မြက်ကြီးမျိုး ၇-ပါး။ ။ မြက်မင်းမျိုးလည်း ဟူ၏၊ ဆေးကျမ်းလာ ဝေါဟာရ အပေါင်းစကား။
(၁) ဟိန္တာလ- ဓနုန်းပင်၊
(၂) တာလ- ထန်းပင်၊
(၃) ခဇ္ဇူရ- သင်ပေါင်းပင်၊
(၄) နာဠိကေရ- အုန်းပင်၊
(၅) ကေတကီ- ဆတ်သွားပင်၊
(၆) တာဠီ- ပေပင်၊
(၇) ပူဂ- ကွမ်းသီးပင်။
မြက်ပဉ္ဓမူမျိုး ၅-ပါး။ ။ ဆေးကျမ်းလာဝေါဟာရ၊သည်းခြေကြောင့်ဖြစ်သော ဆီးရောဂါကို ပျောက်စေ၏။
(၁) ကဏှုစ္ဆု မူလ-ကြံနက်မြစ်၊
(၂) ကုသမူလ-သမန်းမြက်မြစ်၊
(၃) သဒ္ဒလ မူလ-မြေဇာမြစ်၊
(၄) ကိစက မူလ- ကိုင်းမြစ်၊
(၅) ဘဒ မူလ- မြားမြက်မြစ်။
မြက်မင်းမျိုး ၇-ပါး။ ။ ဤသစ်ပင် ၇-မျိုးသည် တိဏရာဇာခေါ် မြက်မင်းမျိုးဖြစ်၍ ဒန်ပူမစားကောင်းဟု လောကီကျမ်းတို့၌ မှာဆိုထားကြကုန်၏၊ ၎င်းင်း၏ သရုပ်ကား (မြက်ကြီးမျိုး ၇-ပါး)နှင့် တူ၏။
မြင်းမိုရ်အာလိန်၊ ရန်ကိုနှိမ်၊ စောင့်ချိန် ထို ၅-ဆင့်။ ။ ၎င်းင်းသရုပ်ကို(အာလိန်၅-ဆင့်)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။
မြင်းမိုရ်ရောင်များ၊ မျိုး ၄-ပါး၊ မှတ်သား စာပေ၀င်။ ။ သုတ်ပါထေယျ။ပါ။ ၁၆၁။ဋ္ဌ။ ၁၄၆။မြင်းမိုရ်တောင်၏ ရောင်ခြည် ၄-ပါး။
(၁) ၎င်းင်း၏ တောင်ဖက်ပိုင်း ဒေသသည် ပတ္တမြားညိုအတိ ပြီး၏၊
(၂) မြောက်ဖက်ပိုင်းဒေသသည် ရွှေအတိ ပြီး၏၊
(၃)အရှေ့ဖက်ပိုင်း ဒေသသည် ငွေအတိပြီး၏၊
(၄)အနောက်ဖက်ပိုင်း ဒေသသည် ဖလ်အတိ ပြီး၏။
မှတ်ချက်။ ။ ထို ပတ္တာမြား, ရွှေ, ငွေ, ဖလ်, တို့၏ အရောင်သည် မိမိတို့မျက်နှာမူရာ ကျွန်းကြီး လေးကျွန်း, သမုဒ္ဒရာ လေးစင်း, တော, တောင်, ရေ, မြေတို့ အပေါ်သို့ ထွန်းပ လွှမ်းမိုးနေကြောင်းကျမ်းဂန်တို့၌ ဆိုသည်၊ထို့ကြောင့် ကျွန်ုပ်တို့နေရာ တောင်ကျွန်းကို"မြရောင်ထွန်းသော ကျွန်း"ဟု ဖွဲ့ဆို သီကုံးကြကုန်၏။
မြင်းခင်းစီးရိုး ၃၇-မျိုး။ ။ ရှေးမြန်မာ ဘုရင်မင်းမြတ်တို့ လက်ထက်တော်က ပြာသိုလ မြင်းခင်းပွဲ၌ အလှ မြင်းစီးနည်း ၃၇-ပါးကိုဆိုသည်၊ ထိုနည်းများကို မဃဒေ၀ လင်္ကာ အပိုဒ်ရေ ၃၃၆-ဖြင့် ပြဆိုအံ့။
'လွှတ်နန်းရင်ပြင်၊ ရှေ့တော်ခွင်ဝယ်၊ ဆင်ကို ဆင်ချင်း၊ မြင်းလည်း မြင်းနှင့်၊ စီးနင်း မောင်းနှင်၊
စက်တော်တင်၍၊ နတ်သွင်ရွှေကိုယ်၊ ရွယ်ပျိုရှုသင့်၊ဘုန်းပွင့်ပွင့်ဖြင့်၊ သက်တင့်ရေသောက်၊
ပြန်ခေါက်ဝဲကာ၊ ဗြဟ္မာလက်လှမ်း၊ ရွှေကွမ်းရုံတက်၊ မပျက်ဟန်လှ၊ သိကြာ့တန်ဆောင်၊
ဂဠုန်တောင်နှင့်၊ စွန်တောင်ဖြန့်လေ့၊ ခြင်္သေ့တန်းဆွဲ၊ ကိုယ်တော်နွှဲ၍၊ ပယ်ခွဲ ပယ်စိတ်၊ ၀ါကြိတ် ခိုနန်း၊
စောင်းရန်းသမက်၊ လက်ဆက်ကြာဖူး၊ ဆင်ထူး ပုခက်၊ နွယ်ထွက်နွယ်ဝင်၊ အုန်းပင် ရေသွန်း၊
လေးကျွန်းမှန်ကူ၊ တမူတင့်လွန်၊ ရွှေတန်ခွန်ယောင်၊ တန်ဆောင်ဘုံနန်း၊ ထူးဆန်း ရှစ်မြှောင့်၊
ရှစ်ထောင့် ပုံကွဲ၊ စွန်ဝဲ စွန်သုတ်၊ သမုတ်ကျယ်ချဲ့၊ စချီဘွဲ့သား၊ သုံးဆယ့်ခုနစ်မျိုး၊ ရှေးသတိုးတို့၊
စီးရိုးစုံပေါင်း၊ ပြန်လှန်ပြောင်းလျက်၊ အဲမောင်းဝင်းချီ၊ ရှုဘွယ်အီ၏'။
မြင်းဇာတ်အပြား၊ မျိုး ၁၀-ပါး၊ ထင်ရှား အဿကြန်။ ။ မြင်းတို့၏ မျိုးဇာတ်များကို သကဋ အဿကြန္နကျမ်းကြီး၌ အကျယ်လာသော်လည်း ဤ၌ အကျဉ်းမျှ ပြဆိုထားသည်။
(၁) သိန္ဓောမျိုး- မန်ကျည်းစေ့ရောင် ခြေလေးဘက် မည်းနက်၏၊
(၂)သုဝဏ္ဏသာမမျိုး- ရွှေစင်တုနိုင်းလည်းခေါ်၏၊ ရွှေဝါရောင် အဆင်းရှိသည်၊
(၃) အာကာသ ဘိန္နမျိုး- ကောင်းကင်ခွဲမျိုးလည်းဟူ၊ ကိုယ်လုံး ဆွတ်ဆွတ်ဖြူ၊
(၄) ၀လာဟကမျိုး- တိမ်တိုက်ပျံမျိုးလည်းဟူ၏၊ တိမ်ပြာရောင်အဆင်း၊
(၅) ၀လာဟကသိင်္ဃမျိုး- ရောင်စုံပြိုးပြက်ရှိသည်၊
(၆) လောမျိုး- ခြေလေးဖက်ကြီး၍ မျက်လုံးငယ်သည်၊
(၇) လှီမျိုး- သေးငယ်ကျစ်လှီ၍ တောင့်ခိုင်သည်၊
(၈) ပွေမျိုး- ခြေ နှာယောင်တို၍ ကိုယ်နှင့် အမြီး ရှည်လျားသည်၊
(၉) ပုစဉ်းမျိုး- ခြေလေးဘက် အမြီးရှည်၍ ကိုယ်ထည်တိုသည်၊
(၁၀) မြည်းမျိုး- နံကိုင်းသည် နားရွက်ကြီးသည် ခြေတိုသည် အသံကျယ်လောင်သည်။
မှတ်ချက်။ ဤကားရှေးဟောင်းမျိုးများဖြစ်၏၊ ယခုခေတ် စပ်မြင်းမျိုးပေါင်းလည်း များစွာရှိသေးသည်။
မြစ်ကြီး ၅-သွယ်၊မွေ့လျော်ဘွယ်၊ ဘယ်ဝယ်အမည်များ။ ။ မဇ္ဈိမပဏ္ဏာသ။ဋ္ဌ။ ၂၅။
(၁) ဂင်္ဂါ- ဂင်္ဂါမြစ်၊
(၂) အစီရ၀တီ- အစီရ၀တီမြစ်၊
(၃) ယမုနာ- ယမုံနာမြစ်၊
(၄) သရဘူ- သရဘူမြစ်၊
(၅) မဟီ- မဟီမြစ်။
မြစ်ကြီး ၁၀-စင်း။ ။ မိလိန္ဒ ပဥှာမှ။
(၁) ဂင်္ဂါ၊
(၂) ယမုနာ၊
(၃) အစီရ၀တီ၊
(၄) မဟီ၊
(၅) သရဘူ၊
(၆) သိန္ဓု၊
(၇) သရဿတီ၊
(၈) ဝေတတြ၀တီ၊
(၉) ၀ိတသာ၊
(၁၀) စန္ဒဘာဂ။
မြစ်ကြီးမျိုး ၄-ပါး။ ။ ၎င်းင်း သရုပ် (ဂင်္ဂါမျိုး ၄-ပါး)၌ ရှုပါ။
မြစ်ငယ် ၅၀၀။ ။ အနောတတ်အိုင်ကြီး၏ တောင်မျက်နှာ ကာဠတောင်ကိုဖောက်ထွင်း၍ သုံးဂါဝုတ်ရှိသော နွားခံတွင်းပြွန်ပေါက်မှ ထိုးထွက်လာသည့် ရေအယဉ်သည် အသီးအသီး ကာဆီး၍ထားသော တောင်အထပ်ထပ်တို့အောက်သို့ ငုပ်ချည်တလှည့် ပေါ်ချည်တခါနှင့် စီးဆင်းလာရာ နောက်ဆုံး ကျောက်ဖျာကြီးပေါ် ကျရာမှ လက်ငါးချောင်းပမာ ငါးဖြာငါးသွယ် ကွဲလွဲစီးသွားကြပြန်၏၊ ငါးဖြာငါးသွယ် စီးသွားသော ရေအယဉ်မြစ်ကြီးတို့သို့ တဖြာတဖြာ၌ လက်ဝဲ,လက်ရာ, ရေအယဉ် မြစ်ငယ် တရာစီ သီးခြား စီးဝင်ကြပြန်ရာ မြစ်ငယ် ငါးရာ ရှိသည်ဟူသတတ်။
မြစ်မျိုး ငါးပါး၊ သူငယ်များ၊ သင်ကြား ပထ၀ီ။ ။ ဝေါဟာရ အားဖြင့်ထင်ရှားသော ပထ၀ီဝင်မြစ်များ။
(၁) မြစ်ဆုံ- မြစ်နှစ်ခုပေါင်းဆုံ၍ တခုတည်း ဖြစ်သွားသော နေရာကို "မြစ်ဆုံ"ဟု ခေါ်သည်၊
(၂) မြစ်ခွဲ- မြစ်နှစ်ခု ခွဲသည့် နေရာကိုသော်၎င်းင်း၊ မြစ်ကြီးမှ ပင်လယ် သမုဒ္ဒရာထဲသို့ ခွဲထွက် စီးဝင်နေသော ချောင်းကြီးကိုသော်၎င်းင်း "မြစ်ခွဲ"ဟု ခေါ်သည်၊
(၃) မြစ်လက်တက်- မြစ်မကြီးအတွင်းသို့ စီးဝင် ပေါင်းဆုံလာသော ချောင်းငယ်ç မြစ်ငယ်ကလေးများကို "မြစ်လက်တက်"ဟု ခေါ်သည်၊ (၄) မြစ်ဝကျွန်းပေါ်- မြစ်တခုသည် အ၀၌ မြစ်ခွဲကလေးပေါင်းများစွာနှင့် ပယ်လယ်ထဲသို့ စီးဆင်းသော သုံးထောင့်ပုံ ကျွန်းမြေအရပ်ကို "မြစ်ဝကျွန်းပေါ်"ဟု ခေါ်သည်။
မြတ်နိုး ချစ်ခင်သော အင်္ဂါ ၆-ပါး။ ။ အမြဲအစဉ် ချစ်ခင်မြတ်နိုးခံရသူ၏ အင်္ဂါ ၆-ပါး၊ ဟိတောပဒေသ။
(၁) ပသန္နမုခ- ချိုသာကြည်လင် မျက်နှာရွှင်ကာ တွေ့ဆုံလာခြင်း၊
(၂) ၀ိမလဒိဋ္ဌိ- မုန်းစိတ်မရှိ ပကတိ ကြည်လင်စွာ ကြည့်ရှုခြင်း၊
(၃) ကထာနုရာဂ- ပြောကြားသောစကားကို အားပါးတရ နားထောင်ခြင်း၊
(၄) မဓုရ၀ါဏီ- ချိုသာနူးညံ့စွာ ပြောဆိုမြွက်ကြားခြင်း၊
(၅) အဓိက သိနေဟ- လွန်ကဲခင်မင် ချစ်ကြည်လေးမြတ်ခြင်း၊
(၆) သမ္ဘမ ဒဿန- အဖန်ဖန် အထပ်ထပ် မပြတ်ကြည့်ရှုထောက်ပံ့ဉပခြင်း။
မြန်မာ ၇-မျိုး၊ မော်ကွန်းထိုး၊ ခေါ်ရိုး ၂-နည်းပြ။ ။ ရှေးအခါက ထင်ရှားသော မြန်မာလူမျိုးများ။
(၁)မြန်မာ၊
(၂) တောင်သူ၊
(၃) ပျူ၊
(၄) ကမ်းယံ၊
(၅) ယော၊
(၆) ရခိုင်၊
(၇) ထားဝယ်တို့ ဖြစ်ကြ၏ဟု ဇမ္ဗူတံဆိပ်ကျမ်း၌လာသည်။
မြန်မာ ၇-မျိုး၊ တနည်း။ ။ "သက် နှင့် ရခိုင်၊ နှိုင်းပြိုင် တောင်သူ၊ ပျူ, ကမ်းယံ, ယော၊ ထားဝယ် နှောက၊ မျိုးသတ္တဟု"၊ ရှေးဟောင်းလင်္ကာများ စပ်ဆိုထားသေး၏။
မြန်မာစာပေ၊ ရေးသားလေ၊ ၅-ထွေ နိသျည်း။ ။ မြန်မာစာပေ ရေးသားရာ၌ မှီရာ နည်း ငါးပါးကိုဆိုသည်။
(၁) ရိုးရိုးရေးနည်း- မိမိတို့ ရွာသုံးစကားအတိုင်း ၀ါကျပြု၍ ရေးခြင်းမျိုး၊
(၂) စကားပြေ ရေးနည်း- မင်းပူးဆရာတော် ဦးသြဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့ ရေးနည်းမျိုး၊
(၃) လင်္ကာသွား ရေးနည်း- ရတု, ရကန်, အဲ, အဏ်, ဧချင်း, ပျို့, ဦးပုည၏ပြဇာတ် ရေးနည်းမျိုးနှင့် ပိဋကသွား ခေါ် ဦးပုည တရားစာရေးနည်းမျိုး၊
(၄) လင်္ကာကြား စကားပြေညှပ်၍ ရေးနည်း- သြဘာစာ, မေတ္တာစာနှင့် ဖိတ်စာအချို့ လင်္ကာသွားညှပ်၍ ရေးနည်းမျိုး၊
(၅) ဂီတသွား ရေးနည်း- မဟာဂီတပါ သီချင်းများနှင့် ကာလပေါ် သီချင်းများ ရေးနည်းမျိုး၊
အောက်ပါ ၄-ပါးကို မြန်မာ့ယဉ်ကျေးမှု အနုစာပေ ရေးနည်းဟု ခေါ်၏။
မြန်မာစာလုံး၊ ရေးထုံး ၅-ဖြာ၊ သိမှတ်ရာ၏။ ။ ၎င်းင်းသရုပ်ကို (စာလုံး ၅မျိုးရေးရိုးစဉ်လာ) ဟူသော သုတေသနပုဒ်၌ ဆိုခဲ့ပြီ။
မြန်မာတိုင်းသား၊ လူမျိုးများ၊ အပြား ၄၉။ ။ ၎င်းင်း၏ရှင်းတမ်းသရုပ်ကို
(ပြည်ထောင်စုသား၊ လူမျိုးများ)ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။
မြန်မာနိုင်ငံ၌ ကျင်းပလေ့ရှိသော နေ့ထူးကြီး ၉-မျိုး။ ။
(၁) လွတ်လပ်ရေးနေ့-ဇန္န၀ါရီလ ၄-ရက်၊
(၂) တော်လှန်ရေးနေ့- မတ်လ ၂၇-ရက်၊
(၃) တောင်သူလယ်သမားနေ့- မတ်လ ၂-ရက်၊
(၄) အလုပ်သမားနေ့- မေလ ၁-ရက်၊
(၅) အာဇာနည်နေ့- ဇူလိုင် ၁၉-ရက်၊
(၆) ပြည်ထောင်စုနေ့- ဖေဖေါ်ဝါရီလ ၁၂-ရက်၊
(၇) အမျိုးသားနေ့- တန်ဆောင်မုန်းလဆုတ် ၁၀-ရက်၊
(၈) ကရင်အမျိုးသာနေ့- ပြာသိုလဆန်း ၁-ရက်၊
(၉) ရှမ်းအမျိုးသားနေ့- ဖေဖေါ်ဝါရီ လ ၇-ရက်နေ့။
မှတ်ချက်။ ။ မြန်မာနိုင်ငံ၏ မြန်မာမှုကိစ္စဖြစ်သော်လည်း မြန်မာ လ, ရက်, နှစ်, သုံးသည်ကား
(၁) အမျိုးသားနေ့နှင့် (၂) ကရင်အမျိုးသားနေ့သာဖြစ်သည်ကို သတိပြုစေရာ။
မြန်မာသရ၊ ရေးထုံးပြ၊ မှတ်ကြ ၁၁-လုံး။ ။ မြန်မာမှုအားဖြင့် သဒ္ဒဗြူဟာကျမ်း စသည်တို့အလို ထိုဆယ့်တစ်လုံးကို ဆို၏၊ သို့သော် ရေးနည်းအားဖြင့် ဆရာစဉ် ဂိုဏ်းအစဉ် ခြားနားကာ ၄-နည်းမျှ ပြားလေသည်။
(၁) အ, အာ, အိ, အီ, အု, အူ, အေ, အဲ, အော, အော်, အို။
(၂) အ, အာ, ဣ, ဤ, ဥ, ဦ, ဧ, အဲ, သြ, သြော်, အို၊
(၃) အ, အာ, ဣ, ဤ, ဥ, ဥု, ဧ, အဲ, သြ, ဥိ။
(၄) -, -ာ, -ိ, -ီ, ဳ , ဴ, ဧ, -ဲ, ေ-ာ, ေ-ာ်, -ို ။
မြန်မာ့ဦးစွန်း၊ ၅-မျိုး ထွန်း၊ ပြညွှန်း ထုံးနည်းနာ။ ။ မြန်မာ လူမျိုးတို့ဦးစွန်ဆံပင်
အထုံးအမြိတ် ငါးပါးကို ဆိုသည်။
(၁) သျှောင်ထုံး- ထိပ်လယ်ထုံးအမျိုးမျိုး၊
(၂) ကြက်တောင်စည်း- အပေါ်သို့ထောင်စည်းထားသည်၊
(၃)ပေါက်ချပ်-ခေါင်းပေါင်း, မကိုဋ်, စည်းပုံ၊
(၄)ဦးစွန်းဆံပင်ဖါးလျားချ နောက်တွဲပန်၊
(၅) မိန်းမထုံး-ဆံထုံး ၇-မျိုး။ ၅၅-မျိုးစသည်တို့ထုံးပုံနည်းများရှိသေး၏။
မြန်မာ့တိုင်းကြီး ၃-ရပ်။ ။ ရာဇ၀င်၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြားယူငင်ပုံ။
(၁) သုနာပရန္တတိုင်း- ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊
တနည်း- စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ
ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊
တနည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တနည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။
မြန်မာ့တိုင်းကြီး ၉-တိုင်း။ ။ နိုင်ငံတော် အုပ်ချုပ်ရေး လွယ်ကူစေရန်အတွက် ၉-တိုင်း ဌာနခွဲကာ တိုင်းမင်းကြီးများကို ခန့်ထားလေသည်။
(၁) ချင်းဝိသေသတိုင်း- ချင်းတောင်, ရခိုင်တောင်တန်းနယ်များ ပါဝင်၍ ဖါလံမြို့တွင်ရုံး စိုက်သည်၊
(၂) ကော်သူလေး အထူးတိုင်း- သံလွင်ခရိုင် အပါအ၀င် ဖါပွန်မြို့၌ ရုံးစိုက်သည်၊
(၃) တနင်္သာရီတိုင်း- တောင်ငူ, သထုံ, မော်လမြိုင်, ထားဝယ်, မြိတ်ခရိုင်တို့ပါဝင်သည်၊
(၄) ဧရာဝတီတိုင်း- ပုသိမ်, ဟင်္သတ, မြောင်းမြ, မအူပင်, ဖျာပုံခရိုင်တို့ ပါဝင်သည်၊
(၆) ပဲခူးတိုင်း- ပဲခူး, အင်းစိန်, သာယာဝတီ, ပြည်, ရန်ကုန်ခရိုင်တို့ပါဝင်သည်၊
(၇) မကွေးတိုင်း- မကွေး, သရက်, မင်းဘူး, ပခုက္ကူ, ကန်ပလက်ခရိုင်တို့ ပါဝင်သည်၊
(၈) မန္တလေးတိုင်း- မန္တလေး, ကျောက်ဆည်, ရမည်းသင်း, မိတ္ထိလာ, မြင်းခြံခရိုင်တို့ ပါဝင်သည်၊
(၉) စစ်ကိုင်းတိုင်း- စစ်ကိုင်း, ရွှေဘို, ကသာ, မော်လိုက်, မုံရွာ, ခရိုင်တို့ ပါဝင်သည်။
(လွတ်လပ်ရေး ဖ-ဆ-ပ-လ ခေတ်မှ)။
မြန်မာ့တိုင်းနှင့် ပြည်နယ် ၁၄-ခု။ ။
(၁) ရန်ကုန်တိုင်း- တိုင်းး၏ မြို့တော်သည် ရန်ကုန်မြို့ ဖြစ်သည်။
(၂) ပဲခူးတိုင်း- တိုင်း၏ မြို့တော်သည် ပဲခူးမြို့ ဖြစ်သည်။
(၃) ဧရာဝတီတိုင်း- တိုင်း၏ မြို့တော်သည် ပုသိမ်မြို့ ဖြစ်သည်။
(၄) တနင်္သာရီတိုင်း- တိုင်း၏ မြို့တော်သည် ထားဝယ်မြို့ ဖြစ်သည်။
(၅) မန္တလေးတိုင်း- တိုင်း၏ မြို့တော်သည် မန္တလေးမြို့ ဖြစ်သည်။
(၆) စစ်ကိုင်းတိုင်း- တိုင်း၏ မြို့တော်သည် စစ်ကိုင်းမြို့ ဖြစ်သည်။
(၇) မကွေးတိုင်း- တိုင်း၏ မြို့တော်သည် မကွေးမြို့ ဖြစ်သည်။
(၈) ကရင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဘားအံမြို့ ဖြစ်သည်။
(၉) ကယားပြည်နယ်- ပြည်နယ်၏ မြို့တော်သည် လွယ်ကော်မြို့ ဖြစ်သည်။
(၁၀) ကချင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မြစ်ကြီးနားမြို့ ဖြစ်သည်။
(၁၁) ချင်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဟားခါးမြို့ ဖြစ်သည်။
(၁၂) မွန်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မော်လမြိုင်မြို့ ဖြစ်သည်။
(၁၃) ရခိုင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် စစ်တွေမြို့ ဖြစ်သည်။
(၁၄) ရှမ်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် တောင်ကြီးမြို့ ဖြစ်သည်။
မြန်မာ့ရိုးရာ၊ ရေးထုံးလာ၊ ၃၅-ဖြာ ဗျည်း။ ။ မြန်မာမှု အလိုအားဖြင့် သဒ္ဒဗြူဟာကျမ်း, ဝေါဟာရတ္ထ ပကာသနီကျမ်း, လယ်တီသင်ပုန်းကြီး သံခိပ်ကျမ်းတို့ အဆို အောက်ပါ ၃၅-လုံးတို့ ဖြစ်၏၊
က, ခ, ဂ, ဃ, င,
စ, ဆ, ဇ, စ်, ည,
ဋ, ႒, ဍ, ဎ, ဏ,
တ, ထ,ဒ, ဓ, န,
ပ, ဖ, ဗ, ဘ, မ,
ယ, ရ, လ, ၀, သ, ဟ, ဠ,
-ံ, -့, -း ။
မြန်မာ့ရှေးရိုးအက ၁၂-မျိုး။ ။
(၁) ဗောင်းတော် အက၊
(၂) မှန်တော်ရှုအက၊
(၃) ပန်းစိုက် အက၊
(၄) သားပိုက် အက၊
(၅) ကျောက်ကောက် အက၊
(၆) ဆံတော်သိမ်း အက၊
(၇) ဖျင်းချင် အက၊
(၈) ဖျင်း ဖျတ်ဖျတ် အက၊
(၉) ချွတ်ကြီး အက၊
(၁၀) ချွတ်ငယ် အက၊
(၁၁) ထပီ အက၊
(၁၂) ကရောင်း အက။
မြမျိုး ၆-ဖြာ၊ ရတနာ၊ မိန့်မှာ မဏိသျှတ်။ ။ မဏိသျှတြကျမ်းလာမြကျောက် ရတနာမျိုးခြောက်ပါး။
(၁) သာခွါ- အလင်းရောင်ရှိသော စိမ်းနုသွေး၊
(၂) ကက္ကရာ- သခွါးခွံရောင် ပြောင်စိမ်းစိမ်းရင့်၊
(၃) မူလီ- မွဲခြောက်သောစိမ်းရောင်သွေး၊
(၄) ၀င်သ၀တ် - ထွန်းဝင်းသောစိမ်းရောင်သွေး၊
(၅) ကိတ္ထပတ်- ရွှေပိုးကောင် လည်ကုပ်ညှာ အဆင်း။
မြန်မြန်သွားရန် မလျော်သူ ၄-မျိုး။ ။ လျင်မြန်စွာ သွားခြင်းငှါ မတင့်မလျောက်ပတ် ဟူ၏။ ဓမ္မပဒ ။ဋ္ဌ။ ပ-အုပ်၊ ၂၄၆။
(၁) အဘိသိက်သွန်းဆဲ သွန်းပြီးသော မင်း၊
(၂) ကကြိုးတန်ဆာ ဆင်ယင်ထားသော မင်္ဂလာဆင်တော်၊
(၃) ရသေ့, ရဟန်း၊
(၄) မိန်းမ။
« မြာ »
မြားရေး ၆-ပါး၊ သရုပ်ပြား၊ ပိုင်းခြား ဝေဘန်သိ။ ။ ထိုထို ရာဇ၀င် မဟာဝင်နိပါတ်တော်
တို့၌ လေးပစ်ကစား လေးတင်ပွဲများ ကျင်းပသောအခါ မိမိတို့လေးဖြင့် ပစ်လိုက်သော မြှား၏ ဆန်းကြယ်သော အရေးအခင်း ၆-ပါးကိုခေါ်ဆိုသည်၊ 'ဇေတကုမ္မာ ပြဇာတ်လာ'။
(၁) ၀ဇီရဟတ်၊ လက်ရုံးတန်ဆောင်၊ စက်ဘုန်းရောင်နှင့်၊ သက်ဆုံးအောင် ငှက်ဘီလူးကို၊ မထားဘူး သတ်တောမည်။ နတ်ယန္တရား၊ အဖြောင့်တမျဉ်း၊ တောင့်တွင်သွင်းသည့်၊ စိန်စဉ်းသွား။ အင်းဇယားကျ၊ မြားရေးကို ပြရလျှင်၊ လက်မ တတွက်၊ လျှပ်တပြက်တွင်၊ မြားချက် တထောင်၊ သွားလျက်ဆောင်။ တောင်ဝင်္ကပတ်၊ တထောင် အကောက်၊ ချောင် တရှောက်မှာ၊ ကြောင်, မျောက်, ယုန်ဝပ်စေတော့၊ လွတ်ရမည် မမှတ်နှင့်၊ ထပ်၍ကျသော "၀င်္ကဝေဒိ"မြားရေးလည်း တပါး။
(၂) မြားပြာသာဒ် ဝေ၊ ပတ်ပတ်ခွေတဲ့၊ နေ၀န်း လ၀န်း၊ လေးကျွန်းပုံစံ၊ ရေကန် ရေတွင်း၊ ပုံးတောင်း
စကြာ၊ သက်ဆင်းလာသို့၊ မြားဖြာခြင်း၊ ယင်းကို စက္က၊ ခွေဘိအရေး၊ ဝေဒိ ပေးတဲ့၊ မြားရေးပြ။
(၃) ဝေဿ၀ဏ္ဏော၊ ရွှေလှံအဖျား၊ သန်လျက်သွားကို၊ မြားမကော။ ဇောဗီသကွက်၊ တာသွင်းစက်ကို၊ တချက်မလွဲ၊ ချိန်တူ အစက်၊ မြူမကွက်၊ ထက်ဝက်ခွဲ၊ စွဲအောင် ပစ်နိုင်သော"ခဂ္ဂဝေဒိ" မြား။
(၄) တပါးကေစိ၊ ကဗျည်းတဆူ၊ တနည်းမူ၊ အယူရှိသည်မှာ၊ မိဂါသန၊ သရဘသား၊ ဧသနီဟု၊
သုံးလီပြား၊ မြီးဖျားသေးမျှင်၊ မွေးတပင်ကို လက်စင်အစွဲ၊ တမျဉ်းဆွဲ၍၊ မလွဲအောင် ပစ်နိုင်သော "၀ါလဝေဒိ" မြား။
(၅) မိုက်မှေးသန်းခေါင်၊ မိုးမှောက်ကျနယ်၊ လ ကွယ်အမှန်၊ကောင်းကင်ထက်က၊ ငှက်မည်သံကို၊ နာခံ ပစ်ချနိုင်သော"သဒ္ဒဝေဒိ"မြား။
(၆) လိပ်, ငါး, မိကျောင်း၊ ရေအောင်းသတ္တ၀ါ၊ မငြိမ်မသက်၊ အရှိန်ယက်တွင်၊ မြားချက်ပါအောင်၊ မဟာ သရဘင်္ဂ ဇာတ်ကိုစွဲ၍၊ ရေ၀ဲကို အဖြောင့်ကျသော "ဥဒကဝေဒိ"မြား၊ လေးပါး, ငါးပါး၊ ခြောက်ပါးခြင်းရာ၊ ဆက်ရှေးမပြတ်၊ လေးအတတ်ကို၊ ကမ်းခတ်၍ လာခဲ့တယ်၊ ငါဟဲ့ယောက်ျား၊ ဇော တရတ်မင်း၊ ဘယက်တွင်းက၊ သက်သွင်းလို့ ဖွားသူမို့၊ သိကြားလက်ချိန်၊ လေးရန်နှိမ်နှင့်၊ ဇီဝိန် ဖြတ်တော့မည်၊ တောင်ထပ်၍ တောအုပ်၊ သမုဒ်မှာ ခိုနိုင်ခို၊ မြင်းမိုရ်မှာ ပုန်းနိုင်ပုန်း၊ ၀န်းလုံးစက္က၀ါ၊ ဆယ်မျက်နှာတွင်၊ စိန္တာမုနိ၊ မနော မယိဒ္ဓိ၊ ဣစ္ဆိတ မြား၊ စိန်စဉ်းသွားကို၊ မထားဘူး လွှတ်လိုက်မည်၊ ၀သ၀တ္တီ ဘုံဆုံးအောင်၊ မီးဟုံးဟုံး တောက်ရော့ လဟယ်။
မြားရေး ၁၂-ပါး၊ တနည်း။ ။ မြားပစ်နည်း တဆယ့်နှစ်မျိုး ဗုဒ္ဓ၀င်အဋ္ဌကထာ။
(၁) သရပဋိဗာဟန- မြားကို မြားချင်း ခတ်မိအောင်ပစ်နည်း၊
(၂) စက္ကမိဝ- မြားပတ်လည် လက်ထဲသို့ ၀င်လာအောင်ပစ်နည်း၊
(၃) သရလဋ္ဌိ- မြားနွယ်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၄) သရ ရဇ္ဇု- ကြိုးကဲ့သို့ကျအောင် ပစ်နည်း၊
(၅) သရဝေဓိ- မြားကို မြားချင်း ထွင်း၍ သွားအောင် ပစ်နည်း၊
(၆) သရပါသာဒ- မြားပြာသာဒ်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၇) သရမဏ္ဍပ- မြားမဏ္ဍပ်ကဲ့သို့ ကျအောင်ပစ်နည်း၊
(၈) သရသောပါက- မြားစောင်းတန်း ကဲ့သို့ ကျအောင် ပစ်နည်း၊
(၉) သရပါကာရ- မြားတံတိုင်း ကဲ့သို့ ကျအောင် ပစ်နည်း၊
(၁၀) သရပေါက္ခရဏီ- မြားလေးထောင့်ကန်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၁၁) သရပဒုမာ- ပဒုမ္မာကြာပွင့် ကဲ့သို့ ဖြစ်အောင် ပစ်နည်း၊
(၁၂) သရ၀ဿက- မြားမိုဃ်းရွာသကဲ့သို့ ကျအောင် ပစ်နည်း။
« မြူ »
မြူမျိုး ၅-ပါး။ ။ တွန်းကန် လှုပ်တက်တတ်သော ဓာတ်သဘော ငါးပါး။
(၁) ပရမာဏုမြူ- နတ်မျက်စိဖြင့် မြင်ကောင်းသော ကောင်းကင်၌ လွင့်သွားနေသည့် မြူမှုန်ငယ် ကလေးမျိုး၊
(၂) အဏုမြူ- ပရမာ ဏုမြူ ၃၆-လုံးခန့် ပမာဏ နေရောင်ခြည် လင်းထိုးသည့် အပေါက်ငယ်၌ သွားလာ လွင့်မြူးနေသော မြူမှုန်မျိုး၊
(၃) တဇ္ဇာရီမြူ- အဏုမြူ ၃၆-လုံးခန့် ပမာဏ လူစသည် သွားလာသောအခါ လွင့်ထသည့် မြူမှုန်မျိုး၊
(၄) ရထရေဏုမြူ- တဇ္ဇာရီမြူ ၃၆-လုံးခန့် ပမာဏ ရထားç လှည်းတို့ သွားလာသောအခါ လွင့်ထသည့် မြူမှုန်မျိုး၊
(၅) လိက္ခာမြူ- ရထရေဏုမြူ ၃၆-လုံးခန့် ပမာဏ လူတို့၏ လက်ခြေ၌ ကပ်သည့် မြူမှုန်မျိုး။
မှတ်ချက်။ ။ ၎င်းင်း ၇-လုံး သန်းဥက္ခောင်း တလုံး၊ ၎င်းင်း ၇-လုံး စပါးတလုံး၊ ၎င်းင်း ၇-လုံးကို တလက်သစ်၊ ၁၂-လက်သစ်- တထွာ၊ နှစ်ထွာ-တတောင်၊ လေးတောင်-တလံ ဟု တာဖွဲ့ကြလေသည်။
« မြေ »
မြေကြီးလှုပ်ခြင်း အကြောင်း ၉-ပါး။ ။ ၎င်းင်း သရုပိကို(ငလျင်လှုပ်ခြင်း အကြောင်း ၉-ပါး)၌ ဆိုခဲ့ပြီ။
မြေခံရက် ၁၆-ပါး။ ။ မြေခံ ရွေးနည်း ဟူ၏၊ ၎င်းင်းကို အောက်ပါလင်္ကာဖြင့် သိပါ၊
"လောကီလူများ၊ အမျိုးသားတို့၊ သိထားစေရန်၊ မြေခံကျမ်းမှတ်၊ ဇရပ်အိမ်ကျောင်း၊ ဆောက်တုံရှောင်းသော်၊
နတ္တော်,ခေါင်, ကြူး၊ ပြာ, ကူး, ဆုန်, ပေါင်း၊ ဆောက်ကောင်း ခြောက်လ၊ မှတ်ကုန်ကြလော့။
ဆန်းထ စင်စစ်၊ နှစ်, သုံး, ငါး, ခွန်၊ ကောင်းမွန် တဆယ်၊ ၁၃-သွယ်ရေး၊ ဆယ့်လေး, ဆယ့်ငါး၊
ဆန်းငြားမှန်သစ်၊ ရက်ကောင်းဖြစ်၏။ ။
လဆုတ်ဖြစ်မှု၊ တစ်, လေး, ခြောက်, ရှစ်၊ ကိုး, ဆယ့်နှစ်ရေး၊ ဆယ့်လေး, ဆယ့်ငါး၊ နေ့ကား ဆင်,ကြွက်၊
ပူးရက်ကို ရှောင်၊ အကျိုးဆောင်သည်၊ ကောင်းအောင် ဆန်း, ဆုတ် မြေခံတည်း။
မြေမျိုခံရသူ ၅-ယောက်။ ။ မိလိန္ဒပဥှာ ပါဠိတော်။ ၁၀၈။ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုးသွားသူ ငါးယောက်။
(၁) ဒေ၀ဒတ် ရဟန်း၊
(၂) စိဉ္စမာန မိန်းမယုတ်၊
(၃) သုပ္ပဗုဒ္ဓ သာကီဝင်၊
(၄) နန္ဒက ဘီလူး၊
(၅) နန္ဒမည်သော လုလင်။
မြေမျိုး ၅-ပါး။ ။ လယ် ယာ ဥယျာဉ် အိမ်ရာ ကျောင်းရာ စသည့်တို့၌ ရွေးချယ် စီစစ် ကြရာသည်၊ ပထ၀ီသျှတြမှ။
(၁) အဆင်းဖြူငြား၊ မြေပုဏ္ဏား၊ စီးပွားဖြစ်တတ်စွာ။ မြေမင်းပုဏ္ဏား၊ ကျောင်းအိမ်များ၊ ဆောက်ထား ဇရပ်ပါ၊
(၂) အဆင်းနီလွင်၊ မြေ ဘုရင်၊ မင်းလျှင် ဖြစ်တတ်ပါ။ မြေဘုရင်မှာ၊ နန်းတော်ရာ၊ ချုပ်ခြာ မင်းစိုးမှာ၊
(၃) အဆင်းနက်က၊ မြေ ဒါသ၊ ဒုက္ခဘေးတွေ့ရာ။ မြေ ဒါသမှာ၊ ဥယျာဉ်ပါ၊ လယ်ယာလုပ်ကိုင်ရာ၊
(၄) အဆင်းဝါဘိ၊ မြေ ပကတိ၊ သုခိ အဝေရာ။ မြေပကတိမှာ၊ ရဟန်းသာ၊ နေရာလျော်လှပါ၊
(၅) အဆင်းပြာလျှံ၊ ကေသပံ၊ နိုင်ငံတည်ထောင်ရာ။
« မြို့ »
မြို့၏အစာ ၄-ပါး။ ။ တိုင်း နိုင်ငံတော် မြို့ကြီးများ၌ ထိုလေးပါး ပေါများစွာ ရှိရမည်ဟု ဟိုလေသည်။
(၁) ပါထေယျ- ဆန်, စပါး, စားနပ်ရိက္ခာ၊
(၂) ဗီဇ- မျိုးစေ့အစုံ၊
(၃) တေလာဒိ- ဆီဦး ထောပတ် ဆေးဝါးစုံ၊
(၄) ကဋ္ဌုဒက- မြက်, ထင်း, ရေ။
မြို့တော်၏ အင်္ဂါ ၇-ပါး။ ။ နိုင်ငံ၏မြို့တော် သို့မဟုတ် မင်းနေပြည်၌ ရှိထားရမည့် အရာများ၊ သတ္တဂုင်္တ္တရ ပါဠိတော်။
(၁) ရန်သူတို့ ဖျက်နိုင်ခက်သည့် ခိုင်ခံ့သော တံတိုင်းမြို့ရိုးတံခါး၊
(၂) နက်ကျယ်သည့် ကျုံးမြောင်း၊
(၃) ကျယ်သော သူရဲပြေး, ပစ်ပေါက် ကာပါ, ကတုတ်၊
(၄) ထက်မြက်ပြင်းထန် စူးရှသည့် လက်နက် ခဲယမ်း မီးကျောက် အများအပြား၊
(၅) ရဲမက်ဗိုလ်ပါ စစ်သည် ရထား အများအပြား၊
(၆) လိမ်မာ ပါးနပ်သော တံခါးစောင့် ကင်းတပ်၊
(၇) မြင့်သော မြို့တံတိုင်း။
မြို့တော်၏ အင်္ဂါ ၇-ပါး၊တနည်း။ ။ ရာဇနီတိမှ။
(၁) ဘုရင်မင်းမြတ်၊ သို့မဟုတ် သမ္မတ ရှိရခြင်း၊
(၂) တရားသူကြီး အမတ်များ၊
(၃) မဟာမိတ်မင်းများç ၎င်းင်းတို့၏ သံကြီး တမန်ကြီးများ၊
(၄) ရတနာဆယ်ပါး စပါးဘဏ္ဍာများ၊
(၅) ခိုင်လုံသောတံခါး မြို့ရိုး တံတိုင်း ကျုံးမြောင်းများ၊
(၆) ပိုင်နက်တိုင်းကား စည်ကား ကျယ်ပြန့်ခြင်း၊
(၇) စစ်တပ်အင်အားနှင့် ပြင်ထန်သောလက်နက် ခဲ ယမ်း မီး ကျောက်အစုံ ပေါများး တောင့်တင်းခြင်း။
မြို့တော်သာယာ၊ ငြိမ့်ညောင်းငြာ၊ ၁၀-ဖြာ အသံမျိုး။ ။ နေပြည်တော်တို့၌ မစဲမဆိတ်သော အသံ ဆယ်ပါးကို ဆိုသည်၊ ၎င်းင်း ဆယ်ပါးကို မဟာပရိနိဗ္ဗာနသုတ်၌
"ဆင်သံ, မြင်းသံ, ရထားသံ, စည်ကြီးသံ, မုရိုးစည်သံ, စောင်းငြင်းသံ, သီချင်းသံ, 'ခရုသင်း, နှဲ, ပြွေ, ခရာသံ',
ကြေးနင်း ခွက်ခွင်းသံ, စားကြပါ- သောက်ကြပါ ဟူသော အသံ, များဟု မိန့်ဆိုထားသည်။
မြို့ပြည်ရွာများ၊ မျိုး ၆-ပါး။ ။ ၎င်းင်းသရုပ်အဓိပ္ပါယ်ကို(ပြည်ရွာ အပြား၊ မျိုး ၆-ပါး)၌ ပြခဲ့ပြီ။
မြိုင်ကြီး ၈-သွယ်၊ ကဗျာဝယ်၊ ဆန်းကျယ် အမည်များ။ ။ တောဟေ၀န်၏ပရိယာယ်
မျိုး ၈-ပါး။
(၁) မြိုင်- စိမ့်စမ်း သစ်ပင်တို့ဖြင့် မြိုင်ဆိုင်သောတောမျိုး၊
(၂) ဂနိုင်- အလွန်နက်နဲ ထူထပ်သော တောကြီးမျိုး၊
(၃) ရဂုံ- သာမောဘွယ်ကောင်းသော သာမာန်တောကလေးမျိုး၊
(၄) စုံ- ဤတောမှ ထိုတောတိုင်အောင် လမ်းခရီးရှိသည့် တောတန်းမျိုး၊
(၅) ခင်တန်း- ခြုံငယ်ခြုံကြီးတို့ဖြင့် စီတန်း နိမ့်မြင့်လျက် ပေါက်သောတောမျိုး၊
(၆) ပြား- ရွှံ့ညွန်ထူပြောသော တောမျိုး၊
(၇) အင်တိုင်း- ကျောက်ကုန်းကျောက်စရစ် ထူပြော၍ မြက်ခြောက်သစ်ပင်နှောသည့် တောမျိုး၊
(၈) စေးပျစ်- စည်းရိုးသစ်ပင် ထူထပ်သောတော။
« မွ »
မွန်တိုင်း ၃-ရပ်။ ။ ကလျာဏီ ကျောက်စာမှ သာသနာတော် ၂၀၀၂-ခုနှစ်၊ သက္ကရာဇ် ၈၂၀-ရောက်သောအခါ ဟံသာဝတီပြည်ကြီးဝယ် ဓမ္မစေတီ အမည်တွင်သော ရာမာဓိပတိမင်းသည်၊
(၁) ဟံသာဝတီ မဏ္ဍလ- ပခူးတိုင်း၊
(၂) ကုသိမ မဏ္ဍလ- ပုသိန်တိုင်း၊
(၃) မုတ္တမ မဏ္ဍလ- သထုံတိုင်းတည်းဟူသော မွန်တိုင်း ၃-ရပ်ကို အုပ်ကွပ်ပိုင်ထားလျက် တရားနှင့်အညီ မင်းပြုသတည်း။
မွန်မျိုး ၃-ပါး။ ။ သာသနာလင်္ကာရစာတန်းမှ။
(၁) မွန်တိ၊
(၂) မွန်စ၊
(၃) မွန်ည။
မွန်မျိုး ၄-ပါး။ ။
မွန်တ, မွန်ညန်၊မွန်နန်, မွန်သိ၊ မှတ်ဘိလေရိုး၊ တလိုင်းမျိုးတည့်။ (ဇမ္ဗူ့တံဆိပ်ကျမ်းမှ)
မွေးစားသားမျိုး ၂-ပါး။ ။
(၁) ရပ်သိ ရွာသိ ထင်ထင်ရှားရှား အမွေခံအမွေစား မွေးစားခြင်းမျိုးကို ကိတ္တိမ မွေးစားခြင်းဟု ခေါ်ဆိုသည်၊
(၂)သနား၍ ကောက်ယူ မွေးစားခြင်းမျိုးကို အပတိဋ္ဌ မွေးစားခြင်းခေါ်သည်၊
ကိတ္တိမ မွေးစားခြင်းက အပတိဋ္ဌ မွေးစားခြင်းထက် သာ၍ ခိုင်မာသည်၊ အပတိဋ္ဌ မွေးစားခြင်း ခံရသောသူသည် မွေးစားသောမိဘများနှင့် ခွဲခွါသွားလျှင် ထိုမွေးစားသော မိဘတဦးဦးနှင့် မူလက တစုံတရာ ဆွေမျိုးမတော်ခဲ့သော်- ဆွေမျိုးဆက် ပြတ်လေသည် ဟူ၏၊ ဓမ္မသတ်ပေါင်းချုပ် ပဌမတွဲ ပုဒ်မ ၁၉၉- ၂၀၀၊ သားရင်း သမီးရင်းနှင့် ကိတ္တိမမွေးစားသော သားသမီးမရှိမှသာ မွေးစားသော မိဘများနှင့် အတူနေ အပတိဋ္ဌ သားသမီးများ အမွေ ဆိုင်သည် ဟူ၏။
မွေးဖွားစကို၊ စကားဆို၊ပုဂ္ဂိုလ် ၄-ယောက် အဘယ်နည်း?။ ။
(၁) ဝေဿန္တရာဇာတ်တော်လာ ဝေဿန္တရာ မင်းသား၊
(၂) မဟောသဓဇာတ်တော်လာ မဟောသဓာ အမတ်၊
(၃) ဗုဒ္ဓ၀င်ကျမ်းလာ သိဒ္ဓိတ္ထကုမာရ မင်းသား၊
(၄) အမ္ဗဋ္ဌဇာတ်လာ ဥက္ကာကမင်းကြီး၏ ဒိသာခေါ် ကျွန်မမှမွေးဖွားသော'ကဏှ'၊ ၎င်းင်းကိုစွဲ၍ ကဏှာယနအနွယ် ပုဏ္ဏားမျိုး ဖြစ်လာသည်။
« မှ »
မှူးမတ်တို့ဂုဏ် အင်္ဂါ ၈-ပါး။ ။ အမတ်ကြီးတို့၌ ပြည့်စုံရမည့်ဂုဏ် အင်္ဂါရှစ်ပါး။
(၁) ဗာဟုဿုတော- အမြင်အကြား များရခြင်း၊
(၂) သီလ၀န္တော- သီတင်းသီလ ရှိရခြင်း၊
(၃) သူရော- ရဲစွမ်းသတ္တိ ရှိရခြင်း၊
(၄) မဟုဿာဟော- လုံ့လထကြွ ရှိရခြင်း၊
(၅) အက္ခ၀ိဓော- မှုခင်းကိစ္စပြီးမြောက်ရေးကို စစ်ဆေးလေ့လာရခြင်း။
(၆) ဗလဓရော- ကိုယ်အားဥာဏ်အား ဗလနှစ်ပါးရှိရခြင်း၊
(၇) ဓီတိမာ- အဂတိ ၄-ပါး မလိုက်စားရ မမှားရခြင်း၊
(၈) ၀ုဍ္ဎုဝိလာသော- ခန့်ညားရိုသေဘွယ်သော ရုပ်ဆင်းကိုယ်ဝါရှိရခြင်း။
မှူးမတ်မျိုးပြား၊ ၁၄-ပါး၊ မိန့်ကြား အဘိဓာန်။ ။ ၎င်းင်း သရုပ်ကို (အမတ်မျိုး ၁၄-ပါး)၌ ရှုပါလေ။
မှော်ပညာမျိုး ၆-ပါး၊ ၆-လီ။ ။ မှော်ပညာ အတန်းအစား ဂိုဏ်းပေါင်းမည်မျှပင် များစေကာမူ မဟေသရကျမ်း၊ ကဝေသာရကျမ်း၊ သရဘူကျမ်းစသော ကျမ်းကြီးတို့၌။
(၁) ဆေး မှော်၊
(၂) ရုက္ခမူ မှော်၊
(၃)အင်း မှော်၊
(၄)ပထမံ မှော်၊
(၅) စမ မှော်၊
(၆) သမာဓိ မှော်
ဟူ၍ ၆-ဆူမျှ လာရှိလေသည်၊ ထိုမှော်ကြီး ၆-ဆူမှတပါးလည်း မိမိတို့နှစ်သက်ရာ ဂိုဏ်းဆရာကြီးများ၏
ယူဆချက်အရ ဂိုဏ်းခွဲမှော် ဟူ၍ ၆-ဆူရှိပြန်သည်ကား။
(၁) ရုက္ခစိုး မှော်၊
(၂) အဋ္ဌာရသ မှော်၊
(၃) ပိဋက မှော်၊
(၄) မဟိဒ္ဓိ ၀ိပဿနာ မှော်၊
(၅) ဒေ၀ရာသီ မှော်၊
(၆) ဒေ၀ီသူရဿတီ မှော် ဟု ခြောက်ပါး ပြားပြန်၏။
Thursday, December 25, 2008
မြ-မြာ-မြူ-မြေ-မြို့-မွ-မှ---မြက်ကြီးမျိုး မှ မှော်ပညာမျိုး
မု-မူ-မေ-မော-မို-မျ---မုဋ္ဌော ၉-ဆူ၊ မှ မျောက်ဥအပြား၊
မုဋ္ဌော ၉-ဆူ၊ တည်တော်မူ၊ စည်သူ မင်းလောင်းမြတ်။ ။ အလောင်းစည်သူမင်းကြီး
တိုင်းခန်းလှည့် လည်ရာ မလေးကျွန်းမှ သိကြားနတ်တို့ဆက်လိုက်သော သရက္ခန်ခေါ် သာရဂန္ဓ နံ့သာသစ်ကို ပုဂံသို့ ဆိုက်ရောက်သောအခါ 'မုဋ္ဌိ' ခေါ် လက်တဆုပ်ပမာဏစီ ဗုဒ္ဓရုပ်ပွားတော် ၉-ဆူထုတော်မူ၍ စေတီပုထိုး ထည်ထား ကိုးကွယ်တော်မူကြောင်းနှင့် သိရ၏၊ ဤ၌ မုဋ္ဌိ ပါဠိမှ- မုဋ္ဌော ဖြစ်လာကာ လက်တဆုပ်ပမာဏကို ခေါ်ဆိုကြောင်း မှတ်ရာ၏။
အတွင်းမုဋ္ဌော ၉-ဆူ။
(၁) စကြံ မုဋ္ဌော၊
(၂) ဆီးတော မုဋ္ဌော၊
(၃) သစ္စာရ မုဋ္ဌော၊
(၄) ဆည်းလည်း မုဋ္ဌော၊
(၅)ရွှေတောင်ဦးမုဋ္ဌော၊
(၆) တောင်ငယ်လေးမျက်နှာ မုဋ္ဌော၊
(၇) လမ်းလွဲ မုဋ္ဌော၊
(၈) နံကိုင်း မုဋ္ဌော၊
(၉) ဂူနီ မုဋ္ဌော။
အပြင်မုဋ္ဌော ၉-ဆူ။
(၁)ပြင်စကြံ မုဋ္ဌော၊
(၂) ရန်အောင်မြင် မုဋ္ဌော၊
(၃) သမာန် မုဋ္ဌော၊
(၄) ကန်တော်အောက် မုဋ္ဌော၊
(၅) ရှားတော မုဋ္ဌော၊
(၆) ပုည မုဋ္ဌော၊
(၇) ငှက်မြတ်နား မုဋ္ဌော၊
(၈) ပဲဝဲမုဋ္ဌော၊
(၉) ချောက်ဘုရားလှ မုဋ္ဌော။
မှတ်ချက်။ ။ဤ၌ အမည်နှင့် နေရာဋ္ဌာနတို့ကို အမျိုးမျိုး အဆိုရှိကြ၏၊ ပညာရှိများထံ အမှန်မူ၍ ယူကြပါကုန်။
မုဆိုးမျိုး ၃-ပါး။ ။ ပါဏာတိပါတ်ဖြင့် သက်မွေးဝမ်းကျောင်း ဉပသူလူကြမ်းကြီး ၃-ဦး။
(၁) မာဂ၀ိက- သားမုဆိုး, သားသတ်သမား၊
(၂) သာကုဏိက-ငှက်မုဆိုး, ကြက် ငှက်သတ်သူ၊
(၃) ကေ၀ဋ္ဋ-ရေမုဆိုး, တံငါ, အင်းသားကြီးများ။
မုတ္တမ ၃၂-မြို့။ ။ မွန်တိုင်း ၃-ရပ်တွင် မုတ္တမ မဏ္ဍလခေါ် သထုံတိုင်း၏ မြို့များ။
ကော့ပိန်, ကျိုင်း, ဇွယ်ယ, ကျိတ်, အောက်သို့, မြ၀တီ, ပေါင်, သဇိုစ်, ထားကျိုင်, လှိုင်းဘွဲ့၊ (၁၀)
မော်လမြိုင်, အထရံ, ၀ယ်ယော်, ပါခဂူ, လမိုင်း, ရေး, ဘီလူးကျွန်း, ဓရယ်, ဇရာ, ကွန်း၊ (၂၀)
ဇမိ, လကွန်းဗျည်း, မြိုင်, အလှိုင်, ယင်းငြိမ်း, ကော့, တိုဝန်း, အီဗျစ်, အိပဲ, တိုက်ကလား၊ (၃၀)
ယင်အုံ၊ ဘုံဂမိ (၃၂) တို့တည်း။
မုဒ္ဓဇအက္ခရာ ၇-လုံး။ ။ လျှာဖျားထိပ်ကလေးဖြင့် အာစောက်ကို ထိ၍ ရွတ်ဆိုရသော အက္ခရာမျိုး ၇-ပါး။
"ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ"
မုနိအပြား၊ မျိုး ၆-ပါး၊ ၀ပ်တွား တောင်းဆုယူ။ ။ သူတော်ကောင်း သူမြတ်လောင်း
ခြောက်ပါး၊ စူဠနိဒ္ဒေသ ပါဠိတော် ၇၄။
(၁) အာဂါရ မုနိ- သာသနာတော်၏ အဆုံးအမခံသူ လူနှင့် ပဒေသရာဇ်, ဧကရာဇ်စသော မင်းများ၊
(၂) အနာဂါမုနိ-ပုထုဇဉ် သီလ၀န္တရဟန်း၊
(၃) သေက္ခမုနိ- အောက်မဂ် အောက်ဖိုလ် ကျင့်ဆဲ သေက္ခပုဂ္ဂိုလ် ၇-ယောက်၊
(၄) အသေက္ခမုနိ- ရဟန္တာပုဂ္ဂိုလ်၊
(၅) ပစ္စေက မုနိ- ဘုရားငယ် ပစ္စေကဗုဒ္ဓါ၊
(၆) မုနိ မုနိ- မုနိတို့၏အသျှင် ဘုရားသခင်။
မုသာဝါဒ အင်္ဂါ ၄-ပါး။ ။ လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်းင်း အင်္ဂါ ၄-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လပြုခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။
မုသာဝါဒ ကံ၏ မကောင်းကျိုး ၁၆-ပါး။ ။ မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်း ဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ, စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဥာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။
« မူ »
မူလ ၂-ပါး။ ။ ပိဋကတော်လာ ဒုက္ခအကြောင်းရင်း အမြစ် ၂-ပါး။
(၁)အ၀ိဇ္ဇာ- ဆင်းရဲတာ အမှန်ကို ချမ်းသာဟု အမှားသိနေခြင်းသဘော။
(၂) တဏှာ- ကာမဂုဏ်တရား၌ သာယာ, ခင်မင်, လိုချင်, တပ်မက်, ဆာလောင်, ခြင်း သဘော။
မူလသံထား၊ ၁၈-ပါး၊ စပ်ငြား ကဗျာ အဘယ်နည်း?။ ။ ၎င်းင်း သရုပ် (တက်သံ ၁၈-ပါး)နှင့် တူ၏။
« မေ »
မေတ္တာအကျိုး ၁၁-ပါး။ ။ ပဋိသမ္ဘိဒါမဂ်။ပါ။၃၁၃။ဋ္ဌ။ ဒု-အုပ်၂၀၇။ မေတ္တာတရား ပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး ၁၁-ပါး။
(၁) ချမ်းသာစွာ အိမ်ရခြင်း၊
(၂) ချမ်းသာစွာနိုးရခြင်း၊
(၃)မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊
(၄)လူတို့ ချစ်နှစ်သက်ခြင်း၊
(၅)နတ်တို့ မြတ်နိုးခင်မင်ခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း၊
(၁၀) မတွေဝေဘဲသေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။
မေတ္တာမျိုး ၂-ပါး။ ။ သတ္တ၀ါများအပေါ်၌ ချစ်ခင်နာလိုစိတ် ပွားတိုးစေသောတရား ၂-ပါး။
(၁)မေတ္တာစစ်- အဒေါသ ပုဗ္ဗင်္ဂမ မေတ္တာယ, သတ္တ၀ါများအပေါ်၌ ချစ်ခင်နာလို စွတ်စိုစေးကပ်တတ်သော 'အဒေါသ' စိတ္တုပ္ပါဒ်၊
(၂)မေတ္တာတု- သားချစ် မယားချစ် မိဘချစ် ဆရာချစ် ဆွေမျိုးချစ်သည့် မခွဲနိုင်သော အချစ်များ၊ ဂေဟသိတပေမခေါ် အိမ်၌မှီသော အချစ်မေတ္တာတု, မေတ္တာယောင်မျိုး 'တဏှာပေမ'သာဖြစ်၏။
မေတ္တာမျိုး ၃-ပါး။ ။ မူလပဏ္ဏာသ ။ပါ။ ၂၆၇။ဋ္ဌ။ ဒု- အုပ်။ ၁၄၂။ချစ်ခင်စွာ ကူညီ ပွားစီးပေးမှုမျိုးသုံးပါး။
(၁) ကာယကံ မေတ္တာ- သတ္တ၀ါ အပေါင်းတို့ ချမ်းသာကြောင်းအတွက် ကိုယ်အားဖြင့် ၀ိုင်းဝန်းစောင့်ရှောက် ကူညီပေးမှု၊ ကိုယ်ဖြင့် အရိုအသေပေးမှု၊
(၂)၀စီကံ မေတ္တာ- ချစ်ခင်သော စိတ်ဓာတ်ဖြင့် နှုတ်က>မက်ဆို ပြောကြားခြင်း၊
(၃) မနောကံ မေတ္တာ- သတ္တ၀ါအပေါင်းအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေဟု စိတ်ဖြင့် အောက်မေ့ပွားများခြင်း။
မေတ္တာမျိုး ၅၂၈-ပါး။ ။ ၎င်းင်း၏ သရုပ်အဓိပ္ပါယ် အကျယ် (ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ)၌ ပြခဲ့ပြီ။
မေတ္တာရှေ့သွားဖြင့် အောင်ခြင်း ၀တ္ထုကြီး ၄-ပါး။ ။ မေတ္တာအစွမ်းဖြင့် အောင်မြင်ခြင်း
တို့ကား ပိဋကတော်၌များစွာ ရှိသော်လည်း ၎င်းင်း ၄-ပါးဖြင့် ထင်ရှားပေါ်လွင် စေလိုက်သည်။
(၁) ဥတေန မင်းကြီးကို သာယာဝတီအောင်မြင်ခြင်း၊
(၂) ဆီပူလောင်းသူ သီရိမာကို ဥတ္တရာအောင်မြင်ခြင်း၊
(၃) နာဠာဂိရိဆင်ကို ဘုရားမြတ် အောင်တော်မူခြင်း၊
(၄) အာဠာဝကဘီလူးကို မြတ်ဘုရားအောင်တော်မူခြင်း။
မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ,ယောက်ျား, ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ, ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။
မေထုန်ငယ် ၇-ပါး။ ။ သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမç ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက်ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကိုတွေးတောအောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ ပြုစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီးဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့်လျက် သာယာနေခြင်း။
မေထုန် ပြုဘွယ် မဂ်- ၃၀။ ။ ၎င်းင်း သရုပ် (မဂ် ၃၀၊တနည်း)၌ ပြခဲ့ပြီ။
မေထုန် မမှီဝဲအပ်သော မိန်းမမျိုး ၁၄-ပါး။ ။ ထို ဆယ့်လေးယောက်တို့တွင် အချို့ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ်ရှိသည်၊ အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ, အလိုမရှိသူ, ညစ်နွမ်း မသန့်စင်သူ, မချစ်ခင်သူ, ပြည့်တန်ဆာမ, အရွယ်ကြီးရင့်သူ, ရောဂါသည်မ, ကိုယ်အင်္ဂါချို့တဲ့သူ, ကိုယ်ဝန်ဆောင်မ, ရန်သူမ, အင်္ဂါဇာတ်၌ အနာရှိသူ, လင်ရှိသူ, မာတုရက္ခိတ စသည်ရှိသူ, သီလရှင်မ။
မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ ကာမသျှတြကျမ်း။
(၁) ဘုန်းကံယုတ်လျော့ခြင်း၊
(၂) ဥာဏ်ပညာ ယုတ်လျော့ခြင်း၊
(၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊
(၄) အသား,အရေ, ဦးခေါင်း, ပူလောင်ခြင်း၊
(၅) အရောင်အဆင်း ဖျော့တော့ ပျက်စီးခြင်း၊
(၆) ချောင်းဆိုးသွေးပါ အဆုပ်နာ မြစ်ချောက်ရောဂါ စွဲကပ်တတ်ခြင်း၊
(၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊
(၈) အသက်တိုခြင်း။
မေရယမျိုး ၅-ပါး။ ။ ကုသိုလ်ကောင်းမှု၌ မေ့လျော့စေတတ်သော အရက်မျိုး ၅-ပါး။ ၎င်းင်း သရုပ် (အရက်မျိုး ၅-ပါး)မှာ ကြည့်ပါ။
မေးမြန်းခြင်းရာ၊ ကြောင်း ၅-ဖြာ၊ ပုစ္ဆာ ၅-ပါး မှတ်။ ။ အမေးပုစ္ဆာပြုခြင်း အကြောင်း ၅-မျိုး။
(၁)မန္ဒ မောမူဟတ္တာ-ထုံထိုင်း တွေဝေခြင်းကြောင့်မေးခြင်း၊
(၂) ပါပိစ္ဆ ဣစ္ဆာပကတ-လူတဖက်သားအား နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာစိတ်ကြောင့် မေးခြင်း၊
(၃) ပရိဘ၀- မာနတရားဖြင့် သူတပါးအား မထေလေးစား ပြုလိုသောကြောင့် မေးခြင်း၊
(၄) အညာတု ကာမ- မိမိ ကိုယ်တိုင် အဟုတ်အမှန် သိလိုသောကြောင့် မေးခြင်း၊
(၅) ဇာနေတု ကာမ- သူတပါး မသိသောအရာကို မှန်ကန်ကျနစွာ သိစေရန် ဖြေကြားလိုသောကြောင့် မေးခြင်း။
« မော »
မောနေယျတရားမျိုး ၃-ပါး။ ။ ရဟန်းမုနိ၏ အဖြစ်ကိုဉပတတ်သော တရားအပြား ၃-ပါးဟူ၏၊ သံဂီတိသုတ်မှ။ (၁) ကာယမောနေယျ- ကာယဒုစရိုက်မှ စင်ကြယ်ခြင်း၊
(၂) ၀စီ မောနေယျ-၀စီဒုစရိုက်မှ သန့်ရှင်းခြင်း၊
(၃) မနော မောနေယျ- မနောဒုစရိုက်မှ ရှောင်ရှားခြင်း။
မောနေယျ ပုဂ္ဂိုလ်မျိုး ၃-ပါး။ ။ တိကင်္ဂုတ္တရ။ပါ။၂၇၆။ဋ္ဌ။၂၃၅။ ခြိုးခြံဆင်းရဲစွာ ကျင့်၍မဂ်ဖိုလ်ရှာမှီးသော ပုဂ္ဂိုလ်ထူးကြီး ၃-မျိုး။
(၁) ဥက္ကဋ္ဌမောနေယျ- ၇-လသာ အသက်ရှည်သည်၊
(၂) မဇ္ဈုံ မောနေယျ- ၇-ရက်သာ အသက် ရှည်သည်၊
(၃) မုဒု မောနေယျ- ၁၆ ရက်သာ အသက်ရှည်သည်။
မောက်ကလူ ၂၄။ ။ ၎င်းင်း ဝေါဟာရ သရုပ်ကို(ပါလီကွေး ၄၅)၌ ပြန်ရှုပါ။
မောက်ချအက္ခရာ၊ ရေးထုံးလာ၊ ၆-ဖြာ မြန်မာမှု။ ။ မြန်မာစာပေ ရေးသားရာ၌
ရေးချ နှစ်မျိုးရှိသည်တွင် (ခ, ဂ, င, ဒ, ပ, ၀) ၎င်းင်းဗျည်း ၆-လုံးကို အာ, သြ, သရ ၂-လုံးတို့နှင့်
ယှဉ်တွဲသောအခါ " -ါ,ေ-ါ, " ဤ သင်္ကေတရှိ မောက်ချပုံတို့နှင့်သာ တွဲရမည်၊
" -ာ,ေ-ာ, " ဤသင်္ကေတရှိ ၀ိုင်းချပုံတို့နှင့် တွဲစပ်မရေးရ ဟူ၏၊
ပုံ- ခါ, ဂါ, ငါ, ဒါ, ပါ, ၀ါ, ။
မော်ကတော်ခေါ်၊ ကဝေကျော်၊ ၄-ဘော် မိနတ်ဝန်။ ။ ၎င်းင်း သရုပ်ကို(ကတော်ကြီး ၄-ပါး)၌ ဆိုခဲ့ပြီ။
« မို »
မိုဃ်း ၄-ပါးနှင့် ပုဂ္ဂိုလ် ၄-စား။ ။ မိုဃ်းလေးပါးနှင့် ပမာပြ၍ ပုဂ္ဂိုလ်၎-စား ခွဲပြခြင်း။
(၁) ဂဇ္ဇိတာ နော ၀ဿိတာ- ခြိမ်းကားခြိမ်း၏ မရွာသောမိုဃ်း၊
ဘာသိတာ နော ကတ္တာ- အပြောကား ကြီး၊ အလုပ်မပါသူ'လူယုတ်မာဟူ၏'၊
(၂) ၀ဿိတာ နော ဂဇ္ဇိတာ-မခြိမ်းဘဲ ရွာသောမိုဃ်း၊
ကတ္တာ နော ဘာသိတာ-အပြောမဟုတ် အလုပ်သမားသက်သက်၊
(၃) ဂဇ္ဇိတာ စ ၀ဿိတာ စ-ခြိမ်းလည်းခြိမ်း ရွာလည်းရွာသောမိုဃ်း၊
ဘာသိတာစ ကတ္တာစ-အပြောနှင့် အလုပ်ညီသူ၊
(၄) နေ၀ဇ္ဇိတာ နော ၀ဿိတာ- ခြိမ်းလည်းမခြိမ်း ရွာလည်းမရွာ၊
နေ၀ဘာသိတာ နော ကတ္တာ- ပြောလည်းမပြော လုပ်လည်း မလုပ်သူ။ စတုကင်္ဂုတ္တရမှ။
မိုဃ်းကြိုးမျိုး ၉-ပါး။ ။ သုတ်မဟာဝါ ။ပါ။၁၀၉။ဋ္ဌ။၁၆၀။ မိုဃ်းကြိုးပစ်ခြင်းမျိုး ၉-ပါး ဟူ၏။
(၁) အ သညာ- အသံမမြည်ဘဲ ကျသောမိုဃ်းကြိုး၊
(၂) ၀ိစက္ကာ-တူရွင်း ပုဆိန် ပဲခွပ်များကဲ့သို့ အသွားတဖက်သာရှိသော မိုဃ်းကြိုး၊
(၃) သတေရာ-ရယ်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၄) ဂဂ္ဂရာ-ဂျက်ဂျက်မြည်လျက် ကျသော မိုးဃ်းကြိုး၊
(၅) ကပိသီသာ- မျောက်မျက်နှာ မျှော်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၆) မစ္ဆ ၀ိလောဠိကာ-ငါးမြူးသကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၇) ကုက္ကဋကာ-ကြက်တောင်ဖြန့်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၈) ဒဏ္ဍ မဏိကာ- ထွန်တုံးကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၉) သုက္ခာသနီ-မိုဃ်းပင်ရွာသော်လည်း အလျှံနှင့် တကွဖြစ်၍ ရေမစွတ်သော လောင်မီးမိုဃ်းကြိုး။
မိုးချုပ်ညဥ့်ခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ။ ။ ၎င်းင်းသရုပ်ကို
(အ,ကာလခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။
မိုဃ်းမရွာခြင်း အကြောင်း ၅-ပါး။ ။ မိုဃ်းခေါင်ခြင်း အကြောင်းတရားငါးပါး၊ ၀လာဟကသံယုတ်။
(၁) ဥပရိ အာကာသေ တေဇောဓာတုကုပ္ပတိ- အထက်ကောင်းကင်၌ တေဇောဓာတ် ပျက်၍ မရွာခြင်း၊
(၂) ၀ါယောဓာတု ကပ္ပတိ- ၀ါယောဓါတ်ခေါ် လေတိုက်ခြင်း ပျက်၍ မရွာခြင်း၊
(၃) ရာဟု အသူရိန္ဒော-ရာဟုခေါ် အသူရိန်နတ်ကြီး လက်ဝါးဖြင့်ခံ၍ သမုဒ္ဒရာသို့ သွန်ပစ်သောကြောင့် မရွာခြင်း၊
(၄) ၀ဿ ၀လာ ဟကဒေ၀ါ ပမတ္တာ- မိုဃ်းနတ်သားတို့ မေ့လျော့မှုကြောင့် မရွာခြင်း၊
(၅) မနုဿ အဓမ္မိကာ- မင်းနှင့် လူတို့ တရားမစောင့် ကောက်ကျစ်ယုတ်မာမှုကြောင့် မရွာခြင်း။
မိုဃ်းရွာခြင်း အကြောင်း ၈-ပါး။ ။ ခန္ဓ၀ဂ္ဂသံယုတ်။ဋ္ဌ။၃၂၂။ မိုဃ်းရွာစေတတ်သော အကြောင်းတရား ၈-ပါး။
(၁) နဂါးတို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၂) ဂဠုန်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၃) နတ်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၄) သစ္စာစကားကြောင့် ရွာခြင်း၊
(၅) ဥတု အစွမ်းကြောင့် ရွာခြင်း၊
(၆) မာရ်နတ် လည့်ပတ်သောကြောင့် ရွာခြင်း၊
(၇) တန်ခိုးကြီးသူတို့ အာနုဘော်ကြောင့် ရွာခြင်း၊
(၈) ကမ္ဘာပျက်လိုသောကြောင့် ရွာခြင်း။
« မ် »
မျက်ကြုတ်တရားမျိုး ၉-ပါး၊ တနည်း ၁၀-ပါး။ ။ ၎င်းင်း၏ သရုပ်အဓိပ္ပါယ်ကို
(ရန်ငြိုးဖွဲ့ကြောင်း၉-ပါး၊ ၁၀-ပါး)၌ ကြည့်ပါ။
မျက်ငြိုးမာန်ထား နည်း ၉-ပါး။ ။ ၎င်းင်းသရုပ် (ရန်ငြိုးဖွဲ့ကြောင်း တရား ၉-ပါး)၌ ရှုပါ။
မျက်စိအပြား မျိုး ၃-ပါး။ ။ ဣတိဝုတ်။ပါ။၂၃၀။ဋ္ဌ။၁၉၆။
(၁) မံသ စက္ခု-အသားမျက်စိ၊
(၂) ဒိဗ္ဗစက္ခု- နတ်မျက်စိနှင့်တူသော တန်ခိုးမျက်စိ၊
(၃) ပညာ စက္ခု-ပညာဥာဏ်အမြင်။
မျက်စိ ၅-ပါး၊ မြတ်ဘုရား၊ ပိုင်းခြား ကိုယ်တိုင်သိ။ ။ ၎င်းင်း သရုပ်ကား(စက္ခု ၅-ပါး)ဟူသော သရုပ်နှင့် တူ၏။
မျက်မာန်ကြီးငြား၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ် အဘယ်နည်း?။ ။ ၎င်းင်းသရုပ်ကို(အမျက်ကြီးငြား ၁၄-ပါး) ဟူသော သုတေသန၌ ရှုပါ။
မျက်ရွဲမဏိ၊ ခေါ်ဆိုဘိ၊ စတုဝီသတိ အဘယ်နည်း?။ ။ ၎င်းင်းသရုပ်ကို (ပတ္တမြားမျိုးပြား၊ ၂၄-ပါး) ဟူသော သုတေသန၌ ရှုပါ။
« မျို »
မျိုး ၇-ဆက်၊ အောက်အထက်၊ စဉ်ဆက် စပ်၍ယူ။ ။ မင်္ဂလသုတ်ပျို့ ဋီကာအလို မိမိမှ အောက်သို့ ရေတွက်သော် "မျိုး ၇-ဆက်"ဟု ခေါ်၏၊ ၎င်းင်းအကျယ် (ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်)၌ ဆိုခဲ့ပြီ။
မျိုးစေ့အပြား၊ မျိုး ၅-ပါး၊ မိန့်ကြား ၀ိနည်းတော်။ ။ ၎င်းင်း၏ သရုပ်အဓိပ္ပါယ်ကား (ဗီဇမျိုး ၅-ပါး)နှင့်တူ၏။
မျောက်ဥအပြား၊ မျိုး ၆-ပါး၊ ခွဲခြား ဆေးကျမ်းလာ။ ။ ဥတုဘောဇနကျမ်းမာ ဖြစ်၏။
(၁) ပိဏ္ဍာ လုက- ပလောပီနံခေါ် မျောက်ဥတမျိုး၊
(၂) ကထာလုက-သန်သင်းထောက်ခေါ် မျောက်ဥတမျိုး၊
(၃) သင်္ခါလုက-ဖြူသော မျောက်ဥမျိုး၊
(၄) ဟတ္ထာလုက-ဆင်စွယ်ကဲ့သို့ ရှည်သော မျောက်ဥမျိုး၊
(၅) သတ္တာလုက- ၀က်လာဥခေါ် မျောက်ဥတမျိုး၊
(၆) ရတ္တာလုက-မျောက်ငချိပ်။
Wednesday, December 24, 2008
မိ-မီ---မိစ္ဆာ ဒါနကြီးမျိုး မှ မီးသတ်ကျင့်ဝတ်
မိစ္ဆာ ဒါနကြီးမျိုး ၁၀-ပါ။ ။ ၎င်းင်းသရုပ် (အပါယ်လားကြောင်း အလှူမျိုး ၁၀-ပါး )၌ ရှုပါ၊၊
မိစ္ဆာ ဒိဋ္ဌိ ဖြစ်ကြောင်း ၂-ပါး၊၊ ၊၊
(၁) ပရတောဃောသ-သူတပါးထံမှ မမှန်သော တရားများကို ကြားနာရခြင်း၊
(၂) အယောနိသော မနသိကာရ-ပညာဥာဏ်မယှဉ် မဆင်ခြင်ဘဲ အမှားကိုစွဲ၍ ယူထားခြင်း၊၊
ဒုကင်္ဂုတ္တရ။ ပါ။ ၈၆။ ဋ္ဌ။ ၅၈။
မိစ္ဆာဒိဋ္ဌိ ၆၂-ပါး။ ။ သုတ်သီလက္ခန် ဗြဟ္မဇာလသုတ်၊ ၎င်းင်းသရုပ် (၆၂)- ခြောက်ဆယ့်နှစ်ပါး
သောမိစ္ဆာဒိဋ္ဌိ ၌ရှုပါ။
မိစ္ဆာဝိတက်မျိုး ၉-ပါး။ ။ သီတင်းသည်တို့အတွက် သီလညှိုးနွမ်းကြောင်းဝိတက်မျိုး ၉ပါး။
(၁) ကာမ၀ိတက်-ကာမဂုဏ်၌ ကြံစည်မွေ့လျော်ခြင်း၊
(၂) ညာတိဝိတက်-ဆွေမျိုးအတွက်ကြံစည်မှူမျိုး၊
(၃) ဇနပဒ၀ိတက်-တိုင်းပြည် ဇနပုဒ်အတွက် ကြံစည်ချက်များ၊
(၄) အ မရဏ၀ိတက်-မနာ, မအို, မသေ, လိုခြင်း၊
(၅) အန၀ညာတ ၀ိတက်-မထေမဲ့ပြုရန်၊
(၆) လာဘ ၀ိတက်-လာဘ်ပစ္စည်းရေး၌၊
(၇)သက္ကာယ ၀ိတက်-စွဲလမ်းမှု တပ်နှစ်သက်မှု၌၊
(၈)ကိတ္တိ ၀ိတက်-ကျော်စောလိုမှု၌
(၉) ဂေဟသိတ ၀ိတက်-အိုးအိမ်ကိုမှီ၍ ကြံစည်ခြင်းမျိုး၊၊
မိတ်ဆွေ၏ အပြစ် ၇-ပါး။ ။ ဤ အပြစ် ၇-ပါးတွင် တပါးပါး ရှိသူကို မိတ်ဆွေ မဖွဲ့အပ်ချေ၊ ဟိတောပဒေသ။
(၁) ရဟဿဘေဒ-လျှို့ဝှက်သိုသိပ်အပ်သော အကြောင်းအချက်ကို ထုတ်ဖေါ် ဖွင့်ချခြင်း
(၂) ယာစန-အတောင်းအရမ်းများခြင်း၊
(၃)နိဋ္ဌုရ-ကြင်နာမဖက် ရက်စက် ကြမ်းဝကတ်ခြင်း၊
(၄) စလစိတ္တ-စိတ်ဓာတ်မတည်ခြင်း၊
(၅)ကောဓ-ဒေါသကြီးခြင်း၊
(၆) နိသစ္စ မဖြောင့်မှန်ခြင်း၊
(၇) ဇုတ-လောင်းတမ်းကစား အပျော်အပါးများခြင်း။
မိတ်ဆွေကောင်း အင်္ဂါ ၇-ပါး။ ။ ၎င်းင်း၏ သရုပ် အဓိပ္ပါယ်ကို (ခင်ပွန်းကောင်း အင်္ဂါ ၇-ပါး)၌ ပြခဲ့ပြီ၊ ဥဒါန်း အဋ္ဌကထာ၊၊
မိတ်ဆွေမျိုး အပြား ၃-ပါး။ ။ မဟာဝဂ္ဂသံယုတ်။ ပါ။ ၁၃၂။ ဋ္ဌ။ ၂၃၅။ ဤမိတ်ဆွေမျိုး ၃-ပါးတွင် အစဉ်အတိုင်း တပါးထက်တပါး ပိုမိုရင်းနှီးမှုရှိသည် ဟူ၏
(၁) သန္ဒိဋ္ဌ မိတ်ဆွေ- အချင်းချင်း တွေ့ဝကံသွားလာပြောဆိုဘူးသော မိတ်ဆွေမျိုး၊
(၂) သမ္ဘတ္တ မိတ်ဆွေ-အတူတကွ ထမင်းလက်ဆုံ စားဘူးသည် ထိအောင် ရင်းနှီးသော မိတ်ဆွေမျိုး၊
(၃) သမသိက္ခိတ မိတ်ဆွေ-ကျောင်းနေဖက် ကစားဖက် တကျောင်းတည်းထွက် မိတ်ဆွေ, တရားကျင့်သုံး သီတင်းသုံးဖက် မိတ်ဆွေ, ဆရာတူ တပည့်မျိုး။
မိတ်ဆွေမျိုး အပြား ၄-ပါး၊ တနည်း။ ။ ဟိတောပဒေသမှ။
(၁) သြရသ-ရင်၌ဖြစ်သော သားချစ်သ္မီး ပင်ကိုယ်ပြီးသော မိတ်ဆွေ၊
(၂) ကတသမ္ဗန္ဓ- ထိမ်းမြားလက်ထပ် စေ့စပ်၍ ပြုအပ်သော ချွေးမ, သမက် ခမီး ခမက် စသော မိတ်ဆွေ၊
(၃) ၀ံသက္ကမာဂတ- မျိုးရိုးမပျက် ဆင်းသက်လာသော အစဉ်အဆက်ဖြစ်သော မိတ်ဆွေ၊
(၄) ဗျသနာရက္ခက- ပစ္စည်းဥစ္စာ ပျက်သောအခါ၌ လာရောက် စောင့်ရှောက် ကူညီ ကာကွယ်ပေးတတ်သော မိတ်ဆွေသစ်။
မိတ်ဆွေဝတ် ၅-ပါး။ ။ သုတ်ပါထေယျ ။ပါ။ ၁၅၅ ။ဋ္ဌ။ ၁၃၉။ ၎င်းင်း သရုပ်အဓိပ္ပါယ်ကို အောက်ပါလင်္ကာ စကားရပ်ဖြင့်သိ၍ လူ့ယဉ်ကျေးမှုကို ပြုကြပါကုန်။
(၁) ပေးကမ်းချီးမြှင့်၊
(၂) ကိုယ်နှင့်ယှဉ်ထား၊
(၃) စီးပွားဆောင်ရွက်၊
(၄) နှုတ်မြွက်ချိုသာ၊
(၅) သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။
မိတ်ပျက်ခြင်းရာ၊ ကြောင်း ၄-ဖြာ၊ မိန့်မှာ ကျမ်းနီတိ။ ။ မိတ်ဆွေချင်းမုန်းတီး ပျက်ပြားကြောင်း တရား ၄-ပါး။ (၁) ပရီးပတားပြောကြားနေထိုင်ခြင်း၊
(၂) တဦးထံတဦး လည်ပတ် ၀င်ထွက် သွားလာမှု မရှိခြင်း၊
(၃) ပစ္စည်းဥစ္စာ ပေးယူ ဆက်ဆံမှု မရှိခြင်း၊
(၄) အခါမဟုတ်သည်၌ တောင်းယူချေးငှါး များလွန်းခြင်း။
မိန်းမအပြား၊ မျိုး ၄-ပါး၊ ခွဲခြားသျှတြ။ ။ လောကီ ဣတ္ထိသျှတ္တရမှ။
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
(၃) စိတြနီ မိန်းမမျိုး- ၀ါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို ၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ၀မ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊
မိန်းမ ၂၀၊ အုပ်ထိန်းကွယ်၊ ရှောင်ဘွယ် မေထုန်မှု။ ။ ၎င်းင်းပြဿနာ အဆုံးအဖြတ်မူကျယ် ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး၂၀)၌ ပြန်ကြည့်ပါလေ၊၊
မိန်းမဂြိုဟ် ၄-လုံး။ ။ ရွှေ, ခါး, သီ, ထ, ဂြိုဟ်မိန်းမ ဟူသော လင်္ကာအရ၊ ရာဟုဂြိုဟ်, တနင်းလာဂြိုဟ်, သောကြာဂြိုဟ်, စနေဂြိုဟ်တို့ကို ဆို၏၊၊
မိန်မတို့ အပြစ် ၆-ပါး။ ။ မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။
(၁) အရပ်ရှည်လွန်းသော မိန်းမ၊
(၂) အရပ်ပုလွန်းသူ၊
(၃) အသားဖြူလွန်းသူ၊
(၄) အသားမည်းလွန်းသူ၊
(၅) ၀လွန်းသူ၊
(၆) ပိန်လွန်းသူ ဟူ၏၊၊
မိန်းမတို့၏ အပြစ် ၇-ပါး တနည်း။ ။ များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်း ကို ဟိတောပဒေသကဆို၏၊၊
(၁) အသတျ- ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊
(၂) သာလာသာ- မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။
(၃) မာယာ-ကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြား တတ်ခြင်း၊
(၄)မစ္ဆရိယ - ၀န်တိုမိစ္ဆာ များစွာ ဖြစ်တတ်ခြင်း၊
(၅) အတိလုဒ္ဒ- တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊
(၆) နိဂ္ဂုဏတွံ- ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊
(၇) အသောစတွံ- အတွင်းပြင်ပ နှစ်ဌာန၀ယ် မစင်ကြယ် မသန့်ရှင်းခြင်း။
မိန်မတို့ အပြစ် ၉-ပါး။ ။ ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂-လာ ၂-နည်း ပေါင်း ပြထားသည်၊၊
(၁) အ သစိ-မစင်ကြယ်ခြင်း၊
(၂) ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊
(၃) သဘီရူ- အအိပ်ကြီးခြင်း၊
(၄) သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊
(၅) ကောဓန-အမျက်ထွက်လွယ်ခြင်း
(၆) ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊
(၇) ဃောရ၀ိသ- ရာဂထူထပ်ခြင်း၊
(၈) ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊
(၉) မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။
မိန်းမတို့ အလှဂုဏ်အင်္ဂါ ၆-ပါး။ ။ မဟာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၅၉၊
(၁) မဖြူ၊ (၂) မညို၊ (၃) မနိမ့်၊ (၄) မမြင့်၊ (၅) မပိန်၊ (၆) မ၀၊ ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။
မိန်းမတို့အား ၅-ပါး။ ။၊ သဠာယတန သံယုတ် ။ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။ မာတု ဂါမတို့ မာန်တက်ကြောင်း အား ၅ပါး၊၊
(၁) ရူပဗလ-အဆင်းအသွင် လှခြင်း၊
(၂) ဘောဂဗလ-ပစ္စည်းဥစ္စာ ပေါများခြင်း၊
(၃) ဥာတိဗလ-ဆွေမျိုးတောင့်ခြင်း၊
(၄) ပုတ္တဗလ-သားရတနာရှိခြင်း၊
(၅) သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။
မှတ်ချက်။ ။ ဉာတိဗလ အစား "လိမ်မာခြင်းနှင့် မပျင်းရိခြင်း" ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။
မိန်းမတို့ ဆွဲငင်ဓာတ် ဂ-ပါး။ ။ ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူလို၊ မာယာ ၄၀-မှ။
(၁) သိတံ- ချိုပြုံးသော မျက်နှာပေး၊
(၂) ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊
(၃) ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊
(၄) လဇ္ဇ-ရှက်ဟန် အသွင်ပြု၊
(၅)မန္ဓ၀ါစာ-မကြားတကြား ပြောသောစကားသံ၊
(၆) အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊
(၇) ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း
(၈) ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊
မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။
မိန်းမတို့ ပျက်စီးခြင်း ကြောင်းရင်း ၉-ပါး။ ။ လောကနီတိ အဖွင့်မှ။
(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ၀တ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။
မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း ကြောင်းတရား ၁၃-ပါး၊ တနည်း။ ။ ဟိတောပဒေသ ကျမ်းမှ။
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ၀ိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမ၀ါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊
(၆) ၀ိဒေသ၀ါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ၀ုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ၀ုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပ၀ါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။
မိန်းမတို့ မရကောင်းသော ဘ၀ရာထူးကြီး ၅-ပါး၊ တနည်း ၆-ပါး။ ။ ဥပရိပဏ္ဏာသ။ပါ။ ၁၁၀။ဋ္ဌ။၈၆။မိန်းမသားဇာတ် အဖြစ်ဖြင့် မရကောင်း မဖြစ်ကောင်းသော ဘ၀ကြီး ငါးပါး ဟူ၏၊
(၁) သမ္မာ သမ္ဗုဒ္ခ-ဘုရားဘ၀ အဖြစ်၊
(၂) စက္က ၀တ္တိ ရာဇာ-စကြ၀တေးမင်းကြီး၊
(၃) မဟာ ဗြဟ္မာ-ဗြဟ္မာမင်းကြီး၊
(၄) သက္ကော- သိကြားမင်းကြီး၊
(၅) မာရော-မာရ် နတ်မင်းကြီး။
မှတ်ချက်။ ။ ဧဟိဘိက္ခု ရဟန်းမဘ၀ကိုလည်း မရကောင်းချေ။
မိန်းမတို့ မရောင့်ရဲနိုင်ခြင်း တရား ၄-ပါး။ ။ များသောအားဖြင့်ရှိတတ်ကြောင်းကိုနီတိကျမ်း၌ ဆိုသည်၊
(၁)မေထုနေ-မေထုန်မှု၌၎င်းင်း၊၊
(၂) ဓနေ-ဥစ္စာ စည်းစိမ်း ရမှု၌၎င်းင်း ၊
(၃) ပုတ္တေ-သားဖွားရေး၌၎င်းင်း ၊
(၄) အလင်္ကာရေ-တန်းဆာဆင်ဝတ်ရေး၌၎င်းင်း။
မိန်းမတို့ မာန်တက်ခြင်း အကြောင်း ၅-ပါး။ ။ မာတုဂါမ သံယုတ်လာ အထက်ပါ (မိန်းမတို၏ အားငါးပါး)ကိုပင် ဆိုသည်။
မိန်းမတို့ လော်လည်ခြင်း၅-ပါး။ ။ ၎င်းင်းသရုပ် (လော်လီ၅-ထွေ)၌ ရူပါ။
မိန်းမတို့ သတ္တိ ၄ပါး။ ။ ကျက်မှတ်ရ လွယ်ကူစေရန် စာဏကျပျို့လာ အတိုင်း ထုတ်ပြလိုက်သည်။ မိန်းမဟူသည်၊ ဤမျိုးမည်ကား၊ လူရည်တင့်ထွား၊ ဖိုယောက်ျားထက်။
(၁) အစား နှစ်ပြန် ၊
(၂) ဥာဏ်မှာလေးဆ ၊
(၃) လုံ့လခြောက်ပုံ၊
(၄) ကာမဂုဏ် ရှစ်၊ လွန်၍ု ဖြစ်၏၊
အနှစ်ပညာ၊ ရှေ့သွားကာဖြင့်၊
လူ့ ရွာလောက၊ ဆက်ဆံကြလော့။
မိန်းမဒွါရ ၁၃-ပေါက် ။ ။ အမတ သာဂရ ဘေသဇ္ဇ ကျမ်းကြီးမှ။
(က) မျက်စိ ၂ပေါက်၊
(ခ) နား ၂-ပေါက်၊
(ဂ) နှာခေါင်း ၂-ပေါက်၊
(ဃ) နို့သားမြတ် ၂-ပေါက်၊
(င) ကျင်ငယ်ပေါက်၊
(စ) ကျင်ကြီးပေါက် ၊
(ဆ) ငယ်ထိပ် ပေါက်၊
(ဇ) သားအိမ်တိုက်ခန်းပေါက်၊
(ဈ) ပါးစပ်ပေါက်၊ ပေါင်း ၁၃-ပေါက်ဖြစ်၏။
မိန်းမများသာ၊ ဆက်ဆံရှာ၊ ၅-ဖြာ အာဝေဏိ ။ ။ ၎င်းင်းသရုပ် (အာဝေဏိက ဒုက္န ၅-ပါး)
ဟူသော သုတေသန၌ ဆိုခဲ့ပြီ။
မိန်းမမြတ် ကျင့်ဝတ် ၅ပါး။ ။ ဣတ္ထိသျှတြမှ ယူပြလိုက်သည်၊ မဟာ သုဒဿနသုတ် ၌လည်း ဤနည်းနှင့်နှင် လာ၏။
(၁) လုပ်ငန်းကိစ္စ ရပ်တို့၌ လင်နှင့်တိုင်ပင်ကာ စိတ်သဘော တူညီမှု ယူ၍ ပြုလုပ်ခြင်း။
(၂) လင်အိပ်မှ အိပ်ရခြင်း၊ အိပ်ရာဝင်နင်းနှိပ်ပေးရခြင်း၊
(၃) လင်မထမီ ထရခြင်း ၊
(၄)လင်မြတ်နိုး နှစ်သက်မူတိုကို လိုက်နာပြုမူ ကျင့်ကြံရခြင်း ၊
(၅) လင်နှင့်ပြောဆိုရာ၌ ပြုံးချိုသောမျက်နှာ သာယာသောအသံများ အမြဲထားရှိရခြင်း။
မိန်းမမြတ်တို့ ဂုဏ်အင်္ဂါ ၉ပါး။ ။ မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ၀တ္တရားကိုးပါး ဟူ၏ ၊သာမုန္ဒြိက ကျမ်းမှ။
(၁) အိမ်တွင်းမှု သန့်ရှင်းရေး ပြုလုပ်စီမံတတ်ရခြင်း ၊
(၂) ကိုယ့်လင်မှတပါး အခြားယောက်ျားသို့ စိတ်မျှ မကူးခြင်း၊
(၃) လင်ရှာရသောဥစ္စာကို သိမ်းဆည်းတတ်ရခြင်း။
(၄) လင်၏ရှေးဦးစွာ အိပ်ရာမှ ထရခြင်း ၊
(၅) လင်အိပ်ပြီးမှအိပ်ရ ခြင်း ၊
(၆) လင်၏ စီမံတိုင်ပင်မူကို ခံယူကူညီရခြင်း ၊
(၇)လင့်အလိုအကြိုက်ကို သိတတ် ပြုတတ်ရခြင်း ၊
(ဂ)ပြုံးသောမျက်နှာ ချိုသာသော စကားရှိရခြင်း ၊
(၉) အပူအအေးနှင့် လျော်စွာ လင့်အား ၀တ်ဆင်ပေးတတ်ရခြင်း ။
မိန်းမမြတ်ဖြစ်ကြောင်းတရား ၄-ပါး။ ။ မိန်းမမြတ် ဖြစ်နိုင်ရန် ကိုယ်ကျင့်တရားလေးပါး။ကောသလမင်းကြီးအားဘုရားဟောသည်။
(၁) သီလ၀တီ-အကျင့်သီလ ဣနြေ္ဒသိက္ခာရှိခြင်း
(၂) မေဓာဝိနီ- အမြော်အမြင်ဆင်ခြင်ဥာဏ်နှင့် ပြည့်စုံခြင်း၊
(၃) သဿုဒေ၀ါဥာဏ်-ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း ၊
(၄) ပတိဗ္ဗတာ-လင်ကို ရိုသေယုယ မြတ်နိုးခြင်း ။
မိန်းမလူသား ၊ ဘွဲ့ပုံထား ၊ဆယ်ပါး ဧတဒဂ် ။ ။ ၎င်းင်းသရုပ် (ဧတဒဂ်ရသူ လူမိန်းမ ၁၀-ယောက်) ၌ဆိုခဲ့ပြီ။
မိဖုယားကြီးမျိုး ၄-ပါး။ ။ ၎င်းင်း တို့၏ သရုပ်အဓိပ္ပါယ်ကို အောက်ပါ မဃဒေ၀လင်္ကာသစ် စကားဖြင့် ထင်ရှားစေသည်။
'ရွှေထီးပြောင်ပြောင်၊ နန်းဆောင်ဆောင်ထက်၊ မြောက် တောင်, အနောက်၊ အလယ်မြှောက်၍၊
လေးယောက် မိဖုယား၊ အကြီးထားမှ'။
အကျယ်ကို (နန်းရမိဖုယားမျိုး၎-ပါး)မှာ ကြည့်လေ။
မိဖုရားပြား၊ မျိုး ၈-ပါး၊ ခြားနား ဝေဖန်သိ။ ။
(နန်းရမိဖုယားကြီး ၄-ယောက်) နှင့်
(အဆောင်ရ မိဖုယား ၄-ယောက်၊) ပေါင်း ရှစ်ယောက်ကို ဆိုသည်၊ အကျယ်ကို ဆိုင်ရာ၌ ဆိုခဲ့ပြီ။
မိ, ဘ, ကျင့်ဝတ် ၅-ပါး။ ။
မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေရင်းနှီး၊ ထိမ်းမြားပြီးလျှင်၊ ၀တ် ၅-အင်၊ ဖခင်မယ်တို့တာ။ သုတ်ပါထေယျ ။ပါ။ ၁၅၄။ ဋ္ဌ။ ၁၉၁။
မိဘတို့ သားသမီးရလိုကြောင်း ၅-ပါး။ ။ ၎င်းင်းသရုပ် (သားသမီးရလိုခြင်းအကြောင်း ၅-ပါး) ၌ ရှုပါ။
« မီ »
မီတာ ၈-မျိုး။ ။ ဤ၌ ထင်ရှားစေရန် ကီလိုမီတာကစ၍ ဘော်ပြသည်။ (kilometre) ကီလိုမီတာ ကား- ပြင်သစ်ဘာသာစကား ဖြစ်သည်၊ မြန်မာလိုဆိုမူ ကီလိုကား (၁၀၀၀)၊ မီတာကား အတိုင်းအရှည်တခု ဟု အဓိပ္ပါယ်ရသည်။ (metre)မီတာပေါင်း(၁၀၀၀) ရှည်၏ ဟုဆိုလိုသည်။ ကီလို ဆိုသော စကားလုံးမှာ ပါဠိဘာသာ "သဟဿ" ဆိုသော စကားလုံးနှင့် ဆက်သွယ်လျက်ရှိကြောင်းကို အင်္ဂလိပ် အဘိဓာန်၌ ပြ၏၊ အတိုင်းအရှည်ကို သုံးရာ၌ မြန်မာတွင် တောင်, တာ, လက်သစ်၊ အင်္ဂလိပ်တွင် လက်မ, ပေ, ကိုက်, စသည်တို့ကို မူတည်ရဘိသကဲ့သို့ ပြင်သစ်ပြည်၌ အသုံးပြုသည့် "မက်ထရစ်(metric)" နည်းတွင် မီတာ ဟူသော အရှည်ကိုမူတည်ကြသည်။ မီတာတခုသည် ၃-ပေ ၃-လက်မ ၅-ပဲ သာသာရှိ၏၊ တနည်း ၃-ပေ ၃„လက်မ၊ တနည်း ၃၉.၃၇ လက်မရှိ၏ဟု မှတ်ရာသည်၊ ပြင်သစ်ပြည် ပါရစ်မြို့တော်၌ "ဗြူရိုဒီအချီ" ခေါ် ဘဏ်တိုက်ကြီးတွင် ၁-မီတာရှည်သော သတ္တုချောင်းတခုကို အများပြည်သူတို့ စံနမူနာအတွက် ထားရှိလေသည်၊ ၎င်းင်းမီတာသုံးနည်းစံနစ်ကို အင်္ဂလိပ်ç အမေရိကံç ရုသျှç တို့မှတပါး ကျန်သော ကမ္ဘာနိုင်ငံများအားလုံးလိုပင် အသုံးပြုကြ၏။
မီတာ၏ အမျိုးအစားရှစ်ပါးကား။
(၁) (millimetre) မီလီမီတာ၊
(၂) (centimetre) စင်တီမီတာ၊
(၃) (decimetre) ဒယ်စီမီတာ၊
(၄) (metre) မီတာ၊
(၅) (decametre) ဒေကာမီတာ၊
(၆) (hetometre) ဟက်တိုမီတာ၊
(၇) (kilometre) ကီလိုမီတာ၊ ဟူ၍ ခုနစ်မျိုးရှိလေသည်။ အမှတ် (၄) 'မီတာ' ခေါ် ၁-မီတာသည် ၃-ပေ ၃- လက်မ ရှိကြောင်းကို ပြဆိုခဲ့ပြီးဖြစ်၍ ၎င်းင်းတို့ကို ရေတွက်လိုသော် အငယ်ဆုံး 'မီလီမီတာ' မှ အကြီးဆုံး 'ကီလိုမီတာ' အထိ ဆယ်ဆတိုး သွားရသည်
ချည်း မှတ်လေ၊ ( မီလီမီတာ တဆယ်သည် စင်တီမီတာတခု, စင်တီမီတာ တဆယ်သည် ဒယ်စီမီတာ တခု ဟု ဆိုလေသည်၊) ထိုကြောင့် ကီလိုမီတာတခုကို အင်္ဂလိပ်သုံး မိုင် ဖါလုံ နည်းနှင့်တွက်သော် ၅-ဖါလုံ၊ ကိုက်ပေါင်း (၁၁၀၀)နီးပါးရှိကြောင်းတွေ့ရ၏။
မီး ၃-ပါး။ ။ သက်ဆိုင်သူတို့အား ကောင်းçဆိုးç နှစ်မျိုးကို ပေးတတ်သော မီးသုံးပါး ဟူ၏။
(၁) အာဟုနေယျဂ္ဂိမီးခေါ် ဆရာ မိဘနှစ်ပါး၊ တပည့် သားသမီးတို့၏ ပူဇော် သက္ကာရကို ခံထိုက်သော ကျေးဇူးရှင် ဆရာမိဘ နှစ်ပါးအား ပြစ်မှား ဆန့်ကျင်သော သားသမီးတို့သည် အပါယ်ငရဲ၌ ဆင်းရဲလောင်ကျွမ်း တတ်သောကြောင့် မီး ခေါ်သည်။
(၂) ဂဟ ပတဂ္ဂိမီးခေါ် လင်ယောက်ျား၊ အိမ်ရှင် လင်ယောက်ျားသည် မယားဖြစ်သူ၏ အိပ်ယာဝတ်စားတန်ဆာများကိုဖြစ်စေတတ်သဖြင့် ကျေးဇူးရှင်ကြီးပင်ဖြစ်၏၊ ထိုကျေးဇူးရှင် လင်ဖြစ်သူကို ကျူးလွန်ပြစ်မှား မရိုသေသော မယားသည် အပါယ်ငရဲသို့ ကျရောက်လောင်ကျွမ်း ဆင်းရဲရသည်ဖြစ်၍ လင်ကို မီးခေါ်သည်။
(၃) ဒက္ခိဏေယျဂ္ဂိမီးခေါ် ရဟန်း သံဃာ၊ ရဟန်းသံဃာတော် အရှင်မြတ်တို့သည် ကောင်းသော အကျင့် သီလ သိက္ခာသမာဓိတို့နှင့် ပြည့်စုံသောကြာင့် လူတို့၏ လုပ်ကျွေးပေးလှူ ပူဇော်ခြင်းကို ခံထိုက်ရကား ပြစ်မှားလွန်ကျူးသူ အပေါင်းတို့သည် အပါယ်ငရဲသို့ ကျရောက်လောင်ကျွမ်း ဆင်းရဲရသည်ဟူ၏၊ ထို့ကြောင့် မီးခေါ်သည်။
မီး ၁၁-ပါး။ ။ သတ္တ၀ါတို့ကိုလောင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား ၁၁-ပါး၊ သာရတ္ထဒီပနီဋီကာ ဒု မှ။ (၁) ရာဂမီး- အလိုရမ္မက်၊
(၂) ဒေါသမီး- ပြစ်များပုတ်ခတ်၊
(၃) မောဟမီး- အမှန်မသိ၊
(၄)ဇာတိ မီး- ပဋိသန္ဓေနေ၊
(၅) ဇရာ မီး-အို၊
(၆) မရဏ မီး- သေ၊
(၇) သောက မီး- စိုးရိမ်ပူဆွေး၊
(၈) ပရိဒေ၀ မီး- ငိုကြွေးရှိုက်ငင်၊
(၉) ဒုက္ဓမီး- ကိုယ်ဆင်းရဲ၊
(၁၀) ဒေါမနဿ မီး- စိတ်ဆင်းရဲ၊
(၁၁) ဥပါယာသ မီး- ဆို့တက်မေ့မျောသွားခြင်း။
မီးလှုံခြင်း အပြစ် ၅-ပါး။ ။ ပဉ္စင်္ဂုတ္တရ ပါဠိတော်မှ။
(၁) အ စက္ခုေဿာ- မျက်စိနှင့် မသင့်၊
(၂) ဒုဗ္ဗဏ္ဏကရဏော- အဆင်းမလှ ပြုတတ်၏၊
(၃) ဒုဗ္ဗလ ကရဏ- အင်အားနည်းအောင် ပြုတတ်၏၊
(၄) သင်္ဂဏိကာရာမဗန္ဓန-မိတ်ဖွဲ့ပျော်ပါး ချိန်ဆုံးပါးခြင်း၊
(၅) တိရစ္ဆာနကထာနိ ပ၀တ္တိ- မဂ်ဖိုလ် ဖီလာစကားတို့သာ များစွာဖြစ်ခြင်း။
မီးသတ်ကျင့်ဝတ် ၁၀-ပါး။ ။ မီးသတ်အဖွဲ့ဝင်သားများ လိုက်နာ ကျင့်ကြံကြရမည့် ၀တ်တရားဆယ်ပါး၊ မီးသတ် ကျင့်ဝတ် ဥပဒေကျမ်းမှ။
(၁) စည်းကမ်း သေ၀ပ်ရခြင်း၊
(၂) သူရသတ္တိ ရဲရင့်မှု ရှိရခြင်း၊
(၃) သနားကရုဏာ ရှိရခြင်း၊
(၄) ယဉ်ကျေး သိမ်မွေ့ရခြင်း၊
(၅) လျင်မြန်ဖျတ်လတ်ရခြင်း၊
(၆) စိတ်ထား တည်ကြည်ရခြင်း၊
(၇) ၀တ္တရားကျေပြွန်ရခြင်း၊
(၈) သစ္စာ ရှိရခြင်း၊
(၉) ညီညွတ်စည်းလုံးစွာ ရှိရခြင်း၊
(၁၀) ကျမ်းမာ သန်စွမ်းရခြင်း။
မာ---မာနမျိုးပြား မှ မာသမျိုး၎ပါး၊
မာနမျိုးပြား၊ ထို ၄-ပါး၊ မိန့်ကြား ကျမ်းဗေဒင် ။ ။ မာသမျိုး ၄-ပါးကိုပင် အချို့ ဗေဒင်ကျမ်းတို့၌ 'မာနမျိုး ၄-ပါး' ဟု ရေးသားခေါ်ဝေါ်ကြ၏၊ အနက်အဓိပ္ပါယ် အတူတူပင် မှတ်လေ။ အကျယ် (မာသ) ၌ ရှုပါ။
မာယာ ၃-ခွင်၊ အမြဲယှဉ်၊ ဘုရင် စစ်သူကြီး။ ။ ၎င်းင်း သရုပ် (စဉ်းလဲရခြင်းမျိုး ၃-ပါး) ၌ ရှုပါလေ။
မာယာ ၄၀၊ မှုမျိုးကြွယ်၊ ပျိုမယ်ဣတ္ထိယ။ ။ ဇာတ်ပါဠိတော် ဒု-အုပ်၊ ၁၂၁။ အဋ္ဌကထာ၊ ပဉ္စမအုပ်၊ ၄၆၇-နှင့် ၄၇၀။ ၄၇၁။ တို့၌ ရှုပါ။ မိန်းမတို့သည် မိမိတို့ကို တပ်နှစ်သက်စေရန် အတွက် ယောက်ျားတို့အပေါ်၌ လှည့်ပတ်ဖြားယောင်းခြင်းမျိုး ၄၀-ဟု အဓိပ္ပါယ်ရသည်။
(၁) ၀ိဇမ္ဘတိ- ယောက်ျားကိုမြင်လျှင် ငါဤသို့ ပြုငြားအံ့၊ ငါ့အား တပ်နှစ်သက် လိမ့်မည်ဟု ယောက်ျားအပါး၌ ရပ်လျက် ကိုယ်လက်ဆန့်သော အမူအရာကို ပြု၏။
(၂) ၀ိနမတိ- ဤငါပြုသောအမှတ်ဖြင့် အခွင့်ရသည် မရသည်ကို ယောက်ျားသိလိမ့်မည်ဟူ၍ မူလက ချိန်းချက်ထားသည်ဖြစ်စေ မထားသည်ဖြစ်စေ တစုံတခုသော ၀တ္ထုကို မြေမှကြွအောင်ပြုသကဲ့သို့ မိမိ၏ကိုယ်လက်ကျောပြင်ကို မြင်အောင် ညွတ်ရောင်ပြု၏။
(၃) ၀ိလာသတိ- သွား, လာ, အိပ်, ထိုင်, လျောင်းပုံတို့ဖြင့်၎င်းင်း၊ သို့မဟုတ် အတင့်အတယ် တန်ဆာဆင်ခြင်းဖြင့်၎င်းင်း၊ ယောက်ျားများစွဲမက်အောင် စံပယ်ပျောင်းပျသော အခြင်းအရာကို ပြ၏။
(၄) ၀ိလဇ္ဇတိ-ရှက်စနိုးယောင်ပြုလျက် အ၀တ်ဖြင့် ကိုယ်လက်ကို ဖုံးလွှမ်းခြင်း နံရံတိုင်စသည်တို့ကို မှီကပ်နေခြင်း စသည်ဖြင့် ရှက်ယောင်ဆောင်၏။
(၅) နခေန နခံ ဃဋ္ဋေတိ- ခြေသည်းကို ခြေသည်းချင်း၊ လက်သည်းကို လက်သည်းချင်း ခြစ်၍ လှည့်ဖြား၏။
(၆) ပါဒေန ပါဒံ အက္ကမတိ- ခြေဖွားတခုဖြင့် ခြေတခုကို နင်း၏။
(၇) ကဋ္ဌေန ၀ိလေခတိ- သစ်သား တုတ်ချောင်းဖြင့် မြေကိုခြစ်ရေး၏။
(၈) ဒါရကံ ဥလ္လင်္ဃတိ- ကလေးသူငယ်ကို ချီ၍မြှောက်၏။
(၉) ဥလ္လင်္ဃာပေတိ- သူတပါးကို တိုက်တွန်း၍ သူငယ်ကို မြှောက်စေ၏။
(၁၀) သိင်္ဃတိ- သူငယ်ကိုနမ်း၏။
(၁၁) သိင်္ဃာပေတိ- မိမိကိုနမ်းခိုင်း၏။
(၁၂) ကိဠိတိ- သူငယ်ကို ကစား၏။
(၁၃) ကိဠာပေတိ- သူငယ်ကို ကစားစေ၏။
(၁၄) စုမ္ဗတိ- သူငယ်ကို ဖက်ယမ်း၏, စုတ်၏။
(၁၅) စုမ္ဗာပေတိ- သူငယ်ကို ဖက်ယမ်းစေ၏, စုတ်စေ၏။
(၁၆) ဘုဉ္ဇတိ- သူငယ်၏ မုံ့စသည်ကို ယူ၍စား၏။
(၁၇) ဘုဉ္ဇာပေတိ- သူငယ်ကို စားစေ၏။
(၁၈) ဒဒါတိ- သူငယ်အား တစုံတခုကို ပေး၏။
(၁၉) အာယာစတိ- တဖန်ပြန်၍ တောင်း၏။
(၂၀) အနု ကရောတိ- သူငယ်နှင့် အတူလိုက်၍ ပြု၏။
(၂၁) ဥစ္စံ ဘာသတိ- ယောက်ျားအား မြင့်သောအသံ နှစ်သက်ဖွယ်သော စကား ချီးမွမ်းသော စကားကို ဆို၏။
(၂၂) နိစ္စံဘာသတိ-ယောက်ျားအား ညှင်းညှင်းသောအသံ မနှစ်သက်ဖွယ်သောစကား, နှိမ့်ချသောစကားကိုဆို၏။
(၂၃) ၀ိစ္စံ ဘာသတိပရိသတ်အလယ်၌သီချင်းစသည်ကို ထင်စွာဆို၏။
ပတိဝိစ္စံ ဘာသထိ-ဆိတ်ငြိမ်ရာ၌ ကခြင်း သီခြင်း စသည်ဖြင့်ဖြားယောင်း၍ပြောဆို၏။
(၂၄) နစ္စေန ဂီတေန ၀ါဒိတေန ရောဒိတေန ၀ိလာသိတေန ၀ိဘူသိတေန ဇဂ္ဃတိ - ကခြင်း , တီးမှုတ်ခြင်း ငိုခြင်း စမ္ပယ်ခြင်း တန်ဆာခြင်း ပြင်းစွာရယ်ခြင်းဖြင့် နိမိတ်အမှတ်ကိုပြ၏။
(၂၅) ပေက္ခတိ-စောင်းငဲ့၍ ကြာ ကြည့် ကြည့်၏။
(၂၆) ကဋိ စာလေတိ-ခါး တင်ပါးကို နိမ့်တုံမြင့်တုံ ပြု၏။
(၂၇) ဂုယှ ဘဏ္ဍကံ -လျှို့ ၀ှက်အပ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုလှုပ်၏။
(၂ဂ) ဥရု ၀ိဝရတိ-ပေါင်ကို ဖွင့်ဖေါ်၏။
(၂၉) ထနံ ဒေဿတိ -နို့သားမြတ်ကို ပြ၏။
(၃၀) ဥရု ပိဒဟတိ-ပေါင်ကိုဖုံး၏။
(၃၁) ကစံ္ဆ ဒေဿတိ-လက်ကတီး (ဂျိုင်းကြား) ကိုဖေါ်ပြ၏။
(၃၂) နာဘိ ဒေဿတိ-ချက်ကို ဖေါ်ပြ၏။
(၃၃) အက္ခိနိ ခဏတိ-မျက်စိကို မှိတ်၏။
(၃၄) ဘမုံ ဥက္ခီ ပတိ-မျက်ခုံးချီ၏၊ မျက်စပစ်၏။
(၃၅) သြဋ္ဌံ ပလိက္ခတိ-နှုတ်ခမ်းကို ကိုက်၏။
(၃၆) ဇိဝှံ နိလ္လာကေတိ-လျှာကို ထုတ်၏။
(၃၇) ဒုဿံ မုဉ္စတိ-ထမီကို ကျွတ်အောင် ပြု၏။
(၃၈) ဒုဿံ ပတိဗန္ဓတိ-ထမီကို ပြင်၍၀တ်၏။
(၃၉) သီသံ မုဉ္စတိ-ဆံထုံးကို ဖြေ၏။
(၄၀) သီသံ ဗန္ဓတိ- ဆံကို ပြန်ထုံး၏။
မာရ် ၅-ပါး၊၊ ၊၊ ၀ိသုဒ္ဓိမဂ်၊၂၀၄။ အပါဒါန် ။ ဠ။ ပ-အုပ်၁၁၉၊ နှောင့်ရှက်ဆီးတားမှု ငါးပါး၊
(၁) ရွှေပလ္လင်တော်မြတ်ကို စစ်တပ်နှင့် တိုက်လုသော မာရ်နတ်သားကို 'ဒေ၀ပုတ္တမာရ်' ခေါ်သည်၊
(၂) ကိလေသာ ၁၀-ပါး၊ သို့မဟုတ် ၁၅၀၀ ကိလေသာကို 'ကိလေသမာရ်' ခေါ်သည်၊
(၃) ဘ၀သစ်အဖို့ ပစ်ချစီမံ ပြုပြင်တတ်သောကံကို 'အဘိသင်္ခါရမာရ်' ခေါ်သည်၊
(၄) ရဟန္တာမဖြစ်မီအတွင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စီမံပစ်ချရာ ဘ၀သစ်၌ ဖြစ် ရလတံ့သော ခန္ဓာငါပါးကို 'ခန္ဓမာရ်' ခေါ်သည်၊
(၅) သေရခြင်းသဘောကို 'မစ္စုမာရ်' ခေါ်သည်၊၊
မာရ်စစ်သည် ၁၀-ပါး။ ။ ဣတိဝုတ် ။ပါ။ ၂၂၂။ ဋ္ဌ။ ၁၆၄။ ကုသိုလ်မှု၌ တိုက်ဖျက်လေ့ ရှိသော မာရ်နတ်၏ စစ်သည်တော် ဆယ်ယောက်၊
(၁) ကာမ ရာဂ-ကာမဂုဏ်၌ တပ်မက်မှု၊
(၂)အရတိ-ကောင်းမှု၌ မမွေ့ပျော်မှု၊
(၃)ခုပ္ပိပါသ-ဆာလောင် မွတ်သိပ်တတ်မူ၊
(၄)တဏှာ-ဆာလောင်သော အရာကို ရှာမှီးခြင်း၊
(၅) ထိနမိဒ္ဒ-ငိုက်မျည်း အိပ်ချင်ခြင်း၊ကောင်းမှု၌ စိတ်အား လျော့ကျခြင်း၊
(၆) ဘိရု-ကြောက်ခြင်း၊
(၇) ၀ိစိကိစ္ဆာ-ယုံမှား သံသယဖြစ်ခြင်း၊
(၈) မက္ခ, ထမ္ဘ- ကျေဇူးမဲ့ပြုခြင်း, ခက်ထန်ခြင်း၊
(၉) လာဘ, သိလောက, သက္ကာရ, မိစ္ဆာလဒ္ဓ-မဟုတ်မမှန်လုပ်ကြံယုတ်မာသော လာဘ်, ကျော်စော ပူဇော်ခံမျိုး၊
(၁၀) အတ္တုကံသန, ပရ၀မ္ဘန- ကိုယ့်ကိုမြောက်, သူ့ကို နှိမ့်မှု သဘောယုတ်။
မာလိန် မှူး အင်္ဂါ၉-ပါး။ ။ ၎င်းင်း သရုပ်ကို (သင်္ဘောသူကြီး အင်္ဂါ၉- ပါး)၌ ရှုပါ၊၊
မာသမျိုး ၃ -ပါး။ ။ ဗေဒင် ကျမ်းသုံး ဝေါဟာရ ဖြစ်သည်၊၊၎င်းင်းကိုပင် 'လ မျိုး၃ပါး' ဟုလည်း ခေါ်သေး၏။
(၁) သူရိယ မာသ-မိဿ ပြိဿ စသော ၁၂-ရာသီကို ခေါ်သည်၊ တနည်း၊ တနင်္ဂနွေ ဂြိုဟ်မင်း ရပ်တည်ခြင်းကို အစွဲပြု၍ ခေါ်သော လ၊ သို့မဟုတ် ယခုလပြည့်မှသည် နောက်လပြည့်၏ အကြားကို သူရိယမာသဟုခေါ်သည်မှတ်၊ မြန်မာဘာသာအားဖြင့် နေမင်းကို အမှတ်အစွဲပြု ခေါ်သောလ ဟူ၏၊၊
(၂) စန္ဒရ မာသ-တန်ခူး, ကဆုန် စသော ၁၂လကို ခေါ်သည်။ တနည်း၊ တနင်းလာ ဂြိုဟ် ရပ်တည်ခြင်းကို အစွဲအမှတ်ပြု၍ခေါ်သော လ၊ သို့မဟုတ် ယခုလကွယ်က စ၍ နောက်လကွယ် တိုင်အောင် အကြားကို စန္ဒရ မာသဟုခေါ်ကြ၏၊ မြန်မာဘာသာအားဖြင့် စန္ဒခေါ် တနင်းလာစန်းဂြိုဟ်ကို အမှတ်အသားပြု၍ခေါ်သော လ တည်း၊ ဥပမာ-မိန်ရာသီနှင့် မိဿရာသီ အကြား တ၀က်စီကို စန္ဒရ မာသတန်ခူးလ ဟု ခေါ်သည် သိလေ။
(၃) သ၀ဏ မာသ-သည်နေ့ နေထွက်သည်က စ၍ နောက်တနေ့ နေထွက်တိုင်အောင် ရေတွက်ခြင်းဖြင့် ရက်ပေါင်း(၃၀)ပြည့်သောအခါ သ၀ဏ မာသတလဟု ခေါ်သည်၊။
မှတ်ချက်။ ။စန္ဒရမာသကိုပင် ဝေါဟာရ မာသဟုလည်း ခေါ်ကြသည်၊၊
မာသမျိုး၎ပါး၊တနည်း၊၊ ၊၊ ဤကားသဒ္ဒတ္ထထောမ မဟာနိဓိ အဘိဓာန် ကျမ်းဆရာ အလိုတည်း။
(၁)သောရ မာသ-နေမင်းသည် တရာသီ၌ အံသာ ၃၀၊ သို့မဟုတ် ရက် ၃၀ နေသည်ကိုစွဲ၍ ပိုင်းခြားနှိုင်းယှဉ်သောလ၊
(၂) သာဝဏ မာသ- ပိဋကတ်တော် အလို အရုဏ်ဖြင့်, ဗေဒင်အ လိုသန်းခေါင်ဖြင့် နေသွားကို ပိုင်းခြားကန့်သတ်၍ ရက်ပေါင်း ၃၀-၂၉ ရက်တို့ဖြင့် ရေတွက်သော လ၊
(၃) စန္စရ မာသ- နေနှင့်လ တကြိမ်ထပ်မိသည်မှ တကြိမ်ထပ်မိသည် အထိ တိထီ ၃၀-ရက် ၃၀-ဖြင့် ခေါ်သောလ၊
(၄) နက္ခတ္တ မာသ- နက္ခတ်တလုံးသည် တရက်မည်၏၊ ပုဏ္ဏမီနက္ခတ်ဖြင့် ပိုင်းခြား နှိုင်းယှဉ်အပ်သော လ, မျိုးကို ခေါ်သည်။
မ---မကြံစည်အပ်သော မှ မာန်ယစ်ခြင်း
မကြံစည်အပ်သော တရား ၄-ပါး။ ။ ၎င်းင်းသရုပ် (အစိန္တေယျ ၄-ပါး)၌ ရှု။
မကြီးရာသည်၊ ၁၀-ပါးမည်၊ လောကီလောကုတ် အဘယ်နည်း?။ ။"မကြီးရာသည်၊ ၁၀-ပါးမည်ကား" ဟူသော လင်္ကာဖြင့် စိန္တကျော်သူ ဦးသြ၏ သြ၀ါဒထူးပျို့၌ လောကီရေးရာ ကြီးပွားယဉ်ကျေးမှုအတွက် မိန့်မြွက်ထားသည်ကို သင်ကြားရ ဘူးသည်၊ အကျယ်ကို ၎င်းင်းပျို့၌ ရှုပါကုန်။
မကြောက်သင့်သည်ကို ကြောက်နေသော သတ္တ၀ါမိုက် ၄-ဦး။ ။ ၎င်းင်းသရုပ်ကို (အမိုက်ကောင်ကြီး ၄-ဦး)၌ ရှုပါ။
မဂ် ၃-ပါး။ ။ မေထုန်မှု ပြုကျင့်သွားလာရန် လမ်းပေါက်မျိုးကိုဆိုသည်၊ ရဟန်းတော်များ ထိုမဂ် ၃-ပါးတွင် မေထုန်မှုပြုက ပါရာဇိက ကျ၏။
(၁) မုခမဂ်-ပါးစပ် ခံတွင်း၊
(၂) ပဿဝမဂ်-ကျင်ငယ် သွားရာလမ်း, မိန်းမ အင်္ဂါဇာတ်၊
(၃) ၀စ္စမဂ်-ကျင်ကြီးသွားရာလမ်း, စအို။
မဂ် ၃၀၊ တနည်း။ ။ ပါရာဇိက ။ပါ။ ၃၄။၃၅။ ၎င်းင်း ။ဋ္ဌ။ ၂၂၅။ ကင်္ခါ ၁၀၉-တို့၌ အကျယ်ရှု။ အဗြဟ္မစာရီ သိက္ခာပုဒ်အရ မေထုန်မှု မပြုရသော ကာမလမ်းခေါ် မဂ်ပြားသုံးဆယ်၊
(က) လူယောက်ျား၌ မုခမဂ်, ၀စ္စမဂ် ၂-ပါး၊
(ခ) နတ်ယောက်ျား၌လည်း ၎င်းင်း ၂-ပါး၊
(ဂ) တိရစ္ဆာန်ယောက်ျား၌လည်း ၎င်းင်း ၂-ပါး၊
(ဃ) လူမိန်းမ၌ မုခမဂ်, ပဿဝမဂ်, ၀စ္စမဂ်ç ၃-ပါး၊
(င) နတ်မိန်းမ၌လည်း ၎င်းင်း ၃-ပါး၊
(စ) တိရစ္ဆာန်မိန်းမ၌လည်း ၎င်းင်း ၃-ပါး၊
(ဆ) လူဥဘတောဗျည်း၌လည်း ၎င်းင်း ၃-ပါး၊
(ဇ)နတ်ဥဘတောဗျည်း၌လည်း ၎င်းင်း ၃-ပါး၊
(ဈ) တိရစ္ဆာန်ဥဘတောဗျည်း၌လည်း ၎င်းင်း ၃-ပါး၊
(ည) လူနပုံး၌ မုခမဂ်, ၀စ္စမဂ် ၂-ပါး၊
(ဋ) နတ်နပုံး၌လည်း ၎င်းင်း ၂-ပါး၊
(ဌ) တိရစ္ဆာန်နပုံး ၌လည်း ၎င်းင်း ၂-ပါး၊
ပေါင်း ၃၀-ဖြစ်၏။
မဂ္ဂင် ၈-ပါး။ ။ သောတာပန် စသည် ဖြစ်ကြောင်းတရား အစိတ် ၈-ပါးဟူ၏၊ ဤ၌ မှားယွင်းသောစကားနှင့် အလုပ်အကိုင်ဟူသမျှတို့မှ ရှောင်ကြဉ်ခြင်းကိုပင် မှန်ကန်သောတရားဟု သိရာ၏။
(၁) သမ္မာဒိဋ္ဌိ-မှန်ကန်သော ရှုမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ -မှန်ကန်စွာ ကြံစည်ခြင်း၊ ၎င်းင်း ၂-ပါးကား ပညာစခန်းတည်း၊
(၃) သမ္မာဝါစာ-မှန်ကန်စွာ ပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တ-မှန်ကန်စွာဉပလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ-မှန်ကန်စွာအသက်မွေးခြင်း၊ ၎င်းင်း ၃-ပါးကား သီလစခန်းတည်း၊
(၆) သမ္မာဝါယမ-မှန်ကန်စွာ လုံ့လထုတ်ခြင်း၊ ၎င်းင်းကား သီလ, သမာဓိ, ပညာ စခန်းတည်း၊
(၇) သမ္မာသတိ-မှန်ကန်စွာ အောက်မေ့ခြင်း၊
(၈) သမ္မာသမာဓိ-မှန်ကန်စွာ စိတ်တည်တံ့ခြင်း၊ ၎င်းင်း ၂-ပါးကား သမာဓိစခန်းတည်း။
မဂ္ဂင် ၁၀။ ။ ၎င်းင်း အကျယ် ပွားပုံကို ဥပရိပဏ္ဏာသ ပါဠိတော် ၁၁၆။ အဋ္ဌကထာ ၉၂-၌ ရှုပါ။
မဂ္ဂဋ္ဌာန် ၄-ယောက်။ ။ မဂ်ပုဂ္ဂိုလ် လေးယောက်လည်း ခေါ်သည်။
(၁) သောတာပတ္တိ မဂ်ပုဂ္ဂိုလ်၊
(၂) သကဒါဂါမိ မဂ်ပုဂ္ဂိုလ်၊
(၃) အနာဂါမိ မဂ်ပုဂ္ဂိုလ်၊
(၄) အရဟတ္တ မဂ်ပုဂ္ဂိုလ်။
မဂ္ဂသစ္စာ၏ အနက်သဘော ၄-ချက်။ ။ ၎င်းင်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်)၌ ရှုပါ။
မဂ်တရား ၄-ပါး။ ။
သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်, ၎င်းင်းကိုပင် မဂ်စိတ် ၄-ပါးလည်း ခေါ်သည်။
မဂ်တု ဖိုလ်တု တရား ၁၀-ပါး။ ။ ၎င်းင်းသရုပ်ကို (ဥပက္ကိလေသ တရား ၁၀-ပါး)၌ ရှုပါ။
မဂ်ဖိုလ်တရား၊ ပိတ်ပင်ထား၊ ၅-ပါး အန္တရာယ်။ ။ ၎င်းင်းသရုပ် (အန္တရာယ် ၅-ပါး)၌ ဆိုခဲ့ပြီ။
မဂ် ဖိုလ် မရထိုက်သူမျိုး ၁၆-ယောက်။ ။ မိလိန္ဒပဥှာ ပါဠိတော် ၂၉၈-၌အကျယ်ရှု။
တိရစ္ဆာန်,
ပြိတ္တာ,
အယူမှားယွင်းသူ,
စဉ်းလဲကောက်ကျစ်သူ,
အမိကို သတ်သူ,
အဖကို သတ်သူ,
ရဟန္တာကို သတ်သူ,
သံဃာကို သင်းခွဲသူ,
ဘုရားကို သွေးစိမ်း တည်စေသူ,
ရဟန်းအသွင်ကို ခိုးသူ, (၁၀)
တိတ္တိဘောင်၌ ပြောင်းရွှေ့နေသူ,
ဘိက္ခုနီမကို ဖျက်ဆီးသူ,
သံဃာဒိသိသ် အာပတ်သင့်နေသော ရဟန်း,
ပဏ္ဍုက် ၅-မျိုး၌ ပါဝင်သူ,
ဥဘတော ဗျည်းခေါ် ထီး, မ အင်္ဂါဇာတ် ၂-မျိုး ပါရှိသူ,
ခုနစ်နှစ်အောက် ငယ်ရွယ်သူ၊ (၁၆)
ဤ ပုဂ္ဂိုလ် ၁၆-ဦးတို့မှာ ပဋိပတ်ကျင့်ဝတ်မှန်ကို ကောင်းစွာပင် ကျင့်စေကာ မဂ်, ဖိုလ် မရနိုင်ကြောင်း ရှင်နာဂသေနထေရ် မိန့်ဆိုဖြေကြား၏။
မင်္ဂလာဆံထုံး၊ ၇-ထုံး၊ ဖွဲ့ထုံး လှသူဇာ။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ်ကို (ဥသျှောင် ၇-မျိုး)၌ ပြဆိုခဲ့ပြီ။
မင်္ဂလာဆောင်မျိုး အပြား ၃-ပါး၊ တနည်း၊ ၈-ပါး။ ။ ၎င်းင်းသရုပ် (ထိမ်းမြားမင်္ဂလာအမှု မျိုးအပြား ၃-ပါး၊ ၈-ပါး)၌ ပြဆိုခဲ့ပြီ။
မင်္ဂလာဆောင်ရိုး၊ လ ၆-မျိုး၊ ကျိုးပြစ် မည်သို့ရှိ။ ။ ဤ၌ကောင်းç မကောင်း ၆-လစီနှင့် အကျိုးအပြစ်တို့ကို အောက်ပါပညာရှိတို့၏လေးချိုးကဗျာဖြင့် သိပါလေ။
ဝါဆို,၀ါခေါင် ထိမ်းလျှင်လှ၊ သေကိန်းပ ဆွေကြင်ဘော်။
ခေါင်းပါးစွာ တော်သလင်းနှင့်၊ သားပုတ္တာ ခြွေရံ ကင်းပါလိမ့်၊ ကွင်းရှောင်ကြ လနတ္တော်။
ပြာသိုမှာ ဥစ္စာယွင်းပါလို့၊ ကွေကွင်းကြ တပေါင်းနော်၊ မလျော်တဲ့ ခြောက်လ။
ကြွင်းမာသေ၊ ထိမ်းမြားပါလေတော့၊ ရံခြွေရွေ ဆန်စပါးရယ်တို့၊ ပေါများ ကုံလုံလို့၊
လူ့ဘုံမှာ အိုအောင်ပေါင်းရကွယ်မယ်၊ ကျောင်းကြီး အမ။
မင်္ဂလာတရား ၁၂-ပါး။ ။ ၎င်းင်း၏ သရုပ်အဓိပ္ပါယ်ကို (လောကီမင်္ဂလာ ၁၂-ပါး)ဟူသော သုတေသန၌ ကြည့်ပါ။
မင်္ဂလာတရား ၃၈-ပါး။ ။ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။
(၁) အသေ၀နာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေ၀နာ-ဥာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
(၄) ပဋိရူပ ဒေသာဝါသ-သင့်လျော်ကောင်းမြတ်ရာ၌ နေရခြင်း၊
(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
(၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှု အတတ်မျိုးစုံ တတ်ထားရခြင်း၊
(၉) ၀ိနယ သုသိက္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကို ကောင်းစွာသင်ယူခြင်း၊
(၁၀) သု ဘာသိတ၀ါစာ- အင်္ဂါလေးပါးရှိသော စကားကို ပြောဆိုတတ်ရခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊
(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊
(၁၃) အနာကုလ ကမ္မန္တ-ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ်မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက် ထိုက်သလို လုပ်ရခြင်း၊
(၁၄) ဒါန မင်္ဂလာ-ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
(၁၅) ဓမ္မ စရိယ-ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
(၁၆) ဥာတကာနဉ္စသင်္ဂဟ-ဆွေမျိုးတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၁၇) အန၀ဇ္ဇကမ္မ-နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများနှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာ ရှောင်ကြဉ်ရခြင်း၊
(၁၉) ၀ိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
(၂၁) အပ္ပမာဒ ဓမ္မ-ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရ၀- ရိုသေထိုက်သူကို ရိုသေခြင်း၊
(၂၃) နိဝါတ- မာနမထား နှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
(၂၅) ကတညုတာ-သူပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန-သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း၊
(၂၈) သောဝစဿတာ-ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
(၂၉) သမဏဒဿန- အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
(၃၀) ကာလေန ဓမ္မသာကစ္ဆ-လျောက်ပတ်သောအခါ၌ တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းပြု, မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ၀ီရိယ တရား အစဉ်ထားခြင်း၊
(၃၂) ဗြဟ္မစရိယ-မြတ်သော အကျင့်ရှိခြင်း၊
(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက်ဉပရခြင်း၊
(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှု မရှိခြင်း၊
(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၃၇) ၀ိရဇ- ရာဂစသော ကိလေသာမြူ မရှိခြင်း၊
(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။
မင်္ဂလာပန်းပွင့် ၇-ပွင့်။ ။ မင်္ဂလာအောင်ပွဲ သဘင်၌ ယတြာပန်း ၇-မျိုး။
သတို့သား သတို့သမီးတို့ ထိမ်းမြားသော နေ့သည်
တနင်္ဂနွေနေ့ဖြစ်မူ ကံ့ကော်ပန်းကို ပန်ဆောင်ကြရာသည်၊
တနင်းလာနေ့ဖြစ်မူ နှင်းဆီပန်း၊
အင်္ဂါနေ့ဖြစ်မူ ဇလပ်ပန်း၊
ဗုဒ္ဓဟူးနေ့ဖြစ်မူ စပယ်ပန်း, သပြေပန်း၊
ကြာသပတေးနေ့ဖြစ်မူ သီး, သံသတ်ပန်း၊
သောကြာနေ့ဖြစ်မူ ဒန်းပန်း, နှင်းပန်း၊
စနေနေ့ဖြစ်မူ အုန်းပန်း၊
ဤသို့လျှင် မိမိတို့၏ အညွန့်နံသင့် ပန်းများကို ပန်ဆင်၍ မင်္ဂလာမှုပြုကြကုန်ရာသည်။ (ဗေဒင်)
မင်း ၄-ပါး ဆေး။ ။ စိန်, ဆေး, ကန့်, ဟင်း, ခေါ် ဓာတ် ၄-ပါးဆေးကို အဂ္ဂိရတ်ကျမ်းတို့၌ မင်း ၄-ပါးဆေး ခေါ်သည်။
မင်းဧကရာ၊ သတ္တိမှာ၊ ၃-ဖြာရှိ၏ အသို့နည်း?။ ။' မန္တာ၊ ဥဿာဟ၊ ပဘာဝဟု၊ ရာဇသတ္တိ, ၃-ပါးရှိ၏'ဟူသောစကားအရ ဖြစ်သည်။
(၁) မန္တ သတ္တိ- ပညာရှိတို့နှင့် အစစ တိုင်ပင် နှီးနှောမှု၊
(၂) ဥဿာဟ သတ္တိ- ရိက္ခာ, လက်နက်, စစ်သား ရှာမှီးမှု၊
(၃) ပဘာဝ သတ္တိ- စိမ်း ကျက် မရွေး ပြစ်ပေး ဆုံးမ မှု။
၎င်းင်း ၃-ပါး အပြည့်အစုံ ရှိထားရမည်။
မင်းကျင့်တရား ၁၀-ပါး။ ။ သုတ်ပါထေယျ။ပါ။၅၀။ဋ္ဌ။ ၃၄။ မဟာဟံသဇာတ်နှင့် နန္ဒိယဇာတ် အဋ္ဌကထာတို့၌လည်း ပါရှိသည်၊ မင်းကောင်းမင်းမြတ်တို့ ကျင့်ဝတ် ၁၀-ပါးဟူ၏။
(၁) ဒါန-အလှူပေးခြင်း၊
(၂) သီလ-ငါးပါးသီလ ဆယ်ပါးသီလကို ဆောက်တည်ရခြင်း၊
(၃) ပရိစာဂ- ပေးကမ်းချီးမြှင့် စွန့်ကြဲရခြင်း၊
(၄) မုဒုက- ကိုယ် နှုတ် နူးညံ့သိမ်မွေ့ ရခြင်း၊
(၅) ဥပေါသထ-အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း၊
(၆) အက္ကောဓ- အမျက်မထွက်ရခြင်း၊
(၇) အ ၀ိရောဓ- ရဟန်းရှင်လူပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း၊
(၈) အ၀ိဟိံသန-ပြည်သူလူထုတို့ကို အခွန် အတုတ် အမျိုးမျိုးတို့ဖြင့် မညှင်းဆဲရခြင်း၊
(၉) ခန္တီ-သည်းခံရခြင်း၊
(၁၀) သမ္မာပဋိပန္န- ဖြောင့်မတ်မှန်ကန်စွာ ကျင့်ရခြင်း။
မင်းခမ်းတော်မှာ၊ ၁၃-ဖြာ၊ ၀ဲယာ ဆောင်ယောင်ကျင်း။ ။
မင်းနန်း မင်းခမ်း၌ အဆောင် အယောင်တော်များ ခင်းကျင်းရာဝယ် လက်ဝဲ ၁၃-ပါး၊
လက်ျာ ၁၃-ပါးကို ဆိုသည်၊ ၎င်းင်း၏သရုပ်ကို အောက်ပါ ရွှေဘုံနိဒါန်းလာ လင်္ကာ ၂-ရပ်ဖြင့်သိရာ၏၊
(က) လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်၊ ထက်ချပ်မကွာ၊ ရတနာ ပန်းတောင်း၊ ခြူးပေါင်းပုလဲ၊ သန္တာဆွဲလျက်၊ ရဲရဲရောင်တက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ထို့ကြောင့်မရွေ့၊ ခြင်္သေ့ခံçလျက်၊ ကွမ်းခွက်ရတနာ၊ စလင်းကြာနှင့်၊ သိင်္ဂါရွှေမှည့်၊ ကွမ်းထည့်ကျပ်မှ၊ ကျပ်လျား စသား၊ သီဟခံထား၊ ကရားတကောင်း၊ ထိုနှောင်းမြူတာ၊ ရေပြည့်စွာတည့်၊ ထီးမှာလေးဆူ၊ စိုက်ထူကြွားကြွား၊ ယပ်မားချပ်လျက်၊ ရောင်ခြည်ရှက်သည်၊ ပြိုးပြက် ထိန်ထိန်လင်းလင်းတည်း။
(ခ) လက်ဝဲတော်က၊ ရွှေလှော် လျှံဝါ၊ မျက်စီမြွာသည်၊ ရတနာဘိနပ်၊ သပ်သပ်တောင်ဝှေး၊ ရောင်ပြေးဝိုးဝါး၊ လက်တင်ကြားနှင့်၊ နဂါးကွမ်းခွက်၊ စဉ်လျက် သလပ်၊ လျှပ်လျှပ်ဝင်းဝါ၊ မကွာတသီး၊ ကွမ်းလောင်းကြီးကား၊ အပြီးဆိုဘွယ်၊ ကွမ်းလောင်းငယ်နှင့်၊ တင့်တယ်လှစွာ၊ ရတနာ ဖလား၊ ကရားထိုနောင်၊ သလင်းမြောင်လု၊ လျှံရောင်ရတနာ၊ သစ်တိုင်ပါ၍၊ မြူတာရေချမ်း၊ ပြည့်ဖြိုးလျှမ်းသည်၊ မင်းခမ်း မည်သား၊ ထီးလေးပါးနှင့်၊ အကြား အကြား၊ ယပ်မားချပ်လျက်၊ စဉ်ဆက်စုံညီ၊ ဆယ့်သုံးစီတည့်၊ နှစ်လီပေါင်းမြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော်ထွန်းသည်၊ ရောင်ရွှန်းပြောင်ပြောင် ၀င်းဝင်းတည်း။
မင်းဆက် ၅-သွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာ။ ။ ဤသရုပ်ကား က၀ိလက္ခဏ ဒီပနီကျမ်းလာဖြစ်၍ ထိုမှပင် ယူဖြေလိုက်သည်။
(၁) ဘုရင်မင်းခေါင်၊
(၂)သားတော်သီဟသူ၊
(၃) မင်းလှငယ်၊
(၄)ကလေးကျေးတောင်ညိုမင်း၊
(၅) မိုးညှင်းမင်းတရားကြီး၊
ထိုမင်းငါးဆက်တို့ မိဖုရားမြှောက်ခြင်းကို ခံရသည့် ရှင်ဘို့မယ်ဟု ဆိုလေသည်။
မင်းတို့အား ၅-ပါး။ ။ တိုင်းနိုင်ငံကို အုပ်ချုပ်၍ မင်းလုပ်သူတို့၌ ရှိထားရမည့် ဗလငါးပါးကို ဆိုသည်။
(၁) ဗာဟု ဗလ- လက်ရုံး, လက်နက်, စစ်သည်အင်အား၊
(၂) ဘောဂ ဗလ-စားနပ်ရိက္ခာ ရွှေ ငွေ ရတနာ ဆင်မြင်းဥစ္စာအား၊
(၃) အမစ္စ ဗလ- အမတ် လိမ်မာများ အင်အား၊
(၄) အဘိဇစ္စ ဗလ-အမျိုးမြတ် သန့်ရှင်းခြင်းအား၊
(၅) ပညာ ဗလ-ဥာဏ် ပညာရှိခြင်း အင်အား။
မင်းတို့ဆင်ရာ၊ ရတနာ၊ ၉-ဖြာ န၀ရတ်။ ။ ဤ၌ ကာမဏ္ဍကီကျမ်းလာ မင်းတို့ ကျင့်သုံးလိုက်နာ ဆောင်ရွက်ရမြဲ ဖြစ်သော တိုင်းပြည်ရတနာ ကိုးပါးကို ဆိုသည်၊ ၎င်းင်းအဖြေ (တိုင်းပြည်ရတနာ၊ ပြည့်စုံစွာ၊ ၉-ဖြာ န၀ရတ်) ဟူသော သရုပ်၌ ရှုပါ။
မင်းတို့ မမေ့အပ်သော အရပ်မျိုး ၃-ပါး။ ။ ဘုရင်မင်းမြတ်နှင့် အစိုးရတို့ မမေ့အပ်သော အရပ် ၃-ပါး၊ တိကနိပါတ် အင်္ဂုတ္တိုရ်၌ ဟောသည်။
(၁) အဘိဇာတ ဌာန-မွေးဖွားရာ အရပ်၊
(၂) အဘိသေက ဌာန-ဘိသိက်ခံရာ, သစ္စာခံယူရာ အရပ်၊
(၃) ဇယ ဌာန-ရန်အောင်ရာ အရပ်။
မင်းတိုင်း ၁၂-မှု။ ။ ဤ၌ 'မင်းတိုင်း' ဆိုသည်ကား ဘုရင်မင်းမြတ်တို့ကောက်ယူသော အခွန်အတုတ်ကို ဆိုသည်၊ ယင်းအခွန်အတုတ်ကို အောက်ပါပစ္စည်းတို့ အပေါ်၌ ကောက်ခံလေ့ရှိသည်။
(၁) တမာဆေး၊
(၂) လျှော်၊
(၃) အုံတုံခေါက်၊
(၄) ဥသျှစ်သီး၊
(၅) တင်လဲ၊
(၆) မရိုးမီးသွေး၊
(၇) စာရေးရန်ထန်းဖူး၊
(၈) မန်ကျည်းမှည့်၊
(၉) ရေနံ၊
(၁၀) အင်တွဲ၊
(၁၁) လဲဝါ၊
(၁၂) ကျွဲကော်၊
ယင်းအခွန်အတုတ်တို့မှ ဇာတ်တော် စင်တော်ကြီးသားများနှင့် အခြားအမှုထမ်း အရာထမ်းများကို
လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိသည်။
မင်းပေါင်း ၁၀-ပါးဆေး။ ။ ၎င်းင်းကိုလောကီသဗ္ဗသိဒ္ဓိသျှို ဆေးကြီးဟူ၍၎င်းင်း၊ တတိယ သူရဿတီဆေး ဟူ၍၎င်းင်း အဆိုရှိသည်။
(၁) ဗြဟ္မမင်း-ဆေးဥတလုံး၊
(၂) သိကြားမင်း-နနွင်းမင်း၊
(၃) ပိဿနိုးမင်း-ငွေပန်းမင်း၊
(၄) စကြ၀တေးမင်း-တိလင်္ကသာ၊
(၅)မိုးမင်း-ဂမုံးရွှေဝါကြီး၊
(၆) လေမင်း-ဂမုံးရွှေဝါငယ်၊
(၇) ဂုံမင်း-ဂုံမင်းပင်၊
(၈) သက်ငယ်မင်း-သမန်းမြက်၊
(၉) လမင်း-ဂမုံးလ၀င်း၊
(၁၀) ကျက်သရေမင်း-ဂမုံးပေါင်း၊ ဂမုံးကျက်သရေဆောင်လည်းဟူ၏၊
၎င်းင်းတို့ကိုပေါင်း၍ မင်းမြောက်တန်ဆာ ငါးပါးနှင့်ပြင် "ဥံ သဗ္ဗရာဇာ ပီယံမမ" ဟူသော
မန္တန်နှင့် (၁၀၀၀-စုတ်၊ သမ္ဗုဒ္ဓေ ၁၀၈-စုတ်) စကြ၀တေးမင်းပုံ ထု၍ဆောင်၊ အကျိုးအနန္တ ဟူ၏။
မင်းပေါင်း ၁၀၁-ပါး။ ။ ဤ၌ တရာ့တပါးသော ထီးဆောင်းမင်းတို့၏ အမည်ကို ဇမ္ဗုတံဆိပ်ကျမ်းလာ လူမျိုး တရာ့တပါးကို အကြောင်းပြု၍ ကိုယ့်လူမျိုးနှင့် ကိုယ့်မင်းဖြစ်ရကား မင်းမျိုးပေါင်း "ရာ့ တပါး"ဟုဆိုလိုရိပ်ရှိသည်။
မင်းမျိုးအပြား၊ ၇-ပါး၊ ခွဲခြား ဝေဘန်သိ ။ ။ ဤ၌ မင်းဟူသော မြန်မာအဘိဓာန်ပုဒ်သည် စကြာမင်းမှ စ၍ ရွာစား ရွာသူကြီး တိုင်အောင် သက်ဆိုင်လေရကား ၀ိနည်းပါဠိတော် အဋ္ဌကထာတို့၌လာသည့် မင်းမျိုး ၇-ပါး အပြားကို သိထားရာ၏။
(၁) ပထဗျာ ရာဇာ-မြေအလုံးစုံကို အစိုးရသည့် စကြာမင်းကဲ့သို့သော မင်း၊
(၂) ပဒေသရာဇာ- တခုသောကျွန်းတွင် တစိတ်တဒေသကို အစိုးရသောမင်း၊
(၃) မဏ္ဍလိက ရာဇာ- ကျွန်းတခုတွင် တမြို့နှစ်မြို့ကို စားရသောမင်း၊
(၄) အန္တရ ဘောတိကာ ရာဇာ- မင်းနှစ်ပါးတို့အကြားတွင် နှစ်ရွာ သုံးရွာ၏ အရှင်ဖြစ်သောမင်း၊
(၅) အက္ခဒဿ ရာဇာ-ဓမ္မသဘင်ရုံးတော်၌နေ၍ အပြစ်အားလျော်စွာ လက်ခြေ စသည် ဖြတ်၍ ဆုံးမတတ်သော တရားစီရင်ရသည့် တရားသူကြီးမင်း၊
(၆) မဟာမတ္တရာဇာ-ထိုထို ရွာ နိဂုံးစသည်တို့၌ နေ၍ မင်း၏ကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်တတ်သော ဘုရင်ခံ၏ ရာထူးဌာနရှိသူ အမတ်ကြီးမင်း၊
(၇) ယေ၀ါ ပန ရာဇာ-မင်းတို့ကို အမှီပြု၍ ၎င်းင်း၊ မိမိ၏ ၀ီရိယကို အမှီပြု၍၎င်းင်း သတ်ဖြတ်ခွဲစိတ်ခြင်းကို ပြုလုပ်စီရင်တတ်သောမင်း။
မှတ်ချက်။ ။ဤ ဘော်ပြပါ မင်းတို့တွင် "ရဟန်းမှာ သိက္ခာ၊ မင်းမှာ ဘိသိက်" ဟု ဓည၀တီအရေးတော်ပုံ စကားကျမ်းတို့၌ ဆိုသောကြောင့် ထီးဖြူဆောင်းခြင်း စသော မင်းမြောက်တန်ဆာ ငါးပါးတို့ကို ဆင်ယင် သုံးစွဲလျက် သုံးပါးသော ရာဇာဘိသိက်ကို ခံသောမင်းကိုသာ မင်းဟူ၍ ယူသင့်သည်၊ သို့ရာတွင် ရာဇ၀င်၏ အရာ၌သာ မင်းမြောက်တန်ဆာနှင့် ရာဇဘိသိက်ခံသောမင်းကို မင်းဟု ယူရသည်၊ အခြား နေရာတို့၌ကား မင်းတိုင်းလည်း အဘိသိက် ခံသည် မဟုတ်သောကြောင့် သင့်သလို ယူကြကုန်။
မင်းမျိုးစိုးနွယ်၊ ဆင်စလွယ်၊ ၈-သွယ် မျိုးအပြား။ ။ ရာထူးဂုဏ်ရည်အလိုက် ခြားနားကာ စလွယ်မျိုး ရှစ်ပါး ထားရှိကြောင်းနှင့် သိရ၏။
(၁) ဘုရင်မင်းမြတ်များကား ၂၄-သွယ်ရှိ စလွယ်ကိုသာ ဆင်မြန်းကြသည်၊
(၂) ဥပရာဇာတို့က ၂၁-သွယ်ဆင်သည်၊
(၃) မင်းညီမင်းသားတို့က ၁၈-သွယ်ဆင်သည်၊
(၄) မဟာမျိုးနွယ်တို့ကား ၁၅-သွယ်ရသည်၊
(၅) အဂ္ဂမဟာ သေနာပတိ တို့ကား ၁၂-သွယ်ဆင်ရသည်၊
(၆) မှူးမတ်ကြီးတို့ကား ကိုးသွယ်ဆင်ရသည်၊
(၇) မှူးမတ်လတ်တို့ကား ၆-သွယ်ရ၏၊
(၈) မှူးမတ်ငယ်တို့ကား ၃-သွယ်သာ ရသည်ဟူ၏။
မင်းမြောက်တန်ဆာ ၅-ပါး။ ။ ၀ိနည်း ပါရာဇိက။ဋ္ဌ။ ပ-အုပ်၊ ၅၆။ ဘုရင်မင်းမြတ်တို့၏ အဆောင်အယောင်တော် ၅-ပါး။
(၁) ခဂ္ဂ-သန်လျက်၊
(၂) ဆတ္တ-ထီးဖြူ၊
(၃) ဥဏှီသ-သင်းကျစ်၊
(၄) သုဝဏ္ဏ ပါဒုက- ရွှေခြေနင်း၊
(၅) ၀ါဠ ဗီဇန-သားမြီးယပ်။
မစည်ကားအပ်သော အရပ်မျိုး ၃-ပါး။ ။ မင်းစိုးရာဇာနှင့် တိုင်းသူပြည်သားတို့ တရားမစောင့် ကောက်ကျစ်စဉ်းလဲသော အခါမျိုး၌ အောက်ဖေါ်ပြပါ နေရာသုံးပါးတွင် လူစည်ကား၏။
(၁) ၀ိနိစ္ဆယ သာလာ- တရားစီရင်ရာ ရုံးတော်၊
(၂) သုသာန-သုသာန် သင်းချိုင်း၊
(၃) ဗန္ဓနာ ဂါရ-လူဆိုးတို့ကို ချုတ်နှောင်ရာ ထောင်။
မစ္ဆရိယတရား ၅-ပါး။ ။ ပဥၥဂုၤတၱရ ။ပါ။ ၁၂၂ ။႒။ ၄၅။ ၀န်တိုမှု မလိုမုန်းထားခြင်း မျိုး ငါးပါး။
(၁) အာဝါသ မစ္ဆရိယ- အိမ်ç ကျောင်း, တိုက်တာ နေရာထိုင်ခင်းတို့၌ ၀န်တိုခြင်း၊
(၂) ကုလ မစ္ဆရိယ- မိမိဆွေမျိုး ဥာတိ တပည့်တကာ တကာမတို့ သူများထံ ဆက်ဆံပေါင်းသင်း ကြည်ညိုမှုကို ၀န်တိုခြင်း၊
(၃) လာဘ မစ္ဆရိယ- ပစ္စည်း လာဘ်လာဘ၌ ၀န်တိုခြင်း၊
(၄) ၀ဏ္ဏ မစ္ဆရိယ- ကိုယ် အဆင်း, ဂုဏ်သတင်း၌ ၀န်တိုခြင်း၊
(၅) ဓမ္မ မစ္ဆရိယ- မိမိတတ်သိလိမ်မာသော အတတ်ပညာ၌ ၀န်တိုခြင်း။
မဇ္ဈိမခေါ်၊ ဒေသတော်၊ မှတ်သော်နယ်ခြား၊ ၅-မျိုးထားရှင့်။ ။ ဘုရားရှင်တို့ပွင့်တော်မူရာ တောင်ကျွန်း၏ အလယ်ဗဟိုဌာန နယ်မြေသတ်မှတ်ချက် ငါးရပ်ကို ဆိုသည်။
(၁) အရှေ့လားသော် ဇင်္ဂလ နိဂုံး၊
(၂) အရှေ့တောင်လားသော် သလ္လ၀တီမြစ်၊
(၃) တောင်လားသော် သေတကဏ္ဏိနိဂုံး၊
(၄) အနောက်လားသော် ထုနပုဏ္ဏားရွာ၊
(၅) မြောက်လားသော် ဥသိရဒ္ဓဇတောင်။
မှတ်ချက်။ ။ အ၀န်းအကျယ် ယူဇနာ ကိုးရာရှိသည် ဟူ၏။
မဇ္ဈိမနိကာယ် ၃-ကျမ်း။ ။ ၎င်းင်းသရုပ်ကို (နိကာယ် ၅-ရပ်) «ခ» ပိုဒ်မှာကြည့်ပါ။
မတင့်တယ်ရာသည်မျိုး ၄-ပါး။ ။ ဤ၌ မှတ်ကျက်လွယ်ကူရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) အ၀တ်မပါ၊ ဆင်တန်ဆာကား၊ သပြာလူနှိုက်၊ တသိန်းထိုက်လည်း၊ မကြိုက်စဘွယ်၊ မတင့်တယ်တည့်၊
(၂) ဆီထောပတ်များ၊ မပါငြားသည့်၊ စားအစာမှာ၊ ရသာမကြွယ်၊ မတင့်တယ်တည့်၊
(၃)ပျိုရွယ်လှစွာ၊ မယ်ကညာလည်း၊ ရင်မြွာနှစ်စုံ၊ ပန်းအငုံတို့၊ နွမ်းကျုံမလှ၊ လျော့လျည်းကျမူ၊ မိုးက သက်လာ၊ ဖြစ်တုံပါလည်း၊ အင်္ဂါချို့ငယ်၊ မတင့်တယ်တည့်၊
(၄) နက်ကျယ်လိမ်မာ၊ တတ်ပညာလျှင်၊ မပါကင်းဝေး၊ အသက်မွေးလည်း၊ သိမ်သေးမဖွယ်၊ မတင့်တယ်တည့်။
မတင့်တယ်သော အရာ ၃-မျိုး။ ။ ဇာတ် အဋ္ဌကထာ၊ ပ-အုပ်၊ ၃၂၅။
(၁) ရေမရှိသော မြစ်၊
(၂) မင်းမရှိသော တိုင်းပြည်၊
(၃) လင်မရှိသော မိန်းမ။
မတင်းတိမ် မရောင့်ရဲနိုင်သော အရာကြီး ၃-မျိုး။ ။ ၎င်းင်းသရုပ် (မရောင့်ရဲ မတင်းတိမ်နိုင်သော အရာကြီး ၃-မျိုး)၌ ရှုပါ။
မတားမြစ်အပ်သော အရာမျိုး ၅-ပါး။ ။ အန္တရာယ်ပြုစေ၍ လောကရေးအားဖြင့် ခွင့်ပေးရသည်။
(၁) ကျင်ကြီး စွန့်လိုခြင်း၊
(၂) ကျင်ငယ်စွန့်လိုခြင်း၊
(၃) လေ သက်လိုခြင်း၊
(၄) ငတ်မွတ် ဆာလောင်၍ စားလိုခြင်း၊
(၅) အိပ်လိုခြင်း။
မတိုင်ပင်အပ်သူမျိုး ၈-ယောက်။ ။ မိလိန္ဒပဥှာ။ပါ။၉၉။ထိုသူတို့နှင့်တိုင်ပင်သော် အကျိုးစီးပွားပျက်တတ်သည်ဟူ၏၊ စပ်တူစပ်ဖက်မလုပ်ရာ။
(၁) ရာဂစရိတ- ရာဂထူပြောသူ၊
(၂) ဒေါသ စရိတ- ဒေါသအမျက် ထွက်လွယ်တတ်သူ၊
(၃) မောဟ စရိတ- မိုက်မဲ တွေဝေသူ၊ အကြံတုံး, ဥာဏ်တုံးသူ၊
(၄) မာန စရိတ- မာန်မာနကြီးသူ၊ လူမော် လူကြွား၊
(၅) လုဒ္ဓ- လောဘရမ္မက်ကြီးသူ၊
(၆) အလသ- ပျင်းရိသူ၊
(၇) ဧကစိန္တိ- တယောက်တည်း ကျိတ်၍ လုပ်တတ်သူ၊
(၈) ဗာလ- လူမိုက် လူရမ်း လူတစောက်ကန်း။
မတိုင်ပင်အပ်သော အရပ်မျိုး ၈-ပါး။ ။ မိလိန္ဒပဥှာကျမ်း ၉၉-မှ။
(၁) ၀ိသမ ဌာန-မညီမညွတ်သော အရပ်၊ အကျိုးဖရိုဖရဲဖြစ်တတ်၏။
(၂) သဘာယ ဌာန-ကပွဲသဘင် စသည့်အရပ်၊ တုန်လှုပ်၏၊ နှလုံးပူပန်၏၊
(၃) အတိ ၀ါတ ဌာန-အလွန် လေထန်သော အရပ်၊ အသံကို နှိပ်စက်၏၊
(၄) ပတိ ဆန္န ဌာန-ဖုံးလွှမ်းသောအရပ်၊ သူတပါးနားထောင်တတ်၏၊
(၅) ဒေ၀ ဌာန-နတ်နေရာ အရပ်၊ အကျိုးစီးပွား နှောင့်နှေးတတ်၏၊
(၆) ပထ ဌာန-ခရီးလမ်းအရပ်၊ စီးပွား မဖြစ်နိုင်၊
(၇) သင်္ဂါမ ဌာန-စစ်မြေပြင်အရပ်၊ တုန်လှုပ်တတ်၏၊
(၈) ဥဒက တိတ္ထ-ရေဆိပ် ရေခပ်ရာ အရပ်၊ ထင်ရှားပေါ်လွယ်တတ်၏။
မထေမဲ့မြင်ပြု ခံရသူမျိုး ၅-ယောက်။ ။ ၎င်းင်းသရုပ် (အထင်မြင်သေး ခံရသူမျိုး ၅-ယောက်)၌ ရှုပါ။
မထေမဲ့မြင်ပြုခြင်း ခံရတတ်သူ ၁၀-ယောက်။ ။ မိလိန္ဒပဥှာ။ ၂၈၅-၌ အကျယ်ရှု။
(၁) လင်ကွာ လင်သေ မိန်းမ၊
(၂) အင်အားဗလနည်းသူ၊
(၃) ဆွေမျိုး မိတ္တ ကင်းမဲ့သူ၊
(၄) အစားအသောက် ကြီးသူ၊
(၅) မကောင်း ယုတ်မာသော မိတ်ဆွေနှင့် ပေါင်းသူ၊
(၆) ပစ္စည်းဥစ္စာမရှိသူ၊
(၇) ကိုယ်ကျင့်သီလ မရှိသူ၊
(၈) ကိစ္စကြီးငယ်၌ မေ့လျော့တတ်သူ၊
(၉) အနာရောဂါ ထူပြောသူ၊
(၁၀) ၀ီရိယမရှိ အပျင်းထူသူ။
မန္တလေးမြို့တည်၊ ၇-လီ၊ စုံညီ တပြိုင်နက်။ ။ သက္ကရာဇ် ၁၂၂၁-ခုနှစ် (အုတ်ကျစ်ကျော်ဧ, မန္တလေး)၌ မန္တလေးရတနာပုံ နေပြည်တော်ကြီးကို တည်ထောင် ဖန်ဆင်းသောအခါ 'မြို့တော်, ကျုံးတော်, စေတီတော်, သိမ်တော်, ကျောင်းတော်, ပိဋကတ်တိုက်တော်, သုဓမ္မာဇရပ်တော်' ၎င်းင်းခုနှစ်ဌာနတို့ကို တပြိုင်နက်တည်း အုဌ်မြစ်ချ၍ တည်ဆောက်သည် ဟူ၏။
မန်းအောင်မြေချာ၊ လောင်းမြတ်စွာ၊ ၆-ခါ ဇာတ်ဘ၀။ ။ အလောင်းတော်မြတ် နုစဉ်အခါဝယ် မန္တလေးတောင်ခြေ အောင်မြေအရပ်၌ 'ခြင်္သေ့မင်း, ဆင်မင်း, ဆတ်မင်း, ငုံးမင်း, ဖွတ်မင်း, မုဆိုးသား' ဟူသောဇာတ်ဘ၀တို့ဖြင့် ကျင်လည်ကျက်စားခဲ့ဘူးကြောင်းများဖြင့် က၀ိလက္ခဏာဒီပနီကျမ်းနိဒါန်း၌ မိန့်ဆိုထားလေသည်။
မန်းမြို့တော်တည်၊ ၇-လီ၊ တူညီ ပန္နက်ချ။ ။ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၁-ခုနှစ် မန္တလေး နန်းမြို့တော်သစ်ကြီး တည်ဆောက်သောအခါ။
(၁) မြို့တော်၊
(၂) ကျုံးတော်၊
(၃) လောကမာရဇိန် စေတီတော်၊
(၄) သိမ်တော်ကြီး၊
(၅) သုဓမ္မာဇရပ်တော်ကြီးများ၊
(၆) အတုလဝေယန် ကျောင်းတော်ကြီး၊
(၇) ပိဋကတိုက်တော်၊
ဤ ၇-ဌာနကို ရွှေမြို့တော်တည်သည်နှင့် တပြိုင်နက် တချိန်တည်း ပန္နက်ချကာ တည်တော်မူခဲ့လေသည် ဟူ၏။
မနသိကာရတရား ၂-ပါး။ ။ သံယုတ်ပါဠိတော် တတိယအုပ်။ ၇၆-၌ အကျယ်ရှုပါ။
(၁) ယောနိသော မနသိကာရ- ပညာဥာဏ်နှင့်ယှဉ်၍ အမှန်တရားများကို အမှန်အတိုင်း ရှုမှတ်သိမြင်ခြင်း၊
(၂) အယောနိသော မနသိကာရ- အမှန်တရားကို အမှားဖြင့် သိမြင်ကြည့်ရှု မှတ်သားလျက် ထိုအမှားတရားစုကိုပင် အမှန်ဟု မှတ်ယူစွဲသိနေခြင်း။
မနသိကာရမျိုး ၃-ပါး၊ တနည်း။ ။ ၎င်းင်း သုံးပါးကား အာရုံ, ၀ီထိ, ဇော တို့၏ သဘောမျှဖြစ်၍ အနုစိတ်ကို အင်္ကုရဋီကာ၌ ရှုလေ။
မနေအပ်သော အရပ်မျိုး ၅-ပါး။ ။ ဤ၌ ကျက်မှတ်ရလွယ်ကူစေရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်၊ မနေအပ်ရာ အရပ်မှာကား။
(၁) ဥစ္စာစုဝေး၊ မြတ်သေဌေးနှင့်၊
(၂) ဆေးကုလိမ်မာ၊ ဆေးဆရာတည့်၊
(၃) စုံလာ ဆယ်အင်၊ ရှင်ဘုရင်ဟု၊
(၄) ရေလျှင်တည်ကြောင်း၊ မြစ်နှင့်ချောင်းတည့်၊
(၅) မကောင်း,ကောင်းသော၊ အတတ်ဟောသည့်၊
သဘောမြင့်မြတ်၊ ဗေဒင်တတ်ဟု၊ လျောက်ပတ်ဘွယ်ရာ၊
ဤငါးဖြာတို့၊ ကင်းကွာမဲ့ထ၊ ရပ်ဒေသကား၊ မုချဆတ်ဆတ်၊ မနေအပ်တည့်။
မှတ်ချက်။ ။အမှတ် ၄-အရ ရထားသင်္ဘောလမ်း မဲ့ကိုယူ၊ ဟိတောပဒေ၌ ၄-ပါးလာ၏။
မနောကံ ၃-ပါး၊ မနောဒုစရိုက် ၃-ပါး။ ။ ၎င်းင်း၏ သရုပ်ကို(ဒုစရိုက်ဆယ်ပါး)မှာ ထင်ရှားစွာပြခဲ့ပြီ။
မပေးလှူအပ်သော ဒါနမျိုး ၅-ပါး။ ။ အပြစ်ရှိသော အကုသိုလ်အလှူမျိုး ၅-ပါး ဟူ၏။ ပရိဝါပါဠိတော် ၂၃၁ ။ဋ္ဌ။ ၁၇၃-၌ အကျယ်ရှုပါ။ ၎င်းင်း၏အကျိုးဖလကား အပါယ်လားကြောင်း
သာဖြစ်၍ "အပါယ ဂမနိက ဒါန"မျိုး ငါးပါး ဟူ၍လည်း ပိဋကတော်၌ လာရှိသည်၊ အဆိုအတီး ပွဲသဘင်ပါသော အလှူ့ရှင်များ သတိထားကြစေရာ။
(၁) မဇ္ဇဒါန-သေရည်, အရက်, ဘိန်းစသည် ယစ်မျိုးအလှူ၊
(၂) သမဇ္ဇ ဒါန- ဇာတ်, ရုပ်သေး, အငြိမ့်စသော အဆိုအတီး ကချေသည် သဘင်အလှူ၊
(၃) ဣတ္ထိဒါန-ကာမမှုအတွက် အလိုဖြည့်ကြစေရန် မိန်းမအလှူ၊
(၄) ဥသဘ ဒါန-နွားမတို့ အလယ်၌ ထယ်ဝါခန့်ညားသော နွားလား နွားသိုးကြီးတို့ကို ပေးလှူခြင်း၊
(၅) စိတ္တ ကမ္မ ဒါန-ကြည့်လိုက်လျှင် ကာမဂုဏ်စိတ်တွေ တဖွားဖွားဖြစ်လာနိုင်အောင် ဆန်းကြယ်လှပစွာ ပြုစုရေးသားထားသော သုခုမ အနုပညာ ပန်းချီကားချပ်များ။
မပေးလှူအပ်သော ဒါနမျိုး ၁၀-ပါး။ ။ ၎င်းင်း သရုပ်ကို (အပါယ်လားကြောင်း အလှူမျိုး ၁၀-ပါး)၌ ပြပြီးပြီ။
မမေ့နိုင်ခြင်းအကြောင်း ၁၆-ပါး။ ။ ၎င်းင်းသရုပ်ကို (သတိရခြင်း၏ အကြောင်း ၁၆-ပါး)၌ ရှုပါလေ။
မယ်ကမ္ဘာခေါ်၊ မိန်းမကျော်၊ ၄-ဘော် ကျမ်းဂန်ထွက်။ ။ ၎င်းင်း သရုပ် (တော်ဝင်သူ ၄-ယောက်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။
မယ်ဘွဲ့ရွေးချယ်၊ လှနတ်မယ်၊ ၆-သွယ် အင်္ဂါစစ်။ ။ ထိုထို မြို့, ရွာ, တိုင်း, နယ်တို့၌ အလှမယ် ရွေးကာ ဘွဲ့ပေးကြရာတွင် ရှေးဦးစွာ အလှလက္ခဏာ ၆-ပါးကို စီစစ်ရမည် ဟူ၏၊ ၎င်းင်း သရုပ်( အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွား ပျိုသူဇာ) ၌ ဆိုခဲ့ပြီ။
မယား ၅-ပါး၊ ပယ်စွန့်ထား၊ မိန့်ကြား ဓမ္မသတ်။ ။ ကွာစွန့်အပ်သော မယား ငါးပါးဟူ၏၊ ရှေ့ ၃-ပါးကို မကွာလိုကလည်း နေနိုင်သည်၊ က၀ိလက္ခဏာဒီပနီကျမ်းမှ။
(၁) မြုံသောမယား၊ ရှစ်နှစ် ငံ့စောင့်ရမည်၊
(၂) သ္မီးမိန်းမသာ ဖွားသောမယား၊ ရှစ်ယောက် ဆယ်ယောက်အထိ မွေးအောင် စောင့်ငံ့ရမည်၊
(၃) နူသောမယား၊ ကွာလိုက ကွာစေ၊
(၄) လင်စောင် မျောက်မ ထားသော မယား၊
(၅) အမျိုးတို့၏ အကျင့်တရားကဖျက်သော မယား။
မယား အပြား ၇-ပါး။ ။ သတ္တင်္ဂုတ္တရပါဠိတော်။ ၄၆၆ ။ဋ္ဌ။ ၁၇၇။ ဇာတ်ပါဠိတော်။ ပ-အုပ်။ ၇၈ ။ဋ္ဌ။ ၃၁၃-တို့၌ အကျယ်ရှုပါ။ ၎င်းင်းသရုပ်ကို မဃဒေ၀ လင်္ကာစကားရပ်ဖြင့် သိရာ၏။ 'မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊ သူခိုးအရှင်၊ လူသတ်သွင်သို့၊ အကြင်မယား၊ လား၏ငရဲ၊ အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမ မယွန်း၊ ခင်ပွန်းတသွယ်၊ ကျွန်နှယ်လေးဖြာ၊ မယားမှာကား၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏၊ ယင်းသည်လေးသွယ်၊ မယားဝယ်လည်း၊ ကျွန်နှယ်အလား၊ ထိုမယားမူ၊ ယောက်ျားဆုပန်၊ နိဗ္ဗာန်ဆုကောင်း၊ တောင်းကမလွတ်၊ မချွတ်တူတည်၊ ပြည့်မြဲမည်၏'။
မယားအရာ၊ မြောက်ကြောင်းမှာ၊ ၁၀-ဖြာ ကျမ်းအထွက်။ ။ 'ဓနက္ကိတာ ဒယော ဒသ ဘရိယာ' ဟူသော တေရသကဏ် ဋီကာပါဌ်အရ မယားအရာ မြောက်ခြင်း၏ အကြောင်း ဆယ်ပါးကို သိရာ၏၊ ၎င်းင်းအကျယ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀) သရုပ်တွင် နံပါတ် ၁၁-မှ စ၍ကြည့်ရှုပါလေ။
မယားခိုး အပြား ၇-ပါး။ ။ မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကိုပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တ-လင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သော စကားတို့ကိုဆိုခြင်း၊
(၄) သလ္လာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်, ခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။
မယားမြတ် ၈-ယောက်။ ။ လောကီကျမ်းလာ ဥပဒေသ။
(၁) ထမင်းစားသောအခါ မိခင်ကဲ့သို့ ဉပစုလုပ်ကျွေးတတ်သောမယား၊
(၂) လင်ကို အ၀တ်အစားဉပပြင်ဆင်ယင်၍ ပေးတတ်သောမယား၊
(၃) လင်ကို ပကတိအခါ၌ မောင်ကဲ့သို့ ရိုသေရှက်ကြောက်တတ်သောမယား၊
(၄) လင်ကို ကျွန်မသဖွယ် လုပ်ကျွေးတတ်သောမယား၊
(၅) ဘေးရန်ရှိသောအခါ အတိုင်အပင်ရသော မယား၊
(၆) ကာမကိစ္စ၌ လင်၏ မွေ့လျော်ဘွယ်ကို ဉပကျင့်တတ်သောမယား၊
(၇) အရောင်းအဆင်း၏ တင့်တယ်လှပခြင်းကို ဉပပြင် ဖီးလိမ်းတတ်သော မယား၊
(၈) လင်၏ အလို၌ သည်းခံနိုင်သော မယား။
မယားမြတ်တို့ အကျင့်လက္ခဏာ ၆-ပါး။ ။ မိန်းမမြတ်တို့ လိုက်နာဉပကျင့်ခြင်း အလေ့မြတ် ၆-ပါး ဟူ၏၊ မဟာသုဒဿနသုတ် ပါဠိတော်မှ။
(၁) ပုဗ္ဗုဋ္ဌာယီ-ရှေးဦးစွာ အိပ်ယာမှ ထလေ့ရှိခြင်း၊
(၂) ပစ္ဆာ နိပါတီ-နောက်မှ အိပ်လေ့ရှိခြင်း၊
(၃) ကိံကာရ ပဋိဿာဝိဏီ- ပြုလုပ်ပေးရန် လင့် အသံစကားကို အသင့်နာခံလေ့ရှိခြင်း၊
(၄) မနာပ စာရီ-နှစ်ခြိုက်ဘွယ်ကို ပြုလေ့ရှိခြင်း၊
(၅) ပိယ ၀ါဒိနီ- ချစ်ဘွယ်စကားကို ဆိုလေ့ရှိခြင်း၊
(၆) မနာသာပိ နော အဘိစာရီ- ယောက်ျားတပါးကို စိတ်ဖြင့်မျှ မကြံစီ မလွန်ကျူး နေလေ့ရှိ၏။
မယားဝတ် ၅-ပါး။ ။ အိမ်ထောင်ရှင်ခေါ် မယားလုပ်သူတို့ ပြုကျင့်ရမည့် ၀တ်ငါးပါး။
(၁) အိမ်တွင်းမှု ပြုဘွယ်တို့ကို စေ့ငှစွာ ပြုလုပ်ရခြင်း၊
(၂) လင်ရှာ၍ ရသော ပစ္စည်းဥစ္စာကို စုဆောင်းမိအောင် သိမ်းတတ်ရခြင်း၊
(၃) မိမိလင်မှ တပါးယောက်ျားကို မတပ်မက် မနှစ်သက်ရခြင်း၊
(၄) မိမိဆွေမျိုး လင်၏ဆွေမျိုးတို့ကို လျော်သလို ပေးကမ်းဖြန့်ချီရခြင်း၊
(၅) အပျင်းမထူ အိမ်သူပြီလှစွာ နေထိုင်ရခြင်း။
မရဏတရား ၃-ပါး။ ။ ၀ိသုဒ္ဓိမဂ်။ ပ-အုပ်။ ၂၂၂။
(၁) သမ္မုတိ မရဏ- မောင်ဖြူ သေပြီ၊ မကြူသေပြီ စသည်မျိုး၊
(၂) ခဏိက မရဏ-ရုပ်နာမ်ဓမ္မတို့ မပြတ် ပျက်စီးနေမှု၊
(၃) သမုစ္ဆေဒ မရဏ- ရုပ်နာမ်ဓမ္မတို့၏ နောက်ဆုံး ပျက်စီးခြင်း ပရိနိဗ္ဗာန။
မရိုသေတတ်သူမျိုး ၁၂-ယောက်။ ။ ၎င်းင်း သရုပ်ကို (ရိုသေထိုက်သူအား မရိုသေသူ ၁၂-ဦး)၌ ရှုပါ။
မရောင့်ရဲ မတင်းတိမ်နိုင်သော အရာကြီး ၃-မျိုး။ ။ မူလပဏ္ဏာသ ။ဋ္ဌ။ ဒုအုပ်။ ၄၅။ ဘယ်အခါမျှ ပေးလို့ ဖြည့်လို့ ဖို့လို့ပြည့်စုံအားရမှု မရှိနိုင် ဟူ၏။
(၁) အဂ္ဂိခန္ဓော- ဟုန်းဟုန်းလောင်ငြီး မီးပုံကြီး၊
(၂) သမုဒ္ဒေါ-သမုဒ္ဒရာ ပင်လယ်၊
(၃) မဟိစ္ဆော- အလိုလောဘ ကြီးမားလွန်းသူ။
မရောင်းကောင်းသော ကုန်စည်မျိုး ၅-ပါး။ ။ ဗုဒ္ဓဘာသာဝင်တို့ ရှောင်ကြဉ်ဖယ်ရှား အပြစ်ရသော ရောင်းကုန်ငါးပါး။
(၁) သတ္ထ ၀ါဏိဇ္ဇ-အများသေကြောင်း လက်နက်ပေါင်း အမျိုးမျိုး၊
(၂) သတ္တ ၀ါဏိဇ္ဇ-ဆင်, မြင်း, လူ စသော အစေခံ သတ္တ၀ါအပေါင်း၊
(၃) မံသ ၀ါဏိဇ္ဇ-အသားစားကြောင်း, ကြက်, ငှက်, ၀က်, ငါး, စသော သားကောင်အပေါင်း၊
(၄) မဇ္ဇ ၀ါဏိဇ္ဇ-သေရည်အရက်မျိုး ဟူသမျှ၊
(၅) ၀ိသ ၀ါဏိဇ္ဇ-အများသေကြောင်း အဆိပ်ပေါင်း ဟူသမျှ။
မရိုမသေ အပြုခံရသူ ၁၀-ယောက်။ ။ ၎င်းင်း သရုပ်ကို (မထေမဲ့မြင် အဉပခံရသူ ၁၀-ယောက်)၌ရှုပါ။
မရှက်ရာသည် ၄-ပါး။ ။ လွယ်ကူစွာ ကျက်မှတ်နိုင်ရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) ပစ္စည်းဥစ္စာ၊ ရစိမ့်ငှါလျှင်၊ သွားလာလည်းဉပ၊ ရောင်းဝယ်မှုတည့်၊
(၂) တခုခုသာ၊ တတ်ပညာကို၊ လိုရာကပ်ချဉ်း၊ သင်ကြားခြင်းနှင့်၊
(၃) မကင်းနိုင်ရာ၊ လူတကာတို့၊ အစာစားခြင်း၊ မရှက်လျင်းနှင့်၊
(၄) ပေါင်းသင်းမေထုန်၊ ကာမဂုဏ်ဟု၊ မြူးခုန်ပျော်ပါး၊ ကိုယ့်မယားနှင့်၊ လင်သားချင်းချင်း၊ ခံစားလျင်းသော်၊ ရှက်ခြင်းစွန့်ရ၊ မှန်မုချတည့်။
မလွှားရာသား၊ မျိုး ၁၀-ပါး၊ ကျမ်းကား အဘယ်နည်း?။ ။ ဤ၌ "မလွှားရာသည်၊ ဆယ်ပါးမည်ကား" ဟူသော လင်္ကာဖြင့် စိန္တကျော်သူဦးသြရေး သြ၀ါဒထူးပျို့တွင် တွေ့မြင်ဖတ်ရှုဘူး၏။
မ သတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန်မြန်မာမှု။ ။ ကာရန်ငယ် အသံမျိုး ၆၄-ပါးနှင့် ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့်ဝေါဟာရ၊
အမ်, အမ့်, အမ်း,၊
အိမ်, အိမ့်, အိမ်း၊
အုမ်, အုမ့်, အုမ်း။
မှတ်ချက်။ ။များသောအားဖြင့် မ, သတ်နှင့် နိဂ္ဂဟိတ်ခေါ် သေးသေးတင်တို့ကား တူသော သတ်ပုံကာရန် ရှိကြ၏။
မသာ ချရာ၊ ဈာပနာ၊ ၃-ဖြာ မျိုးအပြား။ ။ ၎င်းင်း သရုပ်ကို (ဈာပနမျိုး ၃-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။
မသူတော် တရား၊ ၇-ပါး၊ ရှောင်ရှား တိုင်းပြည်သူ။ ။ သူယုတ်မာတို့၏ အကျင့်တရား ၇-ပါး၊ ခုဒ္ဒက၀တ္ထု ၀ိဘင်းပါဠိတော်မှ။
(၁) အ သဒ္ဓေါ-သဒ္ဓါတရားမရှိ၊
(၂) အ ဟိရီကော- မကောင်းမှု၌ မရှက်တတ်၊
(၃) အနောတ္တပ္ပီ-ယုတ်မာမှု၌ မကြောက်တတ်၊
(၄) အပ္ပသုတော-အကြားအမြင်လိမ်မာမှုနည်း၏၊
(၅) ကုသိတော- ပျင်းရိ၏၊
(၆) မုဋ္ဌဿတိ- သတိမေ့၏၊
(၇)ဒုပညော-ပညာမရှိ။
မသေဘူးဆို၊ ၄-ပုဂ္ဂိုလ်၊ ဖြေဆိုမိန့်တော်မူ။ ။ ၎င်းင်းသရုပ်ကို (ပုဂ္ဂိုလ်မျိုးပြား ၁၂-ပါး)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။
မဟာလ္လတာ တန်ဆာမျိုး ၂-ပါး။ ။ မင်းမိဖုရား, ကတော်မြတ်, များ၏ ၀တ်ရုံတော် ၂-မျိုး၊ မဟာလ တာ, ဟုလည်း ခေါ်၏။
(၁) ဥက္ကဌ် ယကင်စိုက် မဟာလ္လတာ တန်ဆာမျိုး၊
(၂) မဟာလ္လတာ တန်ဆာရိုးရိုးတမျိုး။
မဟာကပ်ခေါ်၊ ၄-ဘော်အင်္ဂါ၊ ဖြေဆိုပါ။ ။ အောက်ပါ အသင်္ချေယျ ၄-ကပ်ကို မဟာကပ်၏ အင်္ဂါလေးပါးဟု သိရာ၏၊ ဤ အသင်္ချေယျ လေးကပ်တို့ကား အချိန်ကာလအားဖြင့် ညီမျှသော ပမာဏရှိကြကုန်၏၊ ဤလေးကပ်သည် မဟာကပ် တကပ်မည်၏။
(၁)သံဝဋ္ဋ အသင်္ချေယျကပ်-ကပ္ပါပျက်မိုဃ်းကြီး ရွာသည်ကစ၍ ကပ္ပါလောကဓာတ်ကြီးတခုလုံးဘာမျှမရှိ ဟင်းလင်းပြင်ကြီးဖြစ်သည် တိုင်အောင် ပျက်ဆဲကပ်ကာလ တမျိုး၊
(၂)သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်-ဟင်းလင်းပြင်ကြီးဖြစ်သည် ကစ၍ ကပ္ပါပြုမိုဃ်းကြီး ရွာသည်တိုင်အောင် အပျက်ကြီးအတိုင်း တည်နေသော တည်ဆဲကပ်ကာလ တမျိုး၊
(၃) ၀ိဝဋ္ဋ အသင်္ချေယျကပ်-ကပ္ပါပြုမိုဃ်းကြီး ရွာသည်ကစ၍ နေ, လ, နက္ခတ် ပေါ်သည်တိုင်အောင် ကပ္ပါဖြစ်ပြီး၍ တည်ဆဲကပ်ကာလ တမျိုး၊
(၄) ၀ိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်- နေ, လ, နက္ခတ် ပေါ်သည်က စ၍ ကပ္ပါဖျက်မိုဃ်းကြီး ရွာသည်တိုင်အောင် တည်ဆဲကပ်ကာလ တမျိုး။
မဟာပဉ္စကူမျိုး ၅-ပါး။ ။ ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) ဥသျှစ်မြစ်၊
(၂) သခွတ်မြစ်၊
(၃) ကြောင်လျှာမြစ်၊
(၄) ရမနေမြစ်၊
(၅) တပဆေးမြစ်၊
၎င်းင်းအကျိုးကား လေကိုဖြောင့်စေ၏၊ ၀မ်းကို ကောင်းစေ၏၊ အပူကို ငြိမ်းစေတတ်၏။
မဟာပဒေသမျိုး ၄-ပါး။ ။ အကျယ်ဝန်းဆုံးသော တရား၏ တည်ရာ နည်းဥပဒေကြီး လေးပါး၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်များအား ညွှန်ကြားချက်၊ သာသနာတော်၌ အမှုဖြစ်ပွားလာလျှင် ယင်းလေးပါးဖြင့် ညွှန်ကြားဆိုပြောတိုင်း လက်မခံ အတည်မပြုရ၊ ဟုတ် မဟုတ် စီစစ်ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရမည် ဟူ၏။
(၁) ဗုဒ္ဓေါပဒေသ-ဘုရားထံမှ ကြားနာရသော တရားဟု ဘုရားအား ညွှန်ကြားခြင်း။
(၂) သံဃာပဒေသ-သံဃာထံမှ ကြားနာမှတ်သားရသော တရားဟု သံဃာအား ညွှန်ကြားခြင်း။
(၃) သမ္ဗဟုလာ ထေရာပဒေသ-ဂိုဏ်းထံမှ ကြားနာမှတ်သားရသော တရားဟု ဂိုဏ်းအား ညွှန်ကြားခြင်း။
(၄) ဧက ထေရာပဒေသ-သက်ဝင်ယုံကြည် ခုံတည်ထိုက်သော ထေရ်ကြီးတပါးထံမှ ကြားနာမှတ်သားရသော တရားဟု ပုဂ္ဂိုလ်အား ညွှန်ကြားခြင်း။ ဤကား သုတ်မဟာဝါ အလို။
မဟာပဒေသမျိုး ၄-ပါး၊ တနည်း။ ။ ၀ိနည်း မဟာဝါ အဋ္ဌကထာ။
(၁) အပဋိက္ခိတ္တ အကပ္ပိယ- မပယ်မြစ်ခဲ့သော မအပ်သော ၀တ္ထု။
(၂) အပဋိက္ခိတ္တ ကပ္ပိယ- မပယ်မြစ်ခဲ့သော အပ်သော ၀တ္ထု။
(၃) အန နုညာတ အကပ္ပိယ- ခွင့်မပြုခဲ့သော မအပ်သော ၀တ္ထု။
(၄) အန နုညာတ ကပ္ပိယ- ခွင့်မပြုခဲ့သော အပ်သော ၀တ္ထု။
မဟာပဒေသမျိုး ၄-ပါး၊ တနည်း။ ။ သုတ်မဟာဝါ အဋ္ဌကထာ။
(၁) သုတ္တ- ဘုရားဟော သံဂါယနာဝင် ပါဠိတော်များ၊
(၂) သုတ္တာနုလောမ- အဋ္ဌကထာဋီကာများ၊
(၃) အာစရိယ၀ါဒ- ဆရာသမားတို့၏ ခိုင်လုံသော အယူအဆ၊
(၄) အတ္တနော မတိ- မိမိ၏ ဟုတ်မှန်စွာ ဝေဘန်ယူဆမှုသဘော။
မဟာပုရိသ လက္ခဏာတော် ၃၂-ပါး။ ။ ၎င်းင်းသရုပ်ကို (လက္ခဏာတော်ကြီး ၃၂-ပါး)၌ ရှုပါလေ။
မဟာဘိညာပတ္တ ပုဂ္ဂိုလ် ၄-ပါး။ ။ တစ်သင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ဆင်ခြင်အောက်မေ့ သိမြင်နိုင်သော တန်ခိုးရှင်ပုဂ္ဂိုလ်ကြီး၎-ပါး၊ ဘုရားတဆူ၌ ၄-ဦးစီသာ ပေါ်သည်၊ ငါတို့ဘုရား လက်ထက်တော်၌ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်, ဘဒ္ဒကစ္စနာထေရီခေါ် ယသောဓရာ, အရှင်ဗာကုလမထေရ်တို့ဖြစ်ကြ၏၊ ဧကင်္ဂုတ္တရ အဋ္ဌကထာ ၂၈၉၊ အခြားသော တန်ခိုးကြီး ပုဂ္ဂိုလ်တို့ကား ကမ္ဘာတသိန်းသာ သိမြင်နိုင်ကြသည်။
မဟာဘုတ်ကြီး ၄-ပါး။ ။ အကြောင်းညီညွတ်က ကြီးကျယ်ပွားများခြင်းသို့ ရောက်အောင်စွမ်းဆောင်နိုင်သော သတ္တိရှိသည့် ရုပ်ဓာတ်ကြီး ၄-ပါးကိုခေါ်ဆိုသည်။
(၁) ပထ၀ီခေါ် မြေဓာတ်- အလုံးစုံသောရုပ်ဟူသမျှတို့၏ ထောက်တည်ဖွဲ့စည်း လောင်မြိုက်ရာ ၀တ္ထု၊ ခက်မာသော သဘောလက္ခဏာ ကလေး၊
(၂) အာပေါခေါ် ရေဓာတ်-ပြန့်နှံ့ဖွဲ့စည်းတတ်သော သဘောလက္ခဏာ ကလေး၊
(၃) တေဇောခေါ် မီးဓာတ်-အငွေ့၏အဖြစ် သဘောလက္ခဏာ ကလေး ပူ ဧမှု၊
(၄) ၀ါယောခေါ် လေဓာတ်-တုန်လှုပ် ရွေ့ရှား ထောက်ကန်ခြင်း သဘောလက္ခဏာ ကလေး။
မဟာလတာ၊ ဆင်တန်ဆာ၊ ၂-ဖြာ မျိုးခွဲသိ။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ်ကို (မဟလ္လတာမျိုး ၂-ပါး)၌ ပြခဲ့ပြီ။
မဟာလတာ၊ ဆင်မြန်းကာ၊ ၃-ဖြာ မိန်းမမြတ်။ ။ ဓမ္မပဒ။ဋ္ဌ။ ပ-အုပ် ၂၆၀။ ဗုဒ္ဓသာသနာတော်အတွင်း လူ့နယ်မြေပြင်၌ မဟာလတာ တန်ဆာကို ဆင်မြန်းရသူ သုံးယောက်သာရှိ၏။
(၁) ၀ိသာခါ သူဌေးသမီး၊
(၂) ဗန္ဓုလစစ်ဗိုလ်ချုပ်ကြီးကတော် မလ္လိကာ၊
(၃) ဗာရာဏသီ သူဌေးသမီး။
မှတ်ချက်။ ။ ဆင်ပြောင်ငါးစီးအား ဆောင်နိုင်သူတို့သာ ယင်းတန်ဆာကို ၀တ်ရုံဆင်မြန်းနိုင်သည် ဟူ၏။
မဟာသာလမျိုး ၃-ပါး။ ။ သုတ်မဟာဝါ။ပါ။ ၁၂၁။ဋ္ဌ။၁၇၈။ ဥစ္စာအနှစ်နှင့် ပေါများပြည့်စုံသော သူဋ္ဌေးကြီးများ၏ အမျိုးအပြား။
(၁) ခတ္တိယ မဟာသာလမျိုး- မိမိတို့ သုံးသည်ထက် ပိုနေသော ငွေကုဋေ ရာ, ထောင်, မြေ၌မြှုပ်ထားရသည့် သူဋ္ဌေးကြီးများ၊
(၂) ဗြာဟ္မဏ မဟာသာလမျိုး- အပိုငွေ ကုဋေရှစ်ဆယ်အထက် မြေ၌မြှုပ်ထားရသည့် ဓနရှင်ကြီးများ၊
(၃) ဂဟပတိ မဟာသာလမျိုး- အပိုငွေ ကုဋေလေးဆယ်အထက် မြေ၌မြှုပ်ထားရသည့် ဓနရှင်ကြီးများ။
မဟာသာဝက ရှစ်ကျိပ်။ ။ ၎င်းင်းတို့၏ သရုပ် အမည်တော်များကို (လက်ျာတော်ရံ-လေးကျိပ်၊ လက်ဝဲတော်ရံ လေးကျိပ်)၌ ရှုပါ၊ ၎င်းင်းတို့အကျယ်ကို အင်္ဂုတ္တရ ။ပါ။ ပ-အုပ်။ ၂၃-မှ ၂၆။ ၎င်းင်း အဋ္ဌကထာ။ ပ-အုပ်။ ၉၆။ ၂၆၀။ ၎င်းင်းဋီကာ၊ တတိယအုပ်။ ၁၁၈-တို့၌ ကြည့်ပါ။
မှတ်ချက်။ ။ မဟာသာဝက အစစ်မှာ ၇၈-ပါးသာရှိ၏၊ အဂ္ဂသာဝက ၂-ပါးနှင့်မှ ရှစ်ကျိပ်ပြည့်သည်။
မာန်တက်ခြင်း မျိုး ၃-ပါး။ ။ အဘိဓမ္မာ ၀ိဘင်္ဂပါဠိတော် ၃၆၆။ ၎င်းင်းအဋ္ဌကထာ သမ္မောဟ၀ိနောဒနီ ၄၆၇-၌ အကျယ် ၉-ပါးရှု။ ငါတကားဟု ထောင်လွှားမှတ်ထင်တတ်သော အကြောင်း ၃-ပါး။
(၁) သေယျ မာန်- ဂုဏ်, ဇာတ်, ပညာ, ဥစ္စာ, အဆင်း, သားချင်း, ခြွေရံ စသည်အားဖြင့် သူ့ထက်မြတ်၏ဟု မှတ်ထင်ခြင်း၊
(၂) သဒိသ မာန်- ထိုထို ဂုဏ် သိရ် ဥစ္စာ စသည်၌ သင်းတို့နှင့်ငါ အတူတူသာဟု မှတ်ထင်တတ်ကြခြင်း၊
(၃) ဟီန မာန်- ငါက သင်းတို့အောက်က လူဖြစ်သော်လဲ ဘာ အရေးစိုက်ရမလဲဟု ထောင်လွှားမှုမျိုး။
မာန်တက်ခြင်း မျိုး ၃-ပါး၊ တနည်း။ ။ အထက် နည်းနှင့် သဘောတူ သဒ္ဒါကွဲမျှသာထူးသည်။
(၁) ဇာတိ မာန်-မျိုးဇာတ်ကို စွဲ၍ တက်ခြင်း၊
(၂) ဂေါတ္တ မာန်- အဆက်အနွယ်ကို စွဲ၍ တက်ခြင်း၊
(၃) ဣဿရိယ မာန်-အစိုးရမှု စည်းစိမ်ချမ်းသာမှုကို စွဲ၍ တက်ခြင်း။
မာန်တက်ခြင်း မျိုး ၉-ပါး။ ။ အထက်ပါ မာန်တက်ခြင်း ၃-ပါးတို့တွင် တပါး တပါး၌ ပဏီတမာန်, မဇ္ဈိမမာန်, ဟီနမာန်ဟု ၃-ပါးစီ ပြားပြန်ရကား မာန်တက်ခြင်း ၉-ပါးဖြစ်၏၊ ခုဒ္ဒက၀ိဘင်း ပါဠိတော်။
မာန်ယစ်ခြင်း ၃-ပါး။ ။ မာန်မူခြင်း မာန်ယစ်မူးခြင်း၏ အကြောင်း ၃-ပါး။
(၁) အာရောဂျ မဒ-ရောဂါကင်းစင် ကျန်းမာခြင်းလျှင် မာန်ယစ်ခြင်း၊
(၂) ယောဗ္ဗန မဒ-အားအင်ဖြိုးကြွယ် အရွယ်၏လျောက်ပတ် တင့်တယ်ခြင်းဖြင့် မာန်ယစ်ခြင်း၊
(၃) ဇာတိ မဒ-မျိုးဇာတ် ဂုဏ်ရည်ကိုစွဲ၍ မာန်ယစ်ခြင်း။
ဘ---ဘကြီးတော်ခေါ်၊ မှ ဘွဲ့ထူးဂုဏ်ရည် ၁၁-မျိုး။
ဘကြီးတော်ခေါ်၊ မင်းမြတ်ကျော်၊ မည်တော် ၆-ပါးလာ။ ။ ကုန်းဘောင်မင်း ၁၁-ဆက်တွင် ၇-ဆက်မြောက် မင်းတရားကြီးဖြစ်၍ ရာဇ၀င်တို့၌ အောက်ပါ အမည်တော် ၆-ပါးတို့နှင့် ထင်ရှားခဲ့လေသည်။
(၁) ဘကြီးတော်ဘုရား-ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ဘကြီးတော် ဖြစ်သောကြာင့်တည်း၊
(၂) စစ်ကိုင်းမင်း-မင်းသားငယ်ဘ၀က စစ်ကိုင်းမြို့ကို စားရသောကြောင့်တည်း၊
(၃) နောင်တော်ကြီး-သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း လည်းခေါ်သည့် ရွှေဘိုမင်းတြား၏နောင်တော်ဖြစ်သောကြောင့်တည်း၊
(၄) ဖလ်နန်းရှင်, မှန်နန်းရှင်- နန်းတော်ကြီး၌ ဖလ်, မှန်တွေ အလွန်များသောကြောင့်တည်း၊
(၅) ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတြားကြီး၊
(၆) ဆင်ဖြူ့ရှင်- နန်းစံ ၁၈-နှစ်တိုင်တိုင် ဘုန်းတန်ခိုးကြီးလျက် ဆင် ရတနာများစွာ ဆက်သခံရသောကြောင့်တည်း။
ဘယ်သံခေါ်လှစ်၊ မျိုး ၁၈၊ ၀ါ, ဂီ, နစ်, မှာသုံး။ ။ ကဗျာလင်္ကာရွတ်ဖတ်ရာ၌ သာသာအေးအေး အားထုတ်မှုများများ မပေးရဘဲ ရွရွကလေး ရွတ်ဆိုရသော အသံမျိုးကို "ဘယ်သံ, သက်သံ, ချသံ, အောက်သံ, သံမ, အောက်မြင့်သံ" စသည် ခေါ်ကြ၏၊ အကျယ် ကဗျာဖွဲ့နည်း နိသျည်းကျမ်း၌ ရှုလေ၊ "အ, ဣ, ဥ, ဧ, သြော့, အိံ့, အဥ့်, အည့်, အန့်, အမ့်, အိန့်, အိမ့်, အုန့်, အုမ့်, အယ့်, အောင့်, အိုင့်, အိုဝ့်" တို့ဖြစ်ကြ၏။
ဘ၀ ၂-ပါး။ ။ အဘိဓမ္မာ ဝေါဟာရ။
(၁) ကမ္မ ဘ၀-ပြုလုပ်သမျှ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စေတနာများ၊
(၂) ဥပပတ္တိ ဘ၀-ထိုကုသိုလ် အကုသိုလ်ကံတို့ကြောင့် နောက်ဘ၀၌ ဖြစ်သော ပဋိသန္ဓေ၀ိညာဉ် ကမ္မဇရုပ်များ။
ဘ၀ ၃-ပါး။ ။ တိကင်္ဂုတ္တရ ။ပါ။ ၂၂၄ ။ဋ္ဌ။ ၂၀၄။ ဘ၀သုံးစုံ ဘုံသုံးဘုံ, ဘ၀သုံးရပ် ဘုံသုံးထပ်, လည်း ဟူ၏။
(၁) ကာမ ဘ၀- ကာမ ပဋိသန္ဓေ ၁၀-ဟူသော ၀ိပါက်, ခန္ဓာ, ကဋတ္တာရုပ်များ၊
(၂) ရူပ ဘ၀-ရူပ ပဋိသန္ဓေ ၆-ခုဟူသော ၀ိပါက်, ခန္ဓာ , ကဋတ္တာရုပ်များ၊
(၃) အရူပ ဘ၀- အရူပပဋိသန္ဓေ ၄-ခု ဟူသော ၀ိပါက်ခန္ဓာ။
ဘ၀ ၃-ပါး။ တနည်း။ ။ အမြတ်ဖြစ်သော လူ့ဘ၀, နတ်ဘ၀, ဗြဟ္မာ့ဘ၀, ကိုလည်းအချို့နေရာ၌ ယူနိုင်၏။
ဘ၀ကြီး ၉-ပါး။ ။ အဘိဓမ္မာဝိဘင်း ပါဠိတော် ၁၄၃။ဋ္ဌ။ ၁၇၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုး ဖြစ်သော ဘ၀အပြားကို ခေါ်ဆိုသည့် အဘိဓမ္မာနည်း။
(၁) ကာမ ဘ၀- ကာမ၀ိပါက် စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်များ၊
(၂) ရူပ ဘ၀- ရူပ ၀ိပါက် ၅-ခု၊ စက္ခု, သောတ, သမ္ပဋိစ္ဆိုန်းဒွေး, သန္တီရဏ ၃-ခု၊
ဝိရတီ ကြဉ်သော စေတသိက် ၃၅-ပါး၊ ဘာဝရုပ်၊ ဃာန, ဇိဝှါ, ကာယ ကြဉ်သော ကမ္မဇရုပ်များ၊
(၃) အရူပ ဘ၀- အရူပ ၀ိပါက် စိတ္တုပ္ပါဒ်စု၊
(၄) သညာ ဘ၀- နေ၀သညာ နာသညာ ယတနစိတ် ကြဉ်သော လောကီ ၀ိပါက် စိတ္တုပ္ပါဒ်နှင့်တကွ ကမ္မဇရုပ်များ၊
(၅) အသညာ ဘ၀-ဇီဝိတ န၀က ရုပ်ကလာပ်၊
(၆) နေ၀သညာ နာသညာ ဘ၀-နေ၀သညာ နာသညာ ယာတန စိတ္တုပ္ပါဒ်၊
(၇) ဧကဝေါကာရ ဘ၀- ဇီဝိတန၀က ရုပ်ကလာပ် 'ခန္ဓာတပါးဘ၀'၊
(၈) စတုဝေါကာရ ဘ၀- အရူပ၀ိပါက် စိတ္တုပ္ပါဒ် 'ခန္ဓာ ၄-ပါးဘ၀'၊
(၉) ပဉ္စ ဝေါကာရ ဘ၀- ကာမ၀ိပါက် ရူပ ၀ိပါက် , စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်စု 'ခန္ဓာ ၅-ပါး ဘ၀'။
ဘ၀ဂ် ၃-ပါး။ ။ အနုဋီကာလာ
ဝေဟပ္ဖိုလ်ဘုံ, အကနိဋ္ဌဘုံ, နေ၀သညာ နာသညာယတန ဘုံတို့၏ အမည် ၃-မျိုး၊ ဘ၀၏ အမြင့်ဆုံး ဘုံဌာနများဟူ၏။
(၁) ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'ပုထုဇ္ဇနဘ၀ဂ'၊
(၂) အကနိဋ္ဌဘုံကို အရိယာတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'အရိယာဘ၀ဂ်'၊
(၃) နေ၀သညာ နာသညာယတနဘုံကို ပုထုဇဉ်အရိယာ နှစ်ဖြာသောသူတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'သဗ္ဗဘ၀ဂ်' ဟုမှတ်၊ ၎င်းင်းကိုပင် 'ဘူမိဘ၀ဂ်' ဟုလည်း ခေါ်၍ ဘ၀ဂ်မျိုး ၄-ပါး မှတ်ရာ၏။
ဘ၀ဂ် ၃-ပါး၊ တနည်း။ ။
ဝေဟပ္ဖိုလ်ဘုံ၊
အကနိဋ္ဌဘုံ၊
နေ၀သညာ နာသညာယတနဘုံ၊
၎င်းင်းဘုံသုံးပါးသို့ရောက်သော အနာဂါမ် ပုဂ္ဂိုလ်များသည် တခြားဘုံဘ၀သို့ မသွားတော့ပဲ ထို ၃-ဘုံ၌ပင် ပရိနိဗ္ဗာန်စံသောကြောင့် ဘ၀၏အထွတ်အထိပ် အဆုံး ဘ၀ဂ်ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ဆို၏။
ဘ၀င်လေမျိုး ၁၂-ပါး။ ။ ရင်ကို အများဆုံး ဒုက္ခပေးတတ်သောလေများ၊ ၎င်းင်းသရုပ် (လေမျိုး ၈၀) «ဂ» ပိုဒ်၌ရှုပါလေ။
ဘ၀င်မြင့်ကြောင်း တရား ၉-ပါး။ ။ ဇိန်ယစ် မာန်တက်ခြင်း တရားများဟူ၏၊ အကျယ် ဣတိဝုတ္တက ။ပါ။၂၇၀။ဋ္ဌ။၃၂၅ နှင့် ပဉ္စင်္ဂုတ္တရ ။ပါ။ ၆၃ ။ဋ္ဌ။ ၂၈-စသည်တို့၌ ရှုပါ။
(၁) ဇာတိ မဒ-ဇာတ်ကိုစွဲ၍ မာန်တက်၊
(၂) ဂေါတ္တ မဒ- မျိုးနွယ်ကိုစွဲ၍
(၃) သိပ္ပ မဒ- အတတ်ပညာကိုစွဲ၍
(၄) အာရောဂျ မဒ- အနာရောဂါကင်းမှုကိုစွဲ၍
(၅) ယောဗ္ဗ မဒ-အရွယ်ပျိုနုခြင်းကိုစွဲ၍
(၆) ဇီဝိတ မဒ-အသက် ရှည်ခြင်းကိုစွဲ၍
(၇) ၀ဏ္ဏ(ရူပ) မဒ-အဆင်းလှခြင်းကိုစွဲ၍
(၈) သောဘဂ္ဂ မဒ-ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍၊
(၉) ပရိဝါရ မဒ-ကျော်စောသတင်းခြံရံများခြင်းကိုစွဲ၍ ဘ၀င်မြင့် မာန်တက်ခြင်း၊ ၎င်းင်းမာန်တက်ခြင်း ဘ၀င်မြင့်ခြင်းတို့ကို ရှောင်ရှားရမည်ဟု ဘုရားရှင် ဟောကြား ဆုံးမတော်မူသည်။
« ဘာ »
ဘာဝ ၃-ပါး၊ ကွေကွင်းငြား၊ လူသား စည်းစိမ်ပါ။ ။
နာနာဘာဝ, ၀ိနာဘာဝ, အညထာဘာဝ, တို့၏ ကွေကွင်းကွဲကွာရပုံ အဓိပ္ပါယ်စုံနှင့် သရုပ်တို့ကို
( ကွေကွင်းကွဲကွာရခြင်း ဘာဝတရားမျိုး ၃-ပါး) ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။
ဘာဝနာ ၂-ပါး။ ။ ကုသိုလ်စိတ်ကို တိုးတက်ပွားများစွာ ဖြစ်စေတတ်သော တရားသဘော ၂-ပါး။
(၁) သမထ ဘာဝနာ-ဈာန်ရမှုလုပ်ငန်းစု တရားနည်းများ၊
(၂) ၀ိပဿနာ ဘာဝနာ- နိဗ္ဗာန်ရမှု လုပ်ငန်းစု ဆိုင်ရာလက္ခဏာများ။
ဘာဝနာ ၃-ပါး။ ။ သတ္တ၀ါတို့သန္တာန်၌ ပွားများစေရမည့် တရားသုံးပါး။
(၁) ပရိကမ္မ ဘာဝနာ- တစုံတခုသော ကမ္မဋ္ဌာန်းကို အာရုံပြု၍ အထက်အထက် ဘာဝနာသို့တက်ရန် ရှေးဦးစွာ စတည်စီးဖြန်းမှု, ပွားများစေမှု အခြေဉပအုဌ်မြစ်ဖြစ်သော ဘာဝနာ၊
(၂) ဥပစာရ ဘာဝနာ-အိမ်၏အနီးအပါး ဖြစ်သော အရှေ့အရပ်ကို အိမ်ရှေ့ဥပစာ ခေါ်သကဲ့သို့ အပ္ပနာဘာဝနာ၏ အနီးအပါး ဖြစ်သော ဈာန်၏ 'ရှေ့နားက' ဘာဝနာ၊
(၃) အပ္ပနာဘာဝနာ- ဥပစာရ ဘာဝနာထက် ခိုင်မြဲ၍ လွန်ကဲ ထူးမောက်စွာ အာရုံ၌ တည်နေသော ဈာန်တရားများ။
ဘာဝနာ ၄၀ ။ ။ ပဋိသမ္ဘိဒါမဂ်။ပါ။၄၁၁။ဋ္ဌ။ဒု-အုပ် ၃၁၆-၌ အကျယ်ရှု။ မိမိတို့ ခန္ဓာကိုယ်၌ အဖန်တလဲလဲ ပွားများသုံးသပ် ဆင်ခြင်ဘွယ်လေးဆယ်။
အနိစ္စတော- မမြဲတတ်သောကြောင့်၎င်းင်း၊
ဒုက္ခတော- ဆင်းရဲတတ်သောကြောင့်၎င်းင်း၊
ရောဂတော- အနာများတတ်သောကြောင့်၎င်းင်း၊
ဂန္ဓတော- ပုပ်စပ်နံစော်တတ်သောကြောင့်၎င်းင်း၊
သလ္လတော- ကိလေသာ၌ငြိတတ်သောကြောင့်၎င်းင်း၊
အာဗာဓတော- အနာနှိပ်စက်တတ်သောကြောင့်၎င်းင်း၊
ဝယတော- ပျက်တတ်သောကြောင့်၎င်းင်း၊
ဝယ လောကတော- လောကသုံးပါး၌ပျက်တတ်သောကြောင့်၎င်းင်း၊
စုတိတော- ခန္ဓာဝန်ကို စွန့်တတ်သောကြောင့်၎င်းင်း၊
ဥပ္ပဒ္ဒ၀ တော- ဥပ္ပဒ္ဒဝေါ နှိပ်စက်တတ်သောကြောင့်၎င်းင်း၊ (၁၀)
ဘယတော- ဘေးဖြစ်တတ်သောကြောင့်၎င်းင်း၊
အဘိရူပိတော- အလွန်ကြောက်တတ်သောကြောင့်၎င်းင်း၊
ဥပသဂ္ဂတော- ကပ်၍ စီရင်တတ်သောကြောင့်၎င်းင်း၊
စလတော- တုန်လှုပ်တတ်သောကြောင့်၎င်းင်း၊
ပဘင်္ဂုတော- များသောအားဖြင့် ပျောက်ပျက် တတ်သောကြောင့်၎င်းင်း၊
အ ဓုဝတော- မမြဲတတ်သောကြောင့်၎င်းင်း၊
အ တာဏတော- ကိုးကွယ်ရာ မရှိသောကြောင့်၎င်းင်း၊
အ လေနတော- ပုန်းအောင်းရာ မရှိသောကြောင့်၎င်းင်း၊
အ သရဏတော- ဆည်းကပ်ရာမရှိသောကြောင့်၎င်းင်း၊
အာသ၀တော- အာသ၀တရား၏ အာရုံ ဖြစ်တတ်သောကြောင့်၎င်းင်း၊ (၂၀)
တုစ္ဆတော- အချည်းနှီး ဖြစ်တတ်သောကြောင့်၎င်းင်း၊
သုညတော- ဆိတ်သုဉ်း တတ်သောကြောင့်၎င်းင်း၊
အနတ္တတော- ကိုယ်မဟုတ်သောကြောင့်၎င်းင်း၊
အာဒီန၀တော- အပြစ်ဖြစ်တတ်သောကြောင့်၎င်းင်း၊
ဝိပရိဏာမ ဓမ္မတော- အသစ်ဖေါက်ပြန်တတ်သောကြောင့်၎င်းင်း၊
အ သာရတော- အနှစ်မရှိသောကြောင့်၎င်းင်း၊
အလ္လ မူလကတော- ပျက်ခြင်းလျှင် အရင်းရှိသောကြောင့်၎င်းင်း၊
ဝဋ္ဌနတော- သတ်၍ပြတ်တတ်သောကြောင့်၎င်းင်း၊
ဝိဘ၀တော- ဘ၀ အထူးသို့အဖန်ဖန်ပြောင်းတတ်သောကြောင့်၎င်းင်း၊
သံဝဋ္ဋဏတော-သင်းချိုင်း၌ ဖြစ်တတ်သောကြောင့်၎င်းင်း၊ (၃၀)
သံခေတ္တတော- အခိုက်အတန့်မျှ ဖြစ်တတ်သောကြောင့်၎င်းင်း၊
အာမိသတော-အစာကိုမှီတတ်သောကြောင့်၎င်းင်း၊
ဇာတိ ဓမ္မတော- ပဋိသန္ဓေ နေတတ်သောကြောင့်၎င်းင်း၊
ဇရာ ဓမ္မတော- အိုတတ်သောကြောင့်၎င်းင်း၊
မရဏ ဓမ္မတော- သေတတ်သောကြောင့်၎င်းင်း၊
သောကဓမ္မတော- စိုးရိမ်တတ်သောကြောင့်၎င်းင်း၊
ပရိဒေ၀ဓမ္မ တော- ငိုကြွေးတတ်သောကြောင့်၎င်းင်း၊
ဥပါယာသဓမ္မတော- ရှိုက်ငင် တက်ချက် ပင်ပန်း တတ်သောကြောင့်၎င်းင်း၊
သံကိလေသိက ဓမ္မတော- ညစ်ညူး တတ်သောကြောင့်၎င်းင်း၊
နိဿရဏဓမ္မတော- လည်းလျောင်းရာ မရှိသောကြောင့်၎င်းင်း။ (၄၀) မကောင်းတည်း။
ဘာဝရုပ် ၂-ပါး။ ။ အထီး, အမ ဖြစ်ဘို့ရာ အကြောင်းခံဖြစ်သော ရုပ် ၂-ပါး၊ ၎င်းင်းသရုပ်ကို (ရုပ် ၂၈-ပါး)၌ ကြည့်ပါကုန်။
ဘာသာကြီး ၆-ပါး။ ။ ကပ္ပါပေါ်၌ ဘာသာပေါင်းများစွာရှိသော်လည်း ထင်ရှားသော အယူဝါဒ ဘာသာကြီးမျိုး ၆-ပါး။
(၁) ခရစ္စယာန်ဘာသာ၊
(၂) ဂျိုင်းဘာသာ၊
(၃) ဗုဒ္ဓဘာသာ၊
(၄) မဟာမေဒင်ဘာသာ၊
(၅) ဟိန္ဒူဘာသာ၊
(၆) ဟီဗရူဘာသာ။
ဘာသာစကား ၁၀၁-ပါး။ ။ လူမျိုး ၁၀၁-ပါးနှင့်ဆင်ဆင်ရှိသည်၊ ပဋိသမ္ဘိဒါမဂ်။ဋ္ဌ။ ပ-အုပ်။ ၇။ဝိသုဒ္ဓိမဂ် ဒု-အုပ်။ ၇၂-တို့၌ ဘာသာစကားမျိုးပေါင်း ၁၀၁-ပါးရှိကြောင်း စသည်လာ၏၊ ဤ၌ စကားမျိုးပေါင်း ၁၀၁-ပါးရှိလျှင် လူမျိုးလည်း ၁၀၁-ပါး ရှိရပေမည်ဟူ၏။
ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး။ ။ စတုတ္ထအမျိုးကား အမြတ်ဆုံး။
(၁) ဥာတိ-တို့အမျိုးအနွယ်ဖြစ်သော ဘုရား, တရား, သံဃာဟူသော သဘောထားဖြင့် ကိုးကွယ် ဆည်းကပ်ခြင်း၊
(၂) ဘယ- ဘေးရန်တို့ကို ကြောက်သောကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၃) အာစရိယ- ငါ့အား တစုံတခုသော အတတ်ပညာကိုပေးသူဟု ကျေးဇူးတင်အပ်သော ဆရာအမှတ်ဖြင့်ဆည်းကပ်ကိုးကွယ်ခြင်း၊
(၄) ဒက္ခိဏေယျ- လောကသုံးပါး၌ မြတ်သောတရား, အကျင့်သီလများရှိ၍မြတ်သောအလှူကို ခံထိုက်သသူဟု စီစစ်ဝေဘန်ပြီးကိုးကွယ်ခစားခြင်း။
ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး၊ တနည်း။ ။
(၁) ဘယ- ဘေးကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၂) လာဘ- ရအံ့သော လာဘ်သပ္ပကာကို မြှော်ခေါ်၍ ကိုးကွယ်ခြင်း၊
(၃) ကုလ- ဂုဏ်ကျေးဇူးအစစ်ကို မသိမဝေဘန်ဘဲ မျိုးရိုးစဉ်ဆက်က ကိုးကွယ် ဆည်းကပ်လာ၍ ကိုးကွယ်ခြင်းမျိုး၊
(၄) ဒက္ခိဏေယျ- ဒက္ခိဏေယျ ပုဂ္ဂိုလ်အဖြစ် မှန် မမှန် မိမိဥာဏ်ဖြင့် စီစစ်ဝေဘန်ပြီးမှ ကိုးကွယ်ခြင်း၊
၎င်းင်း ၄-နံပါတ်သာ အမြတ်ဆုံးဖြစ်၏။
ဘာသာသဒ္ဒါ၊ ဟောချက်လာ၊ ၄-ဖြာ အနက်မျိုး။ ။ ဘာသာဟူသော သဒ္ဒါ၏ ဟောစွမ်းနိုင်သော အနက်မျိုး လေးပါး။
(၁) စကားဟူသော အနက်၊ ပုံ- မြန်မာဘာသာ, အင်္ဂလိပ်ဘာသာ, ဟိန္ဒီဘာသာဟူသော စကားရပ်၌ပါသော ဘာသာသဒ္ဒါသည် "စကား" ဟူသော အနက်၌ဖြစ်၏၊
(၂) အလေ့အလာ ဟူသောအနက်၊ ပုံ-ကိုယ့်ဘာသာ ကိုယ်နေç သူ့ဘာသာ သူနေ ဟူရာ၌ မှတ်၊
(၃) အားမထုတ်ခြင်း ဟူသောအနက်၊ ပုံ-ဘာသိဘာသာနေသည် ဟူရာ၌ မှတ်၊
(၄) အယူဝါဒ ဟူသောအနက်၊ ပုံ- ခရစ်ယာန်ဘာသာç ဗုဒ္ဓဘာသာç မိုဟာမေဒင်ဘာသာ စသည်တို့၌ ပါသော ဘာသာသဒ္ဒါသည် အယူဝါဒဟူသော အနက်ကို ဟော၏။
« ဘိ »
ဘိက္ခုနီများ၊ ၁၃-ပါး၊ ထားငြား ဧတဒဂ်။ ။ ၎င်းင်းသရုပ်ကို 'ဧတဒဂ်ရ ရဟန်းမိန်းမ ၁၃-ပါး'၌ ဆိုခဲ့ပြီ။
ဘိန်းမျိုး ၅-ပါး။ ။ ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) အခေါက်မှဖြစ်သောဘိန်းသည် ညိုသောအဆင်း ဖန်ခါးသော အရသာ ရှိ၏၊
(၂) အစေးမှဖြစ်သောဘိန်းသည် မည်းနက်သောအဆင်း စပ်သော အရသာ ရှိ၏၊
(၃) အရွက်မှ ဖြစ်သောဘိန်းသည် စိမ်းပြာသောအဆင်း ချဉ်စပ်သော အရသာ ရှိ၏၊
(၄)အပွင့်မှ ဖြစ်သောဘိန်းသည် ရွှေဝါသောအဆင်း ဖန်သော အရသာ ရှိ၏၊
(၅) အသီးမှ ဖြစ်သောဘိန်းသည် နီသောအဆင်း ချိုခါးသော အရသာ ရှိ၏၊
၎င်းင်းဘိန်း ငါးမျိုးလုံးသည် မူးယစ်ထိုင်းမှိုင်း လေးတွဲ့စေသော တန်ခိုးသတ္တိရှိသည်ချည်းဖြစ်၏။
ဘိသိက်ဆရာ၊ လုပ်သူမှာ၊ ၃-ဖြာ အင်္ဂါရှိ။ ။ ၎င်းင်းသရုပ်ကို (ပုရောဟိတ်၏ အင်္ဂါ ၃-ပါး)၌ ကြည့်လေ။
ဘိသိက် မျိုးပြား ၁၄-ပါး။ ။ မြန်မာမင်း အုပ်ချုပ်ပုံ စာတန်းမှ။
(၁) ခတ္တိယဘိသိက်၊
(၂) ရာဇဘိသိက်၊ ၎င်းင်း ၂-မျိုးကား မင်းမြှောက်သော ဘိသိက်၊
(၃) သကလာ ဘိသိက်- တိုင်းပြည် သာယာစေရန် ခံသော ဘိသိက်၊
(၄) ၀ိဇယာ ဘိသိက်၊
(၅) ဇေယျာ ဘိသိက်- ၎င်းင်း ၂-မျိုးကား စစ်အောင်ရန်ခံသော ဘိသိက်၊
(၆) သီရိပဝေသန ဘိသိက်- ကျက်သရေတိုးစေရန် ခံသော ဘိသိက်၊
(၇) မဟာ ဘိသိက်-စီးပွားချမ်းသာ တိုးစေရန် ခံသော ဘိသိက်၊
(၈) မင်္ဂလာ ဘိသိက်- ဆင်ရတနာသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၉) ၀ိဝါဟ ဘိသိက်- ထိမ်းမြားမင်္ဂလာ လက်ထပ်သောအခါ ခံသော ဘိသိက်၊
(၁၀) ဒွါရာ ဘိသိက်- နန်းသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၁၁) အာယုဒီဃာ ဘိသိက်- အသက်ရှည်စေရန် ခံသော ဘိသိက်၊
(၁၂) ဥပရာဇာ ဘိသိက်- အိမ်ရှေ့မင်းဖြစ်သည့်အခါ ခံသော ဘိသိက်၊
(၁၃) မဟေသီ ဘိသိက်- မိဖုယား မြှောက်သည့်အခါ ခံသော ဘိသိက်။
မှတ်ချက်။ ။ အချို့ "မုဒ္ဓါဘိသိက်" ပါ ထည့်၍ ၁၄-ပါးပြကြ၏။
« ဘီ »
ဘီလူးနက္ခတ် ၁၀-လုံး။ ။ ဗေဒင်ကျမ်းမှ။
(၁) ကျတ္တိကာ၊
(၂) ၀ိသာခါ၊
(၃) ပြုပ္ပါသံ၊
(၄) စိတြ၊
(၅) မူလ၊
(၆) မာဃ၊
(၇) ဇေဋ္ဌ၊
(၈) အဿလိဿ၊
(၉) သတ္တဘိသျှ၊
(၁၀) ဓနသိဒ္ဓ။
ဘီလူး စစ်မှန်ကြောင်း အင်္ဂါ ၄-ပါး။ ။ စရိယာပိဋက ။ဋ္ဌ။ ၁၆၈-၌ အကျယ်ရှု။
(၁) မျက်တောင် မခတ်၊
(၂) နီရဲသော မျက်စိ၊
(၃) ကြောက်လန့်ခြင်း မရှိ၊
(၄) အရိပ် မထင်။
« ဘု »
ဘုရားတကာ၊ မစွန့်ရာ၊ ၄-ဖြာ ရပ်ဌာန။ ။ ၎င်းင်းသရုပ်ကို (အ ၀ိဇဟိတ ဌာနကြီး ၄-ပါး)၌ ဆိုခဲ့ပြီ။
ဘုရားပွင့်မှသာ လူရှိသော ဘုံ ၅-ပါး။ ။ သုဒ္ဓါဝါသ ဗြဟ္မာ ငါးဘုံကို ဆိုသည်၊ ထိုဘုံတို့၌ အခါခပ်သိမ်း ပုဂ္ဂိုလ်ရှိမနေ၊ ကမ္ဘာ တသောင်းခြာက်ထောင်အတွင်း၌ ဘုရားပွင့်မှသာ ထိုဘုံ၌ ဗြဟ္မာရှိသည် ဟူ၏၊ အနာဂါမ်များသာ ရောက်ကောင်းသောကြောင့်တည်း။
ဘုရားဖြစ်ရန်၊ ကြောင်း ၄-တန်၊ လမ်းမှန် အဘယ်နည်း?။ ။ ၎င်းင်းသရုပ် (ဗုဒ္ဓဘူမိ ၄-ပါး)နှင့် တူ၏။
ဘုရားမတင်၊ နတ်မတင်၊ လူတွင် ပန်း ၁၀-ပွင့်။ ။ ၎င်းင်းသရုပ်ကို (ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်) ဟူသော သရုပ်၌ ဆိုခဲ့ပြီ။
ဘုရားမျက်စိ၊ ၅-ပါးရှိ၊ လင်းဘိ ဂုဏ်ရောင်ရှိန်။ ။ ၎င်းင်းသရုပ်ကား(စက္ခု ၅-ပါး)နှင့် တူ၏။
ဘုရားရုပ်ရည်၊ လှမျိုးကြည်၊ ၂-လီ အခါထူး။ ။ မြတ်စွာဘုရား၏ ကိုယ်တော်ရုပ်ရည် အလွန်အမင်း လှပသန့်ရှင်း ကြည်လင်ထွန်းပသော အခါသမယ နှစ်ပါးကို ဆိုသည်၊ မဟာပရိနိဗ္ဗာန သုတ်မှ။
(၁) အတုမရှိ အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဥာဏ်ကို ရတော်မူသော ညဥ့်အခါနှင့်၊
(၂) အနုပါဒိသေသဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူသော ညဥ့်အခါတို့ဖြစ်၏။
ဘုရားရှင်တို့၏ ဓမ္မတာ ၃၀။ ။ ဘုရားရှင်တိုင်းပြုရိုးဖြစ်စဉ်သဘောတရား ၃၀-ဟူ၏၊ ပါဠိလိုမူ မဟာပဒါနသုတ်နှင့် ဗုဒ္ဓ၀င်အဋ္ဌကထာ၌ ယူပါ၊
ပစ္ဆိမဘ၀ိက သားဖြစ်သော အလောင်းတော်များသည် မယ်တော်ဝမ်းတွင်သာ ပဋိသန္ဓေနေရခြင်း၊
မယ်တော်ဝမ်း၌ တင်ပလ္လင်ခွေလျက် ရှေ့သို့မျက်နှာပြု နေတော်မူခြင်း၊
မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက်ဖွားမြင်ရခြင်း၊
တောအရပ်၌သာ ဖွားမြင်ရခြင်း၊
ဖွားသစ်စအခါ ဒသ ဒိသာကိုကြည့်လျက် မြောက်ဖက်သို့ ခုနစ်ဖ၀ါး လှမ်းပြီး သီဟနာဒသံဖြင့် ကြုံးဝါးတော်မူခြင်း၊
သူအို, နာ, သေ, ရဟန်း, လေးခန်းသောနိမိတ်ကိုမြင်ပြီး သားကြီးသြရသ တယောက်ရမှ တောထွက်တော်မူခြင်း၊
အရဟတ္တဓဇ ခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရ စရိယာကို အနည်းဆုံး ၇-ရက် ကျင့်ရခြင်း၊
ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော် မူရခြင်း၊
မြက်အခင်း ပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း၊
ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း ပရိကံ ပြုတော်မူခြင်း၊ (၁၀)
မာရ်စစ်သည်ကို အောင်တော်မူခြင်း၊
ဗောဓိပလ္လင်ထက်၌သာ ၀ိဇ္ဇာသုံးပါး အစထား၍ ဆအသာဓာရဏ စသည်ကျေးဇူး ဂုဏ်အထူးတို့ကို ရတော်မူခြင်း၊
ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ၄၉-ရက် နေတော်မူခြင်း၊
တရားဟောတော်မူရန် ဗြဟ္မာမင်းက တောင်းပန်ရခြင်း၊
ဣသိပတန မိဂဒါဝုန်၌သာ ဓမ္မစကြာ ဟောတော်မူခြင်း၊
တပို့တွဲလပြည့်၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက် ပြတော်မူခြင်း၊
ဇေတ၀န်ကျောင်းတော်၌သာ နိဗဒ္ဓ၀ါသ် ပြုတော်မူခြင်း၊
သာဝတ္ထိပြည် မြို့တံခါး၌ တန်ခိုး ပြာဋိဟာ ပြတော်မူခြင်း၊
တာဝတိံသာ၌သာ အဘိဓမ္မာ ဟောတော်မူခြင်း၊
သင်္ကဿနဂိုရ်ပြည် မြို့တံခါးသို့သာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်း၊ (၂၀)
ဖလသမာပတ်ကို မပြတ် ၀င်စားတော်မူခြင်း၊
နံနက်အခါ ညဥ့်အခါတို့၌ ဝေနေယျသတ္တ၀ါတို့ကို ကြည့်တော်မူခြင်း၊
အကြောင်းဝတ္ထုပေါ်လျှင် ၀ိနည်းဥပဒေကို ပညတ်တော်မူခြင်း၊
အတ္ထုပ္ပတ်ဖြစ်လတ်သော် ဇာတ်တရားတော်ကို ဟောကြားတော်မူခြင်း၊
ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ဗုဒ္ဓ၀င်တရားတော်ကို ဟောကြားခြင်း၊
အာဂန္တုရဟန်းတို့နှင့် ပဋိသန္ဓာရ ပြုတော်မူခြင်း၊
ဒါယကာတို့ ပင့်၍ ၀ါဆိုတော်မူသောအခါ ၀ါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှ ကြွသွားတော်မူခြင်း၊
အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း၊
ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း၊
ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်တို့ကို ၀င်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ဉပတော်မူခြင်း(၃၀)။
ဘုရားအပြား မျိုး ၃-ပါး။ ။ စရိယာပိဋက အဋ္ဌကထာ။ ၃၂၀။ သဗ္ဗညူ ခေါ် တရားအားလုံးကို ဆရာမရှိ ကုန်အောင်စုံ သိတော်မူသော ဘုရားကြီးမျိုး ၃-ပါး။
(၁) သဒ္ဓါဓိကဘုရား- သဒ္ဓါရှေ့ရှု၍ ဘုရားဉပလမ်းးစဉ်ကို ကျင့်သုံးလေ့လာတော်မူသည်၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၂) ပညာဓိကဘုရား- ပညာရှေ့ထား၍ ဘုရားဖြစ်ကြောင်း တရားတော်များကို ဖြည့်ကျင့်ဆည်းပူးသည်၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၃) ၀ီရိယာဓိကဘုရား- ၀ီရိယ လုံ့လကို ရှေ့ထား၍ ပါရမီတော်များကို ကြိုးစားအားထုတ်တော်မူသည်၊ ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏။
ဘုရား ၅-ဆူ။ ။ ဤကမ္ဘာ၌ ပွင့်တော်မူကြသော ဘုရားများဖြစ်သည်၊
၎င်းင်းကိုပင် အင်း အိုင် တို့၌ "သံ, ဂုံ, ပ, မ, အ" ဟုရေးသုံးကြကုန်၏။
(၁) ကကုသန်မြတ်စွာဘုရား၊
(၂) ကောဏာဂုံမြတ်စွာဘုရား၊
(၃) ကဿပမြတ်စွာဘုရား၊
(၄) ဂေါတမမြတ်စွာဘုရား၊
(၅) အရိမေတ္တေယျမြတ်စွာဘုရား။
ဘုရား ၇-ဆူ။ ။ ယခုလက်ရှိ နတ်ဗြဟ္မာတို့ မှီလိုက်သော ဘုရားရှင်များဖြစ်၍ ဘုရား ၇-ဆူဟု ခေါ်သည်။
"၀ိပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ။"
ဘုရား ၉-ဆူပူဇော်ပွဲ။ ။ ၎င်းင်း ပူဇော်ပွဲကား ဓမ္မပဒ အဋ္ဌကထာ ပ-အုပ် ၄၂၃။
အာယုဝဍ္ဎုန ကုမာရ ၀တ္ထုမှ စ,တင်ဖြစ်ပေါ်လာဟန်ရှိကြောင်း ပညာရှိများ ယူဆကြ၏၊ ယခုလူတို့ကား ဘုရားရှင်အမှူးထား၍ ရဟန္တာရှစ်ပါးနှင့်တကွ ဂြိုလ်ကြီး ၉-လုံးတို့ကို ပူဇော်ပသမှု လောကီရေးဘက်၌ ဉပကြသည်။
(၁) ဘုရားသခင်, အလယ်အရပ်၌ ဗောဓိပင်ကို ရည်စူး၍ထားသည်၊
(၂) ရှင်သာရိပုတ္တရာ, ဗုဒ္ဓဟူးသား၊ တောင်အရပ် လက်ျာဘက်က နေသည်၊
(၃) ရှင်မောဂ္ဂလာန်, သောကြာသား၊ မြောက်အရပ် လက်ဝဲဘက်က နေသည်၊
(၄) ရှင်ဥပါလိ, စနေသား၊ အနောက်တောင်အရပ်က နေသည်၊
(၅) ရှင်ရာဟုလာ, တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်က နေသည်၊
(၆) ရှင်အာနန္ဒာ, ကြာသပတေးသား၊ အနောက်မျက်နှာအရပ်က နေသည်၊
(၇) ရှင်ကောဏ္ဍည, တနင်းလာသား၊ အရှေ့အရပ်က နေသည်၊
(၈) ရှင်ရေ၀တ, အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်က နေသည်၊
(၉) ရှင်ဂ၀မ္ပတိ, ရာဟုသား၊ အနောက်မြောက်ထောင့်အရပ်က နေသည်။
ဘုရားဂုဏ်တော် ၉-ပါး။ ။ ဗုဒ္ဓနှင့်စပ်၍ ဂုဏ်တော်အနန္တရှိသော်လည်း ပိဋကတ်တော်၌ ထင်ရှား၍ လူအများ အသိအမှတ်ပြု ရှိခိုးကြသော ဂုဏ်တော် ၉-ပါး ဟူ၏။
(၁) အရဟံ ဂုဏ်တော်- လူ, နတ်, ဗြဟ္မာ, သတ္တ၀ါဟူသမျှတို့၏ ပူဇော်အထူးကို ခံထိုက်သော ဂုဏ်၊
(၂) သမ္မာ သမ္ဗုဒ္ဓ ဂုဏ်တော်-တရားအပေါင်းကို ကောင်းမှန်စွာသိတော်မူသောဂုဏ်၊
(၃) ၀ိဇ္ဇာ စရဏ သမ္ပန္န ဂုဏ်တော်-နိဗ္ဗာန်ရောက်ကြောင်း ၀ိဇ္ဇာစရဏ တရားအပေါင်းနှင့်ပြည့်စုံတော်မူသော ဂုဏ်၊
(၄) သုဂတ ဂုဏ်တော်-ကမ္ဘာသားတို့ ချမ်းသာရေးအတွက် ကောင်းစွာ ကြွလာခြင်း နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားတော်မူခြင်း ဂုဏ်၊
(၅) လောက၀ိဒူ ဂုဏ်တော်- လောကဓာတ် အနန္တ၌ ဖြစ်ရှိသမျှတို့ကို ကုန်အောင် စုံအောင် သိတော်မူသော ဂုဏ်၊
(၆) အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်- မယဉ်ကျေးသော လူကြမ်း, နတ်ဆိုး, တိရစ္ဆာန်အမျိုးမျိုးတို့ကို ယဉ်ကျေးလိမ်မာစေရာ၌ အတုမဲ့ဖြစ်သော ဂုဏ်၊
(၇) သတ္ထာ ဒေ၀ မနုဿာနံ ဂုဏ်တော်-လူ, နတ်, ဗြဟ္မာ, သတ္တ၀ါဟူသမျှတို့၏ဆရာဖြစ်တော်မူသော ဂုဏ်၊
(၈) ဗုဒ္ဓဂုဏ်တော်-သစ္စာလေးပါး အမှန်တရားတို့ကို သူတပါးတို့အား ကွဲပြားစွာ သိစေတော်မူတတ်သော ဂုဏ်၊
(၉) ဘဂ၀ါဂုဏ်တော်-သူမတူအောင် ဘုန်းတော်ရှင် ဖြစ်သော ဂုဏ်။
ဘုရားဂုဏ်တော် ၁၀-ပါး၊ တနည်း။ ။ ဂုဏ်တော် ဆယ်ပါးကို ယူရာ၌ အထက်ပါ ဂုဏ်တော်ကိုးပါးတွင် ၆-နံပါတ် ဂုဏ်တော်ကို
(၁) အနုတ္တရော အတုမရှိသော ဂုဏ်တော်၊
(၂) ပုရိသ ဒမ္မသာရထိ- ဆုံးမထိုက်သူကို ဆုံးမတတ်သော ဂုဏ်တော်ဟု နှစ်ခုခွဲလိုက်ခြင်းဖြင့် ဂုဏ်တော် ဆယ်ပါးဖြစ်၏၊ နည်းမျှသာ မှတ်ရာ၏၊ ဂုဏ်တော်ကိုးပါးဟုသာ ရှင်လူအများတို့ အသိအမှတ် ပြုကြသည်။
ဘုရားပွင့်ရာ၊ ၅-ကမ္ဘာ၊ ကျမ်းလာ မည်သို့ရှိ?။ ။ ၎င်းင်းသရုပ် (ကမ္ဘာအပြားမျိုး ၆-ပါး)၌ ရှုပါ။
ဘုရားရှင်ကိုယ်တော်တိုင် ခရီးဦးကြိုပြု၍ ချီးမြှောက်ခံရသူ ပုဂ္ဂိုလ်ထူးကြီး ၇-ယောက်။ ။ မူလပဏ္ဏာသ ။ဋ္ဌ။ ဒု-အုပ်။ ၄၂။
(၁) အရှင်မဟာကဿပထေရ်၊
(၂) မဟာကပ္ပိနထေရ်
(၃) အနုရုဒ္ဓါထေရ်၊
(၄) ကောဋိကဏ္ဏသောဏထေရ်၊
(၅) ၀န၀ါသိ တိဿ သာမဏေ၊
(၆) ရေ၀တ သာမဏေ၊
(၇) ပက္ကုသာတိမင်းကြီး။
ဘုရားလောင်းစစ် ဖြစ်ထိုက်သူ၏ အင်္ဂါ ၈-ပါး။ ။ ၎င်းင်း သရုပ်အကျယ်ကို (ဗျာဒိတ်ရ
ကြောင်း အင်္ဂါ ၈-ပါး)၌ ကြည့်ပါ။
ဘုရားသခင်အား အန္တရာယ် မပြုနိုင်ခြင်း ၄-ပါး။ ။ ၀ိနည်း ပါရာဇိကဏ်။ဋ္ဌ။ ပ-အုပ်။ ၁၄၇-၌၊ အကျယ်ရှု။
(၁) မြတ်စွာဘုရားတို့အား ရည်မှတ်၍ ဆောင်ယူလာသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၂) ဘုရားရှင်တို့၏ အသက်တော်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၃) ဘုရားရှင်တို့၏ လက္ခဏာတော် ကြီး-ငယ်တို့ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၄) မြတ်စွာဘုရားသခင်တို့၏ သဗ္ဗညုတဥာဏ်တော်ကို မည်သူမျှ အန္တရာယ်မဉပနိုင်ချေ။
မှတ်ချက်။ ။ ဗုဒ္ဓ၀င် အဋ္ဌကထာ၌ အထက်ပါ ၁။ ၂။ ၃။ တို့နှင့် အရတူ ကောက်ယူလျက်၊ ၄-အချက်၌
မြတ်စွာဘုရားသခင်တို့၏ ရောင်ခြည်တော်တို့ကို မည်သူမျှ လွှမ်းမိုး မှေးမှိန်အောင် အန္တရာယ်
မပြုနိုင်ချေ ဟု ပါရှိသည်။
ဘုရားသခင်၏ ခြေတော်ရာ ၃-ဆူ။ ။ ၎င်းင်း သရုပ်ကို (စေတီပါဒ ၃-ဌာန)၌ ရှုပါ။
ဘုန်းတော် ၆-ပါး၊ မြတ်ဘုရား၊ ထင်ရှား ဘ၀ဂ်တုန်။ ။ ဗုဒ္ဓဘုရားရှင်၏အတွက် သက်သက်ဖြစ်သော ဘုန်းတော်များ။
(၁) ဣဿရိယ ဘုန်းတော်- ကိုယ်တော်ကို အဏုမြူပမာဏ, သို့မဟုတ် စကြ၀ဠာပြည့်အောင် စသည်ဖန်ဆင်းတော်မူနိုင်ခြင်း၊
(၂) ဓမ္မ ဘုန်းတော်- ပညာ ဥာဏ် ကြီးခြင်း၊
(၃) ယသ ဘုန်းတော်- အခြံအရံ များခြင်း, ကျော်စောခြင်း၊
(၄) သီရိ ဘုန်းတော်- ကျက်သရေ မင်္ဂလာ အဖြာဖြာတို့ဖြင့် တင့်တယ်တော်မူခြင်း၊
(၅) ကာမ ဘုန်းတော်- ကိုယ်တော်မြတ်၏ အလိုတော် ခပ်သိမ်းကို ပြီးငြိမ်းစေနိုင်၊
(၆) ပယတ္တ ဘုန်းတော်- အား, လုံ့လတော်နှင့်ပြီး ပြည့်စုံတော်မူခြင်း။
ဘုံ ၃-ပါး။ ။ သတ္တ၀ါတို့၏ ကျင်လည်ရာဖြစ်သော ဘုံ ၃၁-၏ အကျဉ်း ၃-ပါး၊
ကာမဘုံ, ရူပဘုံ, အရူပဘုံကို ခေါ်သည်။
တနည်း၊ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ ဟူ၏။
ဘုံ ၄-ပါး။ ။ ချမ်းသာ, ဆင်းရဲ, လုပ်ငန်းစဉ် ဥာဏ်အမြင်ကို စွဲ၍ ၄-မျိုးကွဲသည်။
(၁) သုခ ဘုံ- နတ်ဘုံ, ဗြဟ္မာဘုံ, နိဗ္ဗာန်တို့သည် ချမ်းသာတို့ဖြင့် ထုံမွမ်းအပ်လေသောကြောင့် သုခဘုံမည်၏၊
(၂) ပဋိဝေဓ ဥာဏဘုံ- ဗုဒ္ဓဘုံ, သာဝကဘုံတို့သည် တရားထူး တရားမြတ်တို့ကို ထိုးထွင်း၍ သိရာဖြစ်သောကြောင့် ပဋိဝေဓဥာဏဘုံ မည်၏၊
(၃) ကမ္မ ဘုံ- လူ့ဘုံသည် ဥာဏ်နှင့် ၀ီရိယ, ယှဉ်တွဲကာ ကောင်းမှု, မကောင်းမှုခေါ် ကိစ္စလုပ်ငန်း အ၀၀တို့ဖြင့် ရှုပ်ထွေးပွေလီ၍ နေသောကြောင့် ကမ္မဘုံ မည်၏၊
(၄) ဒုက္ခ ဘုံ- ဒုဂ္ဂတိသား အပါယ်သားတို့ကား ဆင်းရဲခြင်းများနှင့်သာ အချိန်ကုန်ကြရသောကြောင့် ဒုက္ခဘုံမည်၏။
ဘုံ ၃၁။ ။
ကာမ ၁၁-ဘုံ၊
ရူပ ၁၆-ဘုံ၊
အရူပ ၄-ဘုံ၊
ပေါင်း ၃၁-ဘုံဖြစ်၏။
ဘုံစဉ်စံ ၇-ဦး။ ။ သာသနာတော်ကျမ်းတို့၌ ထင်ရှားသော သံသရာစံသူ ၇-ယောက်ဟူလို။
(၁) အနာထပိဏ် ကျောင်းဒကာ၊
(၂) ၀ိသာခါ ကျောင်း အမ၊
(၃) ဂန္ဓမာ နတ်သား၊
(၄) နာဂဒတ္တ၊
(၅) မဟာဣန္ဒာ၊
(၇) နေက၀ဏ္ဏ။
မှတ်ချက်။ ။ ၁-၂-တို့ကား ထင်ရှား၏၊ ၃-၄-၅-၆-၇-ပုဂ္ဂိုလ်တို့ကား အတွေ့အကြုံ အပြော အဟော နည်းပါးသည်၊ စာပေကို လိုက်စားရှာဖွေ လေ့လာရာသည်၊ ပိဋကတော် အနှံ့ရှာဖွေစေလို၍ ကျမ်းညွှန်းမှု မပြုဟု မှတ်ရာသည်။
ဘုံလျှိုမျိုး ၅-ပါး။ ။ ရဟန်းတော်များခင်းအိပ်ရန် ခွင့်ဉပထားသော ဖုံမျိုး ၅-ပါး။ ၀ိနည်းစူဠ၀ါ ။ပါ။ ၂၉၅။ဋ္ဌ။၆၀။ (၁) ဥဏ္ဏာဘိသိ-သားမွေးဖြင့်ပြုအပ်သော ဘုံလျှို။
(၂) စောဠ ဘိသိ-ပုဆိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၃) ၀ါက ဘိသိ- လျှော်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။
(၄) တိဏ ဘိသိ- မြက်မျိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၅) ပဏ္ဏ ဘိသိ- သစ်ရွက်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။
« ဘူ »
ဘူတရုပ် ၄-ပါး။ ။ ၎င်းင်း၏ သရုပ် အဓိပ္ပါယ်ကို (ရုပ်တရား ၂၈-ပါး)၌ကြည့်ပါ။
ဘူမဋ္ဌ ၇-ဘုံ။ ။ အပါယ် ၄-ဘုံ, လူ့ဘုံ, စတုမဟာရာဇ်ဘုံ, တာဝတိံသာဘုံတို့ကား မြေပြင်၌ တည်နေကြသောကြောင့် ဘူမဋ္ဌဘုံ မည်၏။
« ဘေ »
ဘေဒဥပါယ်၊ နည်း ၃-သွယ်၊ ကျမ်းဝယ် ဘယ်သို့နည်း?။ ။ အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်၌ ဤသို့ဆိုသည်။
(၁) ချစ်ခြင်းကို ကွဲပြားပျက်စီးအောင်ပြုခြင်း၊
(၂) လက်နက်ဗိုလ်ပါ အင်အားပြ၍ လွှမ်းမိုးခြင်း၊
(၃) နှုတ်စကား, စာများဖြင့် ခြိမ်းချောက်ခြင်း။
ဘေးကြီး ၂၅-ပါး။ ။ အဘိဓမ္မာ သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ။ ၄၇၇။ ၄၈၄။၄၈၇။ ပဉ္စပကြိုဏ်။ဋ္ဌ။ ၃၆။မိလိန္ဒပဥှာ။ပါ။၁၉၄-တို့၌ လာရှိသည်၊ ၂၅-ပါးသော ဘေးဘျမ်းမျိုး၊ များသောအားဖြင့် ကျေးဇူးရှင်ဆယ်ပါးကို ပြစ်မှားသူတို့ ခံရတတ်သည်၊
ဆွေမျိုးတို့၏ပျက်စီးသောဘေး၊
ရောဂါ ဝေဒနာ နှိပ်စက်ခြင်းဘေး၊
ဥစ္စာ ပျက်စီးခြင်း ဘေး၊
သီလပျက်စီးခြင်းဘေး၊
အယူပျက်စီးခြင်းဘေး၊
မင်း ဘေး၊
ခိုးသူ ဘေး၊
ရန်သူ ဘေး၊
ငတ်မွတ်သော ဘေး၊
မီး ဘေး၊ (၁၀)
ရေ ဘေး၊
လှိုင်းတံပိုး ဘေး၊
ရေ၀ဲ ဘေး၊
မိကျောင်း ဘေး၊
မကာရ်း ငါးရဲ ဘေး၊
မိမိကိုယ်ကို နောင်တ ပူပန်ခြင်း ဘေး၊
သူတထူး စွပ်စွဲခြင်း ဘေး၊
နှုတ်ဒဏ် လက်ဒဏ် ကြေးဒဏ် သင့်သော ဘေး၊
မကောင်းသော အဖြစ်သို့ လားရာသော ဘေး၊
ပရိသတ်အလယ်၌ ရှက်ရွံ့သော ဘေး၊ (၂၀)
သူတပါးကို အမှီပြု၍ အသက်မွေးရသော ဘေး၊
ပဋိသန္ဓေ နေရခြင်း ဘေး၊
အိုရခြင်း ဘေး၊
နာရခြင်း ဘေး၊
သေရခြင်း ဘေး၊ (၂၅)။
« ဘော »
ဘောဇဉ်၏ ဂုဏ်ကျေးဇူး ၅-ပါး။ ။ ထမင်းစသည်၏ ကျေးဇူးဂုဏ်အကျိုး ၅-ပါး။
(၁) အသက်ရှင်စေခြင်း၊
(၂) အဆင်းလှစေခြင်း၊
(၃) အားတိုးပွားစေခြင်း၊
(၄) ပူပန်ခြင်းကို ငြိမ်းစေခြင်း၊
(၅) ဆာလောင်ခြင်းကို ပယ်ဖျောက်ခြင်း။
ဘောဇဉ်မျိုး ၅-ပါး။ ။ ၀ိနည်းပါစိတ်။ ပါ။ ၁၁၁။ဋ္ဌ။၈၉။ ရဟန်းတော်များအတွက် စားဘွယ်ဟု ပညတ်သော အရာငါးပါး။
(၁) ထမင်း၊
(၂) မုယောမုံ့၊
(၃) မုံ့လုံး၊
(၄) ငါး၊
(၅) အမဲ။
« ဘွား »
ဘွားဘက်တော် ၇-ယောက်။ ။ သိဒ္ဓတ္ထအလောင်းတော်နှင့် အတူမွေးဖွားဖြစ်ပေါ်ဘက်၊
အာနန္ဒာ, ဗောဓိပင်, ကာလုဒါယီအမတ်, ယသောဓရာ, ဆန္န အမတ်, ရွှေအိုးကြီး ၄-လုံး, ကဏ္ဍကမြင်း။
« ဘွဲ့ »
ဘွဲ့ထူးဂုဏ်ရည် ၁၁-မျိုး။ ။ ဘွဲ့ထူးဂုဏ်မည်နှင့် စပ်၍ ပုဂံဝန်ထောက်ဦးတင်ထံ မေးမြန်းရာ (၁၅-၄-၄၁) နေ့စွဲနှင့် အောက်ပါအတိုင်း အဖြေပေးလိုက်သည်၊ ဗဟုသုတအတွက် မူရင်းအတိုင်း ဖေါ်ပြလိုက်၏၊ ဘွဲ့၏ အကြောင်းကို စုံလင်စွာ ပြဆိုအံ့၊ ညီတော် သားတော် ဖြစ်သော အိမ်ရှေ့မင်း, မင်းသားကြီး, မင်းသားလတ်, မြင်းမှူး မင်းသားမှ တပါး အဂ္ဂမဟာသေနာပတိ ၀န့်ရှင်တော်မင်းကြီးကစ၍ မှူးတော် မတ်တော်တို့အား ပေးတော်မူသော ဘွဲ့အနိမ့် အမြင့် အဆင့်ဆင့်ရှိသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အမြင့်ဆုံး သတိုးဘွဲ့-သတိုးသုဓမ္မာ မဟာသက်တော်ရှည် စသည်၊
(၂) ၎င်းင်းအောက် မင်းကြီးဘွဲ့- မင်းကြီးဇေယျဂါမဏိ စသည်၊
(၃) ၎င်းင်းအောက် မဟာဘွဲ့- မဟာ မင်းထင်ရာဇကျော် စသည်၊
(၄) ၎င်းင်းအောက် မင်း ၃-ထပ်ဘွဲ့- မင်းမဟာ မင်းထင် မင်းခေါင် စသည်၊
(၅) ၎င်းင်းအောက် မင်း ၂-ထပ်ဘွဲ့- မင်းထင်မင်းလှသင်္ခယာ စသည်၊
(၆) ၎င်းင်းအောက် မင်း တပ်ဘွဲ့-မင်းထင်ကျော်သူ စသည်၊
(၇) ၎င်းင်းအောက် နေမျိုးမင်းတပ်ဘွဲ့-နေမျိုးမင်းထင်သိင်္ခသူ စသည်၊
(၈) ၎င်းင်းအောက် နေမျိုးဘွဲ့-နေမျိုးသိဒ္ဓိရာဇာ စသည်၊
(၉) ၎င်းင်းအောက် နော်ရထာဘွဲ့-စည်သူနော်ရထာ, လက်ဝဲနော်ရထာ စသည်၊
(၁၀) ၎င်းင်းအောက် ရွှေတောင်ဘွဲ့- နရာရွှေတောင် စသည်၊
(၁၁) အနိမ့်ဆုံး အမည်ပျောက်ဘွဲ့- ပျံချီရာဇာ, ရဲထွဋ်ပျံတင်, ရန်အောင်စက်, စက္ကပျံချီ, လက်ဝဲသုန္ဒရ စသည်။