ပ-အုပ်။ ၄၃-၌ အကျယ်ရှု။

ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခြင်း အင်္ဂါ ၈-ပါး။ ။ ၎င်းင်းသရုပ်ကို 'သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး' ၌ကြည့်ပါ။

ပထ၀ီဓာတ်မျိုး ၂-ပါး။ ။ မြေထပ် မြေလွှာမျိုး ၂-ပါး။
(၁) သိလာ ပထ၀ီ- ယခုလက်ရှိ ရွှံ့မြေ၏ အောက်ထပ်၌ရှိသော ကျောက်မြေထု၊
(၂) ပံသု ပထ၀ီ- သီလာမြေထက်၌ ရှိသော မြေစိုင် မြေခဲ မြေမှုန့်စု။

ပထ၀ီဓာတ်မျိုး ၃-ပါး။ ။ အရည်,အပြော့,အမှုန့်,အခဲ စသော ဓာတ်သဘောအပြား သုံးပါး။
(၁) သာဓာရဏ ပထ၀ီ- ဆီမီးလျှံထဲ၌၎င်းင်း, တိုက်ခတ်နေသော လေထဲ၌၎င်းင်း, ပါရှိသည့် မြေဓာတ်သဘောနု အမှုံကလေးတမျိုး၊
(၂) ပံသု ပထ၀ီ- ပြော့ပြော့ မြေမှုန့်နှင့် အစိုင်အခဲ ဖြစ်သောမြေကိုခေါ်သည်၊
(၃) သိလာ ပထ၀ီ- ကျောက်စိုင်, ကျောက်ခဲ, ကျောက်တောင်တို့ကို ခေါ်ဆိုသည်။

ပထ၀ီဓာတ်မျိုး ၂၀။ ။ မူလပဏ္ဏာသ ။ပါ။ ၁၉၇။ ဋ္ဌ။ ဒု-အုပ်။ ၃၇။ ကိုယ်ခန္ဓာအတွင်း၌ ပထ၀ီဓာတ်လွန်ကဲ၍ မာခဲသော ရုပ်ပေါင်း ၂၀၊
ကေသာ-ဆံပင်၊
လောမာ- မွေးညှင်း၊
နခါ- ခြေသည်း လက်သည်း၊
ဒန္တာ-သွား၊
တစော- အရေ၊
မံသံ- အသား၊
နှာရု- အကြော၊
အဋ္ဌိ- အရိုး၊
အဋ္ဌိမိဉ္ဇံ- ရိုးတွင်း ခြင်ဆီ၊
ဝက္ကံ- အညှို့၊ (၁၀)
ဟဒယံ- နှလုံး၊
ယကနံ- အသည်း၊
ကိလောမကံ- အမြှေး၊
ပိဟကံ- အဖျဉ်း, အရွတ်၊
ပပ္ဖါသံ- အဆုတ်၊
အန္တံ- အူမ၊
အန္တဂုဏံ- အူသိမ်၊
ဥဒရိယံ- အစာသစ်၊
ကရီသံ- အစာဟောင်း၊
မတ္ထလုင်္ဂံ- ဦးနှောက်၊ (၂၀)။

ပဒ ဒေါသမျိုး ၈-ပါး။ ။ စာစီဖွဲ့ကုံးရာ၌ ရှောင်ကြဉ်ရမည့် ဥပဒေသရှစ်ချက်။
(၁) ၀ိရုဒ္ဓတ္ထန္တရ ဒေါသ-ဆန့်ကျင်ဘက် အနက်တပါးရှိသော သုံးနှုန်းမှု၊
(၂) အဓျတ္ထ ဒေါသ-မတန်ရာသော ဂုဏ်ကြီးဖြင့် ချီးကျူးသုံးနှုန်းမှု၊
(၃) ကိလိဋ္ဌ ဒေါသ- လိုရင်းအနက် သိနိုင်ခက်သော ပုဒ်ပါဌ်မျိုး၊
(၄) ၀ိရောဓိ ဒေါသ- အများသုံးနှင့် ဆန့်ကျင်ခေါ်ဝေါ် သုံးနှုန်းမှု၊
(၅) နေယျ ဒေါသ- ပုဒ်တပါးကို ဆောင်ယူဖြည့်စွက်မှ လိုရင်းအနက် သိရမှု၊
(၆) ၀ိသေသနာပက္ခ ဒေါသ-ငဲ့စရာ ၀ိသေသနပုဒ်များ လိုနေမှုအပြစ်၊
(၇) ဟီနတ္ထက ဒေါသ- ကြီးမြတ်သော ဂုဏေကြီးကို သေးငယ်သော ဂုဏ်ကလေး၌ သုံးနှုန်းထားခြင်းမျိုး၊
(၈) အနတ္ထက ဒေါသ- အနက်အထူးမရှိ, ပုဒ် ကာရန် ပြည့်ရုံမျှ ထည့်သွင်းစီကုံးမှု။

ပဒုမာမျိုး ၅-ပါး။ ။ ပဒုမာ ခေါ် ကြာမျိုးငါးပါး၊ ဤ၌ အချို့ ပဒုမာမျိုးကား ဘုရားလောင်း ပဋိသန္ဓေနေချိန်ç ဖွားတော်မူချိန်ç ဘုရားဖြစ်ချိန်တို့၌သာ ပွင့်ကြ ပေါက်ကြ၏၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာမှ။
(၁) ခန္ဓ ပဒုမာ- တပင်တရိုး တပွင့်ချင်းသာ ပွင့်သော ပဒုမာမျိုး၊
(၂)သာခ ပဒုမာ- ခက်လက်ဝေဆာ ပဒုမာ မျိုး၊
(၃) ဒဏ္ဍက ပဒုမာ-အရိုးမာ၍ ကျောက်ဖျာကိုပင် ခွဲထွက် ထိုးဖောက်နိုင်သော ပဒုမာ မျိုး၊
(၄) လတာ ပဒုမာ- နွယ်မျိုး ပဒုမာ ၊ သစ်ပင်ကြီးတို့၌ နွယ်တက်၍ ပွင့်၏၊
(၅) အာကာသ ပဒုမာ- ကောင်းကင်၌ တွဲလွဲဆွဲနေသော နတ်ပန်း ပဒုမာ မျိုး။

ပဓာနတရားမျိုး ၄-ပါး။ ။ စတုကင်္ဂုတ္တရ ။ပါ။၃၂၃။ဋ္ဌ။၂၆၀-၌ အကျယ်ရှုပါ။ဆင်းရဲဘေးမှ ကျွတ်လွတ်လိုသူတို့ အားထုတ်ခြင်းတရားကြီး ၄-ပါး။
(၁) သံဝရ ပဓာန- ဣနြေ္ဒစောင့်စည်းမှု၌ အားထုတ်ခြင်း၊
(၂) ပဟာန ပဓာန- အကုသိုလ်စုတို့ကို ပယ်မှု၌ အားထုတ်ခြင်း၊
(၃) ဘာဝနာ ပဓာန- ဗောဇ္ဈင်တရားတို့ကို ပွားများအားထုတ်ခြင်း၊
(၄) အနုရက္ခ ပဓာန- သမာဓိ နိမိတ်အာရုံကို စောင့်စည်းခြင်း, ထိုထို အာရုံတို့ကို အစဉ်စောင့်မှု၌ အားထုတ်ခြင်း။

ပဓာနိယင်္ဂ တရား ၅-ပါး။ ။ သုတ်ပါထေယျ ။ပါ။ ၁၉၈ ။ဋ္ဌ။ ၂၁၂။ ပဥၥဂုၤတၱရ ။ပါ။၅၇။႒။ ၂၆-တို့၌ အကျယ်ရှုပါ။ သမထ, ၀ိပဿနာ အားထုတ်သူတို့ ရှိထားရမည့် အင်္ဂါ ၅-ပါး။
(၁) သဒ္ဓါ- ရတနာသုံးပါး ဂုဏ်တော်၌ ယုံကြည်သက်ဝင်ခြင်း၊
(၂) အပ္ပ ဗာဓတာ- ကျန်းမာသန်စွမ်းခြင်း၊
(၃) အ သဋ္ဌတာ- စိတ်သဘောထား ဖြောင့်စင်းတော်တည့်ခြင်း၊
(၄) အာရဒ္ဓ ၀ီရိယတာ- အကျင့်သီလနှင့်ပြည့်စုံကာ ကြိုးပမ်းအားထုတ်မှု၊
(၅) ဥဒယတ္ထဂါမိနိပညာ- ရုပ်, နာမ်တို့၏ဖြစ်ပျက်မှုကို သိမြင်နိုင်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။

ပန်းပေါင်းစုံညီ၊ ပွင့်တံချီ၊ မျိုးမည် ၁၂၀။ ။ ပုဂံ ၀န်ထောက်မင်း ဦးတင်ထံမှ ရေးမှတ်ရဘူးသည်၊ မြန်မာဘုရင်များ လက်ထက် နန်းတွင်းသူနှင့် သားတော် သမီးတော်တို့ အလွယ်တကူသိခေါ်နိုင်ကြစေရန် ပန်းမျိုးအမည်နှင့် အပွင့်ငုံ ပုံစံတို့ကိုပါ ရောင်စုံပန်းချီ ရေးဆွဲ ပေးထားသည်၊
ကံ့ကော်ပန်း၊ ဇရည်ပန်း၊ မြစ်ကိုင်းပန်း၊ လောင်းပန်း၊ စပယ်ပန်း၊ ဒါရူပန်း၊ ဇလပ်ပန်း၊ တတိုင်းမွှေး၊ ပန်းထိမ်ငို၊ ထပ်တရာပန်း (၁၀) ၊
ဂန္ဓမာ၊ အောက်မဲညို၊ လဲပန်း၊ ဆယ့်နှစ်ရာသီပန်း၊ ပန်းသုန်းပန်း၊ ခေါင်ရမ်း၊ နှင်းပန်း၊ နေကြာ၊ စွယ်တော်၊ ပုန်းညက် (၂၀)
စံကား၊ ဖက်သွတ်၊ ခတ္တာ၊ ပန်းသွန်း၊ ယုဇန၊ ဂမုန်းအင်၊ သုံးပန်လှ၊ မလ’ာနီ၊ အောက်မဲဖြူ၊ ရွှေနွယ်၊ (၃၀)၊
ဒန့်သလက်၊ ဆတ်သ၀ါ၊ အာသာဝတီ၊ အင်ကောသ၊ အိမ်လုံးချမ်းသာ၊ ဇီဇ၀ါ၊ ပန်းသွန်း၊ မိုးစွေ၊ ထင်းရှူး၊ ဗျာပါပြေပန်း (၄၀)၊
ကြက်ရုံး၊ သရက္ခံ၊ သင်းခွေ၊ နော်ဇာ၊ သစ္စာ၊ သစ်ခွ၊ ပန်းညို၊ ကွမ်းသီးပန်း၊ လက်တော်ကုံး၊ တောင်တော်ပန်း၊ (၅၀) ၊
ဆိတ်ဖလူး၊ ဒေါ့ရင်း၊ အုန်းပန်း၊ လက်တံရှည်၊ လက်တံတို၊ မြတ်လေး၊ ရွှေဝါ၊ ကြက်မောက်၊ သဇင်၊ ခရား (၆၀)၊
ဇလတ္တာပန်း၊ ကက္ကရီပန်း၊ ထင်ရှားပန်း၊ ဆတ်သွား၊ နှင်းဆီ၊ မီးမလောင်၊ ရေခမိုး၊ ကြာညို၊ ခွန်နှစ်မည်၊ သရဖီပန်း၊ (၇၀)၊
နေဇာပန်း၊ မရမ်းကြောင်ပန်း၊ ကြာခေါင်းလောင်း၊ သပြေ၊ တရုတ်စံကား၊ ခွါညို၊ စံကားစိမ်း၊ ရွှေခွက်ပန်း၊ ဂမုန်းပန်း၊ ပိတောက် (၈၀)၊ အင်ကြင်း၊ ဆတ်သွားဖူးပန်း၊ ပရ၀ါပန်း၊ ဖယောင်းပန်း၊ ဒေါက်ဒလိပ်ပန်း၊ နန်းလုံးကြိုင်ပန်း၊ တောင်ဇလပ်ပန်း၊ ကြာပုဏ္ဍရိက်ပန်း၊ မောင်မခေါ်ပန်း၊ ပေါက်ပန်း၊ (၉၀)၊
ကက္ကရုပန်း၊ ခံစပ်ပန်း၊ ပဒုမ္မာ၊ တောင်လုံးကျော်၊ ရင်ခတ်၊ မဉ္ဇူပန်း၊ သော်ကပန်း၊ ငှက်ကလေးပန်း၊ ပျဉ်းဖြူပန်း၊ (၁၀၀)၊
လယ် ခေါင်ရမ်းပန်း၊ ဘိန်းနွဲ့ပန်း၊ မဟာ လှေကားပန်း၊ မျက်နှာပန်း၊ ဇွန်ပန်း၊ စူကာပန်း၊ ကြာဖြူ၊ ကြာတံဆိပ်၊ မရိုးပန်း၊ မောက်ခီတောပန်း၊ (၁၁၀)၊
ဦးဆောက်ပန်း၊ ဗျာပါယူပန်း၊ လွမ်းမတပန်း၊ ကြာနီ၊ ပန်းအိ ၊ ရင် ကမ်းပန်း၊ မယားကြီးပန်း၊ ယင်းမာပန်း၊ ဒ၀ယ်မှိုင်းပန်း၊ အနန်းပန်း(၁၂၀)။

ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်။ ။ ဘုရားမတင်, နတ်မတင်, လူတွင် ပန်းဆယ်ပွင့်၊ အနုပညာရပ်များ။ (၁) ပန်းထိမ်- လက်ကောက် လက်ကြပ် စသည် ပြုလုပ်သော အတတ်၊
(၂) ပန်းဘဲ- တံစည်း, စူး, ဆောက်, ပေါက်တူး စသည် ပြုလုပ်မှု အတတ်၊
(၃) ပန်းပု- အပြောက်ထု, ရုပ်လုံးဖေါ် အတတ်၊
(၄) ပန်းချီ- မင်ဆေးရေးမှု အတတ်၊
(၅) ပန်းရန်- အုတ်, ကျောက်စီမှု အတတ်၊
(၆) ပန်းတဉ်း, ပန်းတင်း- ကြေးစည် ခေါင်းလောင်းသွန်းမှု အတတ်၊
(၇) ပန်းတော့- အင်္ဂတေပန်းလှီးအတတ်ပညာ၊
(၈) ပန်းတမော့-ကျောက်ဆစ်, ကျောက်ရုပ်ထု အတတ်ပညာ၊
(၉) ပန်းပွတ်- ပွတ်ခံသမား အတတ်ပညာ၊
(၁၀) ပန်းယွန်း- ယွန်းပြောက်ယွန်းထည် ပြုလုပ်မှု အတတ်ပညာ။
မှတ်ချက်။ ။ ပန်းတျာ, ပန်းဒျာခေါ် ဂီတပညာနှင့် ပန်းရွဲ, ခေါ် ရွဲသွေး ကျောက်သွေး အတတ်တို့ထည့်၍ ၁၂-ပါးရှိကြောင်းနှင့် ပညာရှိတို့ ယူကြသေး၏။

ပန်းမျိုး ၅ပါး၊ ဖေါ်စပ်စား၊ ဆေးများ အားဘုရင်။ ။ ၎င်းင်းတို့ကို အမှုန့်ပြု၍ အစားအစာ၌ ထည့်ခတ်စားက အားတိုးသည်ဟူ၏။
(၁) ပန်းဥ၊
(၂) ပန်းနု၊
(၃) ပန်းရင်း၊
(၄) ပန်းမ၊
(၅) ပန်းလဲ တို့ဖြစ်၏။

ပန်းမြတ်မာလာ၊ ၇-ဖြာ၊ နန်းလျာ တော်ဝင်သုံး။ ။ မင်းစဉ် နန်းသုံးဖြစ်သော ပန်းမြတ် ၇-ပါးဟူ၏၊ ၎င်းင်းကို ရှေးဟောင်းလင်္ကာ အတိုင်းပြလိုက်သည်၊
"အဂ္ဂဇေယျ၊ ပ သ အောင်ပန်း၊ ရွှေနန်း မင်းသုံး၊
ဒန်း, အုန်းညွန့်ညို၊ ကက္ကို, နေဇာ၊ မာလာချယား၊ ပတ္တမြားညွန့်ထီး၊ သပြေသီးဟု၊ ပန်းကြီး အမြတ်၊ ခုနစ်ရပ်"။

ပန်းလှူရကျိုး ၅-ပါး။ ။ ဤကားအကျိုးများစွာတို့တွင် ထူးခြားသော အကျိုးငါးပါးဟုသာ မှတ်ရာ၏။
(၁) လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း၊
(၂) သင်းပျံ့မွှေးကြိုင်သော ကိုယ်ယနံ့ရှိခြင်း၊
(၃) နတ်လူတို့ ချစ်ခင်မြတ်နိုးခြင်း၊
(၄) ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
(၅) ကိုယ်စိတ်ချမ်းသာ ရွှင်လန်းခြင်း။

ပပဉ္စတရား ၃-ပါး။ ။ သုတ်မဟာဝါ။ပါ။ ၇ ။ဋ္ဌ။ ၁၈-၌ အကျယ်ရှုပါ။ သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါး။ (၁) တဏှာ- လိုချင်နှစ်သက် စွဲလမ်း တွယ်တာမှု သဘော၊
(၂) မာန- ဆရာမထား ထောင်လွှားမော်ကြွားမှု သဘော၊
(၃) ဒိဋ္ဌိ- အယူအစွဲ မှားယူမှု သဘော။

ပဗ္ဗဇ္ဇပြား၊ မျိုး ၃-ပါး၊ ခွဲခြား စိတ်ဖြာသိ။ ။ သုတ် မဟာဝါနှင့် ၀ိနည်းမဟာဝါ အဋ္ဌကထာတို့၌ လာရှိ၏။
(၁) ဘိက္ခုပဗ္ဗဇ္ဇ- ရဟန်းပဉ္စင်း၏ အဖြစ်၊
(၂) သာမဏေရ ပဗ္ဗဇ္ဇ- ရှင်သာမဏေ၏ အဖြစ်၊
(၃) ဣသိ ပဗ္ဗဇ္ဇ- ရသေ့၏ အဖြစ်။

ပယ်မျိုး ၂-ပါး၊ မြေကွက်ခြား၊ မှတ်သား သိစရာ။ ။ အတိုင်း အရှည် ပမာဏ၊ 'ကရီသ' ဟူသောပါဠိ၏ မြန်မာပြန် 'ပယ်' သည်၊
(၁) ဆင်းရဲသား ပယ်၊
(၂) မင်း ပယ် ဟု ၂-မျိုးရှိရာ၊
ယခုခေတ် ပေ လက်မဖြင့် ၁၈-လက်မကို တတောင်ယူ၍ ထို ၇-တောင်ကို တတာဟု အမှတ်ပြုလျက် ၂၅-တာပတ်လည်ရှိ အကွက်တရပ်ကို ဆင်းရဲသား တပယ်ဟု ခေါ်စေလေသည်၊ ထိုဆင်းရဲသား တပယ်သည် ခုနစ်တောင်တာ ပတ်လည်ပေါင်း ၆၂၅၊ (၀ါ) တာကွက်ပေါင်း ၆၂၅-ကွက်မျှ ရှိလေသည်၊ မင်းပယ်မှာ ဆင်းရဲသားပယ်၏ နှစ်ဆဖြစ်လေသည်။

ပယောဂအပြား မျိုး ၄-ပါး။ ။ ရောဂါဖြစ်ခြင်းအကြောင်း သို့မဟုတ် ယှဉ်စပ်ခြင်း လေးပါး။
(၁) သွေးပယောဂ၊
(၂) လေပယောဂ၊ ဤကား ဓာတ်ဗိန္ဓောဆရာတို့ အလို၊
(၃) ၀ိဇ္ဇာမယ ပယောဂ၊
(၄) ဣဒ္ဓိမယ ပယောဂ၊ ဤကား မှော်ဝိဇ္ဇာ အောက်လမ်းဆရာတို့ အလို။

ပယောဂမျိုး ၆-ပါး။ ။ ကမ္မပထမြောက်ရန် လုံ့လ အားထုတ်မှု ၆-ပါး။
(၁) သာဟတ္ထိက ပယောဂ- ကိုယ်ထိလက်ရောက် အားထုတ် လုပ်ကိုင်မှု၊
(၂) အာဏတ္တိက ပယောဂ-နှုတ်ဖြင့်၎င်းင်း, စိတ်ဖြင့်၎င်းင်း, အရိပ်နိမိတ်ဖြင့်၎င်းင်း ခိုင်းစေမှု၊
(၃) နိဿဂ္ဂိယ ပယောဂ- လေး, သေနတ်, အမြောက်လက်နက်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊
(၄) ထာဝရ ပယောဂ- အမြဲထာဝရ တည်ထားပြုလုပ်စေသော ကျုံး, တွင်း, ချောက် စသော ပယောဂမျိုး၊
(၅) ၀ိဇ္စာမယ ပယောဂ- အတတ်ပညာ အင်းအိုင် လက်ဖွဲ့စသည်တို့ဖြင့် ပြုလုပ်မှုမျိုး၊
(၆) ဣဒ္ဓိမယ ပယောဂ- ကံ၏အကျိုးဣဒ္ဓိ, ဟုခေါ်သော တန်ခိုးတို့ဖြင့် ပြုလုပ်မှုမျိုး။
မှတ်ချက်။ ။ ဤ ၆-ပါးကား အများအားဖြင့် အကုသိုလ် ပါဏာတိပါတ၌ ပြသော်လည်း ကုသိုလ် အရာ၌လည်း ဖြစ်သလိုယှဉ်သင့်သေး၏။

ပရဒါရ၊ ကံထိုက်ကြ၊ မိန်းမ ၁၂-ဖြာ။ ။ ၎င်းင်း သုတေသနရပ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး ၂၀)၌ သီးခြား ရှင်းပြခဲ့ပြီ။

ပရမတ္ထ တရား ၄-ပါး။ ။ 'စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်' ၎င်းင်း ၄-ပါးကို မဖောက်မပြန် မြတ်သောကြောင့် ပရမတ် ခေါ်သည်။

ပရိက္ခရာ ၈-ပါး။ ။ ၀ိနည်း ပါရာဇိက ။ဋ္ဌ။ ပ-အုပ်။၂၀၅။ ရဟန်းတော်များ၏ အသုံးအဆောင်မျိုး ၈-ပါး။
(၁) ပတ္တ- သပိတ်၊
(၂) (၃) (၄) တိစီဝရိက်- သင်္ကန်း ၃-ထည်၊
(၅) ကာယ ဗန္ဓန- ခါးပန်းကြိုး၊
(၆) ၀ါသိက- သင်ဓုန်းဓား၊
(၇) သူစိ-အပ်, အပ်ချည်၊
(၈) ပရိသာဝန- ရေစစ်။

ပရိက္ခရာ ၁၂-ပါး။ တနည်း။ ။ အထက်ပါ ပရိက္ခရာ ၈-ပါး၌။
(၁) စမ္မခဏ္ဍ- သားရေနွယ်၊
(၂) ဥပါဟန- ဘိနပ်၊
(၃) ဗီဇနီ- ယပ်တောင်၊
(၄) ဆတ္တ- ထီး၊
၎င်းင်း ၄-ပါးထည့်၍ ၁၂-ပါးဖြစ်၏။

ပရိက္ခရာပိုင်သူ ၄-ပါးနှင့်၊ သုံးဆောင်နည်း ၄-မျိုး။ ။
(၁) သကသန္တက ပရိက္ခရာ- ပုဂ္ဂလိက ရဟန်းပိုင်၊ ရက္ခိတဗ္ဗ, ဂေါပိတဗ္ဗ, မမာယိတဗ္ဗ နည်းတို့ဖြင့် သုံးဆောင်နိုင်၏၊
(၂) သံဃိက ပရိက္ခရာ- ရက္ခိ, ဂေါပိ, မမာယိတို့ဖြင့်ဆိုင်၏၊ ကိုယ်မပိုင်ရ၊
(၃) စေတိယ သန္တက ပရိက္ခရာ-ရက္ခိ, ဂေါပိနှစ်ပါးနှင့်သာဆိုင်၏၊
(၄) ပရသန္တက ပရိက္ခရာ- အထက်နည်း ၄-ပါးတို့နှင့် လုံးဝမဆိုင်၊ သူပိုင် ပရိက္ခရာသာ ဖြစ်၏။

ပရိညာမျိုး ၃-ပါး။ ။ မူလပဏ္ဏာသ။ဋ္ဌ။ပ-အုပ်။၃၀။
(၁) ဥာတပရိညာ-ပရမတ္ထရုပ်, နာမ်, ဓမ္မတို့၏ သဘောတရားကို ပိုင်းခြား၍ သိခြင်း၊
(၂) တိရဏ ပရိညာ-ထိုရုပ်နာမ် သင်္ခါရ တရားစုကို အနိစ္စ,ဒုက္ခ,အနတ္တ ဟု လက္ခဏာရေး သုံးပါးဖြင့် ပိုင်းခြားသိမြင်မှု၊
(၃) ပဟာန ပရိညာ- ကိလေပယ်သတ် မဂ် ၄-ရပ်ဖြင့် နိဗ္ဗာနဓာတ်ကို တတ်တတ်ထင်ထင် သိမြင်မှု။

ပရိတ်ကြီး ၁၁-သုတ်။ ။ ပတ်ဝန်းကျင် ဘေးရန်ကို ကာကွယ်ပေးတတ်သော တရားတော် ၁၁-သုတ်။
(အသံတရား သို့)
(၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ၀ဋ္ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာဋိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်။

ပရိတ်နာသူ၏ အင်္ဂါ ၃-ပါး။ ။ ပရိတ်တရားနာသူတို့ဖက်က ပြည့်စုံကြရမည့် အင်္ဂါ ၃-ပါး ဟူလို၊ ၎င်းင်းသုံးပါးနှင့် ပြည့်စုံမှ ချေးညှော်ကို ရေနှင့်ဆေးပစ်သည့်အလား ဘေးရန်များကို တားမြစ် ပျောက်ကင်း စေနိုင်သည်။
(၁) အားကြီးလွန်ကဲသော မကောင်းမှု အကုသိုလ်ကံ ခေါ် 'ကမ္မာဝရဏ' မရှိခြင်း၊
(၂) မှားသော အယူ 'မိစ္ဆာဒိဋ္ဌိ' ခေါ် 'ကိလေသာ ၀ရဏ' မရှိခြင်း၊
(၃) ပရိတ်တော်ကို မရိုမသေ မလေးမစား မယုံကြည်ခြင်း 'အ သဒ္ဓဟနတာ' မရှိခြင်း။

ပရိတ်ရွတ်သူ၏ အင်္ဂါ ၃-ပါး။ ။ သုတ်ပါထေယျ ။ပါ။ ၁၆၄ ။ဋ္ဌ။၁၅၀။ ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့ ဖက်က ၎င်းင်း အင်္ဂါ ၃-ပါးနှင့် ပြည့်စုံမှ ဘေးရန်တားကျိုး တန်ခိုး ထက်မြက်မည်။
(၁) မိမိ ရွတ်ဖတ်သော ပရိတ်တော်၏ အနက် အဓိပ္ပါယ်ကို သိရခြင်း၊
(၂) ပရိတ်တော်၏ ပါဠိ, ပုဒ်, ဗျည်း, အက္ခရာ, ဌာန်, ကရိုဏ်း တို့ကို ကျန မှန်ကန်စွာ ရွတ်တတ်ရခြင်း၊
(၃) ပရိတ်နာသူ အပေါ်၌ လာဘ်စသည် မငဲ့ဘဲ တကဲ့ ကောင်းမြတ် စင်ကြယ်သော မေတ္တာစေတနာ ထားရှိရခြင်း။

ပရိနိဗ္ဗာန်မျိုး ၃-ပါး။ ။ ဥပရိပဏ္ဏာသ။ဋ္ဌ။၈၁-၌ အကျယ်ရှု။ ဘုရားသခင်၏ ပရိနိဗ္ဗာန် ၃-ပါး။
(၁) ကိလေသ ပရိနိဗ္ဗာန်- ဗောဓိမဏ္ဍိုင်၌ ကိလေသာငြိမ်းချမ်းခြင်း။
(၂) ခန္ဓ ပရိနိဗ္ဗာန်- ကုသိနာရုံ၌ ခန္ဓာတော်ငြိမ်း ခန္ဓာဓာတ်သိမ်းခြင်း၊
(၃) ဓာတု ပရိနိဗ္ဗာန်- သာသနာတော် ကွယ်သောအခါ ဓာတ်တော် မွေတော်တို့ စုရုံး၍ ဗောဓိမဏ္ဍိုင် နေရာ၌ တေဇောဓာတ် လောင်၍ ကွယ်ငြိမ်းခြင်း။

ပရိဘောဂမျိုး ၄-ပါး။ ။ မဇ္ဈိမပဏ္ဏာသ။ပါ။၃၀၈။ဋ္ဌ။၂၃၆။ ၀ိသုဒ္ဓိမဂ်-ပအုပ် ၄၁-တို့၌ရှုပါ၊
ရဟန်းသာမဏေတို့အတွက် ပစ္စည်းသုံးဆောင်မှုမျိုးလေးပါး။
(၁) ထေယျ ပရိဘောဂ-သိက္ခာသီလမရှိဘဲ ပစ္စည်းလေးပါးကိုသုံးဆောင်ခြင်း၊ 'သူခိုး'၊
(၂) ဣဏ ပရိဘောဂ-ပစ္စဝေက္ခဏာ မဆင်ခြင် ပုတီးမစိပ်ဘဲ သုံးဆောင်ခြင်း၊ 'အကြွေး'၊
(၃) ဒါယဇ္ဇ ပရိဘောဂ-သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့ သုံးဆောင်ခြင်း၊ 'အမွေခံ'၊
(၄) သာမိ ပရိဘောဂ- ရဟန္တာပုဂ္ဂိုလ်တို့ သုံးဆောင်ခြင်း၊ 'ပိုင်ရှင်'။

ပရိယတ္တိ၏ အင်္ဂါ ၉-ပါး။ ။ ၎င်းင်းသရုပ် (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာ ဝေဘန်သိ) ၌ရှုပါ။

ပရိယတ္တိ၏ သင်ယူနည်းမျိုး ၃-ပါး။ ။ တရားနာခြင်း စာပေ သင်ကြားခြင်း အပြား ၃-ပါး၊ ၀ိနည်းအဋ္ဌကထာ။
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းနည်းမတတ်၍ မြွေကိုက်သေသော ဥပမာ၊ မိမိတတ်ရှိသော စာပေ ပညာဖြင့် သူတပါးအား နှိပ်နင်းရန်၊ တပါးရန်ကို ကာကွယ်ရေး ဟူသော သဘောထားဖြင့် သင်ယူခြင်းမျိုး၊ အကျိုးလုံးဝမရှိ၊ အပါယ် ၄-ပါး အစာသာ ဖြစ်၏။
(၂) နိဿရဏတ္ထ ပရိယတ္တိ-၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုး၊ အကျိုးရှိ၏၊ မဂ်, ဖိုလ်, နိဗ္ဗာန် ရ,ရောက်နိုင်၏။
(၃) ဘဏ္ဍာဂါရိက ပရိယတ္တိ-ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေ ပရိယတ္တိတွေ မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော သင်နည်းမျိုး၊ ကိုယ်ကျိုးမရှိ၊ မဂ်, ဖိုလ် မရနိုင်။

ပရိသတ် ၄-ပါး။ ။ စတုကင်္ဂုတ္တရ။ ပါ။ ၄၀၄။ဋ္ဌ။၃၂၄။ လူထုစုဝေးပွဲသဘင် အစု လေးပါး။
(၁) ဘိက္ခု- ရဟန်းယောက်ျား ပရိသတ်၊
(၂) ဘိက္ခုနီ- ရဟန်းမိန်းမပရိသတ်၊
(၃) ဥပါသကာ- သီတင်းသည်ယောက်ျားပရိသတ်၊
(၄) ဥပါသိကီ- သီတင်းသည် မိန်းမ ပရိသတ်။

ပရိသတ် ၄-ပါး၊ တနည်း။ ။
(၁) လူ, ပရိသတ်၊
(၂) နတ်, ပရိသတ်၊
(၃) ဗြဟ္မာ, ပရိသတ်၊
(၄) ရဟန်း, ပရိသတ်။

ပရိသတ် ၈-ပါး။ ။ အဋ္ဌင်္ဂုတ္တရ။ ပါ။ ၁၂၇။ဋ္ဌ။၂၄၆။
(၁) ခတ္တိယ ပရိသာ- မင်း, ပရိသတ်၊
(၂) ဗြာဟ္မဏ ပရိသာ- ပုဏ္ဏား, ပရိသတ်၊
(၃) ဂဟပတိ ပရိသာ- သူကြွယ် သူဋ္ဌေး, ပရိသတ်၊
(၄) သမဏ ပရိသာ- ရဟန်း, ပရိသတ်၊
(၅) စာတု မဟာရာဇိက ပရိသာ- စတုမဟာရာဇ်နတ်, ပရိသတ်၊
(၆) တာဝတိံသာ ပရိသာ- တာဝတိံသာနတ်, ပရိသတ်၊
(၇) မာရပရိသာ- မာရ်မင်း, ပရိသတ်၊
(၈) ဗြဟ္မ ပရိသာ- ဗြဟ္မာ, ပရိသတ်။

ပရိသတ် ကြောက်ရွံ့သော ပုဂ္ဂိုလ် ၅-ယောက်။ ။ ပရိသတ်ထဲ မတိုးမ၀င် မပြောမဆိုဝံ့ခြင်းမျိုး ၅-ပါး ဟူ၏၊ ပဉ္စဂုင်္တ္တရ ပါဠိတော် ၁၆၁-၌ အကျယ်ရှု။
(၁) အသဒ္ဓပုဂ္ဂိုလ်၊
(၂) ဒုဿီလ-အကျင့်သီလ ပျက်နေသူ၊
(၃) အပ္ပသုတ- အကြား, အမြင်နည်းသူ၊
(၄) ကုသီတ-အပျင်းထူသူ၊
(၅) န ပညာ- ဥာဏ်ပညာ မရှိသူ။

ပလ္လင် ၈-ခန်း။ ။ မြန်မာဘုရင် အဆက်ဆက်တို့ အသုံးဉပတော်မူသည့် ပလ္လင်တော်များ။
(၁) သီဟာသန ပလ္လင်- နန်းဦး ပြာသာဒ်ဆောင်တော်တွင် မင်းတို့ပူဇော်ခံရန် ရမနေသား, ခြင်္သေ့ရုပ်ခံ၊
(၂) ဟံသာသနပလ္လင်- ဇေတ၀န်ဆောင်တောင်တွင် ဘုရင်မင်းမြတ်တို့ ရတနာသုံးပါး ပူဇော်ရန် သင်္ကန်းသား, ဟင်္သာရုပ်ခံ၊
(၃) သင်္ခါသန ပလ္လင်- ပေါင်းတော်ဆောင်တွင် မင်းတို့ တရားစကား နာခံရန် သရက်သား, ခရုသင်းရုပ်ခံ၊
(၄) ဘမရာသန ပလ္လင်- မှန်နန်းဆောင်တွင် မင်းတို့စက်တော်ခေါ်ရန် ကရဝေးသား, ပိတုန်းရုပ်ခံ၊
(၅) ဂဇာသန ပလ္လင်- ဗြဲတိုက်တော်ဆောင်တွင် မင်းတို့ ချီးမြှင့်, နှိမ့်ချရန် စံကားသား, ဆင်ရုပ်ခံ၊
(၆) မရုရာသန ပလ္လင်- မြောက်စမုခ် ဆောင်တော်တွင် မင်းတို့ ဆင်မြင်း သိမ်းမြန်းရန် ပေါက်သား, ဥဒေါင်းရုပ်ခံ၊
(၇) မိဂါသန ပလ္လင်- တောင်စမုခ် ဆောင်တော်တွင် မင်းတို့ တိုင်ပင် ဆွေးနွေးရန် သားရဲရုပ်ခံ , ရေသဖန်းသား၊
(၈) ပဒုမာသန ပလ္လင်- အနောက်ပွဲတော်တက် ဆောင်တော်တွင် မင်းမိန်းမတို့ ပူဇော်ခံရန် ပိန္နဲသား, ကြာပွင့်ခံ။
" ကျက်ရန်လင်္ကာ၊ ဤသို့လာ၏၊ ရှစ်ဖြာ ပလ္လင်၊ ထုံးတမ်းစဉ်မှာ၊ သီဟာ, ရမနေ၊ ဟံသေ, သင်္ကန်း၊ ထီးနန်း မပျက်၊ သရက်, ခရု၊ တခု ပိတုန်း၊ ကရဝေးသုံးသည်၊ နန်းလုံးချီးမြှောက်၊ သို့ကလောက်မောက်မို၊ ပေါက်ကို, ဥဒေါင်း၊ ထုံးဟောင်းမမှား၊ စံကား, ဟတ္ထိ၊ မည်ရှိမလွဲ၊ ပိန္နဲ, ပဒုမာ၊ မိဂါ, ရေသဖန်း၊ ဤ ရှစ်ခန်းသည်- စံမြန်းပလ္လင် နေရာတည်း"။

ပလ္လင် ရှစ်ရပ် ၉-ခန်း။ တနည်း။ ။ လွှတ်တော်၌ ဇေတ၀န်ဆောင်ခေါ် နောက်က ဆောင်မကြီး၌လည်း ဘုရင်မင်းမြတ်ကိုယ်တိုင် လွှတ်တက်သောအခါ စံမြန်းရန် "သီဟာသန ပလ္လင် ခြင်္သေ့ခံ ဥကင်နှင့်တကွ" ခမ်းနားစွာတည်ထားရသေး၏၊ ပလ္လင်အမျိုးအစားမှာ ရှစ်ရပ်သာ ရှိသော်လည်း ထားသောနေရာကား ကိုးခန်း ကိုးဌာန ရှိသည်ဟု မှတ်၊ ထို့ကြောင့် " ဗောဓိညွန့်ရှင်၊ ဆုကြီးဆင်လျက်၊ ပလ’င်ကိုးဆင့်၊ ဥကင်ဘွင့်၍" ဟူသော မဃဒေ၀လင်္ကာ ဘုန်းတော်ဘွဲ့ခဏ်း၌ ဆိုထားလေပြီ။

ပလ္လင် ၆-ပါး၊ ပိုင်သူများ၊ မျိုးစား ဘယ်သူနည်း?။ ။ ပလ္လင်မျိုး ၆-ပါးကို ပိုင်သူ ထိုင်သူတို့ ဟူ၏။
(၁) ကမလာသန ပလ္လင်- ကြာပလ္လင် ဗြဟ္မာမင်းတို့ထိုင်သည်၊
(၂) ဒိဗ္ဗာသန ပလ္လင်- နတ်မင်းတို့ ထိုင်သည်၊
(၃) ရာဇ ပလ္လင်- လူမင်းတို့ထိုင်သည်၊
(၄) အဋ္ဋ ကရန ပလ္လင်- တရားသူကြီးတို့ထိုင်သည်၊
(၅) ဓမ္မာသန ပလ္လင်- ဓမ္မကထိကတို့ထိုင်သည်၊
(၆) အပရာဇိတ ပလ္လင်- မြတ်စွာဘုရားသခင် ထိုင်ရာ။

ပလ္လင်လုပ်ရာ၊ မြင့်တောင်ထွာ၊ ၃-ဖြာ ပိုင်းမှတ်သား။ ။ ရွှေဘုံနိဒါန်း၌ အောက်ပါအတိုင်း သုံးမျိုးလာရှိ၏။
(၁) မဟာ ပလ္လင်မျိုး- ၁၆-တောင်အမြင့်ရှိ၏၊
(၂) မဇ္ဈိမ ပလ္လင်မျိုး- ၈-တောင်အမြင့်ရှိ၏၊
(၃) စူဠ ပလ္လင်မျိုး- ၄-တောင်အမြင့်ရှိ၏၊

ပလာမျိုး ၃၇-ဆင် ။ ။ ရှေးသုံးမြန်မာ ထမီ၊ ပုဆိုး၏ အမည်၊ ၎င်းင်းပလာမှာ အောက်ပါအတိုင်း အဆင်ပေါင်း ၃၇-မျိုး ရှိကြောင်း သိရာ၏။
စောင်းတော်ပိုက်၊ လေးပွင့်ဆိုင်၊ ပေါင်တူစင်း၊ ပေါင်ဖို-ပေါင်မ၊ ရဲစင်း၊ တကြောင်းထိုး၊ လောကဓာတ်၊ နဒီ၊ နဒီအံကွဲ၊ ပတိမ်းဆင်(၁၀)နှစ်ကိုယ်တွေ့၊ ဆောင်တော်ကူး၊ ရွှေဘိုရိုး၊ ရွှေဘိုနန်းသိမ်း၊ ရွှေဘိုထိပ်တင်၊ တိမ်ခိုးဆင်၊ ကွက်တုံး၊ စလွယ်စင်း၊ အ၀ါစင်း၊ လိမ်မော်စင်း၊ (၂၀)
လိမ်မော်ကွက်၊ ရဲကွက်၊ အ၀ါကွက်၊ နှစ်ထပ် လောကဓာတ်၊ လောကဓာတ်အံဆွဲ၊ သံပတ်ဆင်၊ ငွေပန်းဆင်၊ ဒေ၀ီဆင်၊ ကျောက်စိမ်းဆင်၊ မရမ်းစင်း၊ (၃၀)၊
ဒေါနစင်း၊ ဘုံဘိုင်ဆင်၊ ရာသက်ပန်၊ အဖြူကွက်၊ ဖူးညိုဆင်၊ ပတ္တမြားဆင်၊ ဖရဲဥဆင်(၃၇)။

ပလိဗောဓကြီး ၁၀-ပါး။ ။ ၀ိသုဒ္ဓိမဂ်၊ ပ-အုပ်၊ ၈၆။ သမထç ၀ိပဿနာ နှစ်ဖြာသောလမ်း စခန်းဖြင့် ထွက်လမ်းကိုရှာသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အနှောက်အရှက်ဖြစ်၍ ဖြတ်ပယ်စွန့်ပစ်ရာသော တရားမျိုး ဆယ်ပါး။
(၁) အာဝါသ- ကျောင်း, အိပ်ရာနေရာ, အာရာမ်၊
(၂) ကုလ- အလုပ်အကျွေး ပစ္စည်းလေးပါး ဒါယကာ၊
(၃) လာဘ- ပစ္စည်းလေးရပ် လာဘ်သပ္ပကာ၊
(၄) ဂဏ- ဂိုဏ်းသံဃာ အပေါင်းအဖေါ်၊
(၅) ကမ္မ- န၀ကမ္မခေါ် အမှုသစ်၊
(၆) အဒ္ဓါန- ခရီးသွားခြင်း၊
(၇) ဥာတိ- သာသနာ့မျိုးဆွေ, အိမ်မျိုးဆွေ၊
(၈) အာဗာဓ- မကျန်းမာခြင်း, အနာရောဂါ၊
(၉) ဂန္ထ- သင်ကြားပို့ချ, ကျက်မှတ်ရေးပြုဆဲ ကျမ်းဂန်၊
(၁၀) ဣဒ္ဓိ- ၀ိပဿနာကို နှောက်ရှက် ဖျက်ဆီးတတ်သော ပုထုဇန်တန်ခိုး။

ပ ၀ဂ် ၅-လုံး။ ။ ဗျည်း ၃၃-လုံးတို့တွင် " ပ, ဖ, ဗ, ဘ, မ" ၎င်းင်း ၅-လုံး တစုကိုဆိုသည်။

ပ၀ါရဏာမျိုး ၇-ပါး။ ။ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားတောင်းပန်မှု ဉပခြင်း ၇-မျိုး။
(၁) သံဃ ပ၀ါရဏာ- ငါးပါး, ငါးပါးထက်များသော သံဃာတော်တို့ တသိမ်တည်း၌ စုဝေး၍ ပြုခြင်း၊
(၂) ဂဏ ပ၀ါရဏာ- ၂-ပါး, ၃-ပါး, ၄-ပါး အထိ တစုတည်းပြုသော ပ၀ါရဏာ၊
(၃) ပုဂ္ဂလ ပ၀ါရဏာ- အဖော်မရှိ တပါးတည်းပြုသော ပ၀ါရဏာ၊
(၄) တေ၀ါစိက ပ၀ါရဏာ- ၃-ကြိမ် ၃-ခေါက်ဆို၍ တပါးချင်းပြုသော ပ၀ါရဏာ၊
(၅) ဒွေဝါစိက ပ၀ါရဏာ- တစုံတခုသော အန္တရာယ်ကြောင့် ၃-ကြိမ် ဆိုချိန်မရ၊ ၂-ကြိမ်သာ ဆို၍ပြုသော ပ၀ါရဏာ၊
(၆) ဧက၀ါစိက ပ၀ါရဏာ- ထို့အတူ တကြိမ်တခေါက်သာ ဆို၍ပြုသော ပ၀ါရဏာ၊
(၇) သမာန ၀ဿိက ပ၀ါရဏာ- ၀ါတူချင်း ပေါင်း၍ ငါးပါးတတွဲ, ဆယ်ပါးတတွဲ စသည်ဖြင့် ဆို၍ ပြုသော ပ၀ါရဏာမျိုး။
မှတ်ချက်။ ။ နေ့ကိုလိုက်၍လည်း စာတုဒ္ဒသီ စသည်ပြားသေး၏။

ပ၀ိဝေကတရား ၃-ပါး။ ။ ကာယ ပ၀ိဝေက၊ စိတ္တ ပ၀ိဝေက၊ ဥပဓိ ပ၀ိဝေက၊ ၎င်းင်းအကျယ် (၀ိဝေကတရား ၃-ပါး)၌ ရှုပါ။

ပ,သတ် ကာရန်၊ ရေးထုံးမှန်၊ ၃-တန် မြန်မာ့နည်း။ ။ ကာရန်ငယ် အသံ ၆၄-ပါးနှင့် မြန်မာသင်ပုန်းကြီး ကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့် စာစီစာကုံး ဥပဒေသ ဝေါဟာရ 'အပ်, အိပ်, အုပ်'တို့ဖြစ်ကြ၏။

ပသာဒရုပ် ၅-ပါး။ ။ ကိုယ်ခန္ဓာ အတွင်းရှိ အကြည်ဓာတ်ရုပ် ၅-ပါး။
(၁) စက္ခု ပသာဒ- မျက်စိအကြည်၊
(၂) သောတ ပသာဒ- နားအကြည်၊
(၃) ဃာန ပသာဒ- နှာခေါင်းအကြည်၊
(၄) ဇိဝှါ ပသာဒ- လျှာအကြည်၊
(၅) ကာယပသာဒ- ကိုယ်အကြည်။

ပဟာန်အပြား မျိုး၅-ပါး။ ။ ဓမ္မသင်္ဂဏီပါဠိတော် ၂၀၈။ ၎င်းင်းအဋ္ဌကထာ ၃၈၆။ ပဋိသမ္ဘိဒါမဂ် ။ပါ။ ၁၃၇။ဋ္ဌ။ဒု-အုပ်။ ၅၂။ ကိလေသာ အယုတ်တရားစုကို ပယ်မှုငါးပါး။
(၁) တဒင်္ဂ ပဟာန်- ကာမကုသိုလ် တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း၊
(၂) ၀ိက္ခမ္ဘန ပဟာန်- မဟဂ္ဂုတ်ကုသိုလ်စုဖြင့် ခေါင်းပါးအောင် ပြုခြင်း၊
(၃) သမုစ္ဆေဒ ပဟာန်- မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း၊
(၄) ပဋိပဿဓိ ပဟာန်- ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း၊
(၅) နိဿရဏ ပဟာန်-ပရိနိဗ္ဗာန ဓာတ်ဖြင့် ဖြတ်တောက်ထွက်မြောက်သွားခြင်း။

ပဟာန ၀ိနည်းမျိုး ၅-ပါး။ ။ သုတ္တနိပါတ် ။ပါ။ ၂၇၉ ။ဋ္ဌ။ ပ-အုပ်။၈။ စူဠနိဒ္ဒေသ။ဋ္ဌ။၇၂-တို့၌ အကျယ်ရှုပါ။ ပဟာန ၀ိနယောပိ တဒင်္ဂပဟာနံ, ၀ိက္ခမ္ဘန ပဟာနံ, သမုစ္ဆေဒ ပဟာနံ, ပဋိပဿဓိ ပဟာနံ, နိဿရဏ ပဟာနန္တိ ပဉ္စ၀ိဓော၊ အနက် အထက် ပဟာန်နည်းအတိုင်း။

ပဟိုရ် ၄-ပါး၊ ချိန်ပိုင်းခြား၊ မှတ်သား စည် နာရီ။ ။ ရှေး မြန်မာစံတော်ချိန်တွင် နေ့ ၄-ပဟိုရ် ၊ ညဥ့် ၄-ပဟိုရ်ဟု နေ့ညဥ့် တီထီ တရက်တွင် ၈-ပဟိုရ်ပိုင်းခြား သတ်မှတ်ထားသည်၊ ၁-ပဟိုရ်လျှင် စည်တကြိမ်ကျစီ ၁၁-ချက်၊ ၂၂-ချက်၊ ၃၃-ချက်၊ ၄၄-ချက်အားဖြင့် တီးသည်၊ ၁-ပဟိုရ်သည် စက် ၃-နာရီ အချိန်နှင့် ညီမျှသည်၊ စက်နာရီ အချိန်နှင့် ပဟိုရ်ချိန်တို့ ယှဉ်ပုံမှာ
----------------------စက်နာရီ ------------ --ပဟိုရ်
(၁) နံနက်------------၉-နာရီ ------------ နေ့ ၁-ပဟိုရ်
(၂) မွန်းတည့် ----- ၁၂-နာရီ ------------ နေ့ ၂-ပဟိုရ်
(၃) ညနေ -----------၃-နာရီ ------------ နေ့ ၃-ပဟိုရ်
(၄) ညနေ------------၆-နာရီ ------------ နေ့ ၄-ပဟိုရ်
(၅) ညဥ့် ------------ ၉-နာရီ ------------ ညဥ့် ၁-ပဟိုရ်
(၆) သန်းခေါင်----- ၁၂-နာရီ------------ ညဥ့် ၂-ပဟိုရ်
(၇) သန်းလွဲ----------၃-နာရီ ------------ ညဥ့် ၃-ပဟိုရ်
(၈) နံနက် -----------၆-နာရီ ------------ ညဥ့် ၄-ပဟိုရ်

ပဟိုရ် ၈-ပါး၊ တရက်ထား၊ ခြားနား နာရီ အသို့နည်း?။ ။ ၎င်းင်းသရုပ်ကို (ပဟိုရ် ၄-ပါး၊ ချိန်ပိုင်းခြား၊ မှတ်သား စည်နာရီ) ၌ ရှုပါလေ။

No comments:

Post a Comment